Friday, September 12, 2014

MPT ကြိုတင်ငွေဖြည့်ကတ် ၆၀ရာခိုင်နှုန်းအထိ အပိုပေးမည်

Written by  စချိုကို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ်များအတွက် ကြိုတင်ငွေဖြည့်ကတ် ငါးထောင်ထည့်လျှင် ၄၀ ရာခိုင်နှုန်း ကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

MPT 2
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေသည်ကို စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်။  (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ

အခြေခံပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ငါးနှစ်နှင့်မလုံလောက် ၁၃ နှစ်ခန့် ကြာမည်ဟု သမ္မတ မှတ်ချက်ပြု

Written by  ၀င်းကိုကိုလတ်

နေပြည်တော် (မဇ္ဈိမ)။ ။ အခြေခံပညာကဏ္ဍ၏ ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အမျိုးသားပညာရေးဥပဒေကြမ်းကို ဥပဒေအဖြစ် မပြဋ္ဌာန်းမီတည်ရှိသော ကျောင်းအားလုံးသည် ဥပဒေအာဏာတည်သည့်နေ့မှစ၍ ငါးနှစ်အတွင်းဆောင် ရွက်ပြီးဖြစ်ရမည်အစား ၁၃ နှစ်ခန့် ကြာမည်ဟု သမ္မတဦးသိန်းစိန်ကမှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန် လည်ပေးပို့ခဲ့သည်။
Schoo-1
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ဆင်ဇလုပ်ကျေးရွာရှိ မူလတန်းလွန် ကိုယ်ထူကိုယ်ထကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အမျိုးသားပညာရေး ဥပဒေကြမ်းအခန်း ၁၃ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များတွင် ပြည်ထောင်စုလွှတ်တော်က ငါးနှစ်အတွင်း ကူးပြောင်းရေးဆောင်ရွက်မည်ဆိုသည်ကို “ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အ ခြေခံပညာကဏ္ဍတွင် ဥပဒေကြမ်း၏ အပိုဒ် ၁၆၊ အပိုဒ်ခွဲ(က)ပါ ဖော်ပြချက်အရ ငါးနှစ်အတွင်း ပြီးပြည့်စုံ သည်အထိ ဖော်ဆောင်နိုင်မည်ဟု မဟုတ်ဟု ပေးပို့ခဲ့သည်။
သုံးခွမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က သမ္မတမှတ်ချက်အတိုင်း

ပယ်လီဂရီနီလက်အောက်မှ မန်စီးတီးလူငယ်ကစားသမားများအတွက် ရစ်ချတ်စိုးရိမ်

Written by  ဝေဘုန်းလူ

ဖီအိုရင်တီနားသို့အငှားသွားရောက်ကစားနေသော မီကာရစ်ချက်က မန်စီးတီးနည်းပြပယ်လီဂရီနီသည် ၎င်းအားအခွင့်အရေးလုံးဝမပေးခဲ့ ကြောင်းနှင့်ယင်းနည်းပြ လက်အောက်တွင် မန်စီးတီးလူငယ်ကစားသမားများအတွက်စိုးရိမ်မိကြောင်း ပြောသည်။
1410446649771 wps 2 epa04395681 New player of
မီကာရစ်ချတ်သည် အင်္ဂလန်နောက်တန်းတွင်ဂယ်ရီနဗီးလ်နေရာဆက်ခံမည့်သူဟုသတ်မှတ်ခံခဲ့ရသော်လည်းဒဏ်ရာပြဿနာများကြောင့် ထင်ထားသည်ကဲ့သို့ ဖြစ် လာခဲ့ခြင်းမရှိသူဖြစ်သည်။ မန်စီးတီးအသင်းတွင်လည်း ညာနောက်ခံနေရာတွင်ပါဘလိုဇာဘလက်တာရှိနေသော ကြောင့် နေရာပျောက်ဆုံးခဲ့ရသည်။
ပြီးခဲ့သည့်ရာသီကအသင်းသို့နည်းပြပယ်လီဂရီနီရောက်လာပြီးနောက်ရစ်ချတ်သည်ပွဲထွက်ကစားခွင့်လွန်စွာ

မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကို ပြည်သူအကျိုးပြုကာ လူမှုရေးတာဝန်ကျေအောင် လမ်းညွှန်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးပြော

Written by  တင်ဇာအောင်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်ရှိသော တရုတ်ကုမ္ပဏီများကို ပြည်သူအကျိုးပြုပြီး လူမှုရေး တာဝန်ကျေအောင် ဆောင်ရွက်ရန် လမ်းညွှန်မည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဝမ်ကျားလွေ့က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

မစ္စတာ ၀မ်ကျားလွေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
Wan-ker-loy
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ (တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး) မစ္စတာ ဝမ်ကျားလွေ့ တို့နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့၏ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ၁၀၁၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက် ညပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ (တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး) မစ္စတာ ဝမ်ကျားလွေက လူမှုရေးတာဝန်ကျေအောင် လမ်းညွှန်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
မစ္စတာ ဝမ်ကျားလွေ့သည် သူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံနေသည့် တရုတ်ကုမ္ပဏီများနှင့်

ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကြိုအထောက်အကူပြုအချက်အလက်များ

Written by 

man-utd-qpr
မန်ယူ - ကျူပီအာ
မန်ယူအသင်းသည် ကျူပီအာအသင်းနှင့် ပရီးမီးယားလိဂ်တွင် ၁၂ ကြိမ် တွေ့ဆုံထားရာ၌တစ်ကြိမ်မှ မရှုံးနိမ့်ထားဘဲ ၁၀ ကြိမ်အထိ အနိုင်ရ ရှိထားသည်။
Man-Utd-vs-QPR-Live-online-stream-saturay
ကျူပီအာအသင်းသည် ၁၉၉၂ ခုနှစ်က မန်ယူအသင်းနှင့် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ရစဉ်ကတည်းက တစ်ပွဲမှဂိုး မပေးရအောင်
စွမ်းဆောင်ထားနိုင်ခြင်းမရှိပေ။
ကျူပီအာအသင်းသည် မန်ယူအသင်း၏ အိမ်ကွင်းတွင် လာရောက်ကစားဖူးသည့် အဝေးကွင်း၂၁ပွဲ၌ တစ်ပွဲသာ အနိုင်ရရှိထားပြီး ၁၉၉၂ ခု နှစ် ဇန်န၀ါရီလက ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ရာသီအစသုံးပွဲတွင် ရမှတ် ၂ မှတ်သာရရှိထားပြီး ၂၀၀၇-၀၈ရာသီပြီးနောက်