Pages

Friday, September 9, 2016

သူတော်ကောင်းတို့ ပွားများသော ကုသိုလ်ဆယ်ပါး

Image may contain: indoor

၁။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထဲမှ အချို့ကို တပါးသူအား ပေးကမ်းလှူဒါန်းသော ဒါနကုသိုလ်။
၂။ မကောင်းသောအကျင့်တို့ကို ရှောင်ကျဉ်သော သီလကုသိုလ်။
၃။ မိမိကိုးကွယ်ရာ ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းခြင်း၊ မေတ္တာပွားခြင်း၊ မတည်မြဲသော ဖြစ်ပျက်တို့ကို ရှုမှတ်ခြင်း အစရှိသော ဘာဝနာကုသိုလ်။
၎။ ရိုသေလေးစားထိုက်သူတို့အား ရှိခိုးဂါဝရပြုသည့် အပစာယနကုသိုလ်။
၅။ သူတပါး၏ လုပ်ငန်း၊ အလှူ၊ မိဘဖိုးဖွားဆရာသမားတို့၏ ကိစ္စရပ်များတွင် စေတနာထား လုပ်ကိုင်ပေးသည့် ဝေယျာဝစ္စကုသိုလ်။
၆။ မိမိပြုလုပ်ခဲ့သည့် အလှူ၊ စောင့်တည်ခဲ့သည့်သီလ၊ အားထုတ်ကျင့်ကြံခဲ့သည့်ဘာဝနာ စသည့်ကောင်းမှုတွေကို မိမိရသလို တပါးသူလဲ ထပ်တူရနိုင်ပါစေဆိုပြီး ပေးဝေမျှသည့် ပတ္တိဒါနကုသိုလ်။

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူ

No automatic alt text available.
ဒီနေ့ခေါင်းစဉ်ကိုဖတ်ပြီး ကျွန်တော်များတွေးရလွန်းလို့ ရူးသွားပြီလားထင်တဲ့သူရှိမယ်ထင်ပါတယ်
စိတ်မပူပါနဲ့ ကျွန်တော်အကောင်းကြီးရှိပါသေးတယ်
ပြီးအောင်ဖတ်ပေးပါဗျ
.

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူတစ်ယောက်ရှိရင်တော့

အဲ့ဒီလူကို ကျွန်တော်တို့က “အရူး” လို့ခေါ်ကျတယ်
.
ဒါဆိုရင် ….
ကိုယ်ကချမ်းသာမှုကိုလိုချင်တယ်
အလုပ်ကောင်းကောင်းကိုလိုချင်တယ်
တိုးတက်မှုကိုလိုချင်တယ်
ရည်မှန်းချက်အိပ်မက်ရှိတယ်
ပန်းတိုင်ကြီးကြီးမားမားရှိတယ်
.
ဒါပေမဲ့ ..ဒီနေ့ ကျွန်တော်တို့
ဇာတ်လမ်းတွဲတွေပဲထိုင်ကြည့်နေတယ်…ပြီးတော့ဗဟုသုတမရှိဘူးလို့ညည်းနေမယ်