Friday, September 9, 2016

သူတော်ကောင်းတို့ ပွားများသော ကုသိုလ်ဆယ်ပါး

Image may contain: indoor

၁။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထဲမှ အချို့ကို တပါးသူအား ပေးကမ်းလှူဒါန်းသော ဒါနကုသိုလ်။
၂။ မကောင်းသောအကျင့်တို့ကို ရှောင်ကျဉ်သော သီလကုသိုလ်။
၃။ မိမိကိုးကွယ်ရာ ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းခြင်း၊ မေတ္တာပွားခြင်း၊ မတည်မြဲသော ဖြစ်ပျက်တို့ကို ရှုမှတ်ခြင်း အစရှိသော ဘာဝနာကုသိုလ်။
၎။ ရိုသေလေးစားထိုက်သူတို့အား ရှိခိုးဂါဝရပြုသည့် အပစာယနကုသိုလ်။
၅။ သူတပါး၏ လုပ်ငန်း၊ အလှူ၊ မိဘဖိုးဖွားဆရာသမားတို့၏ ကိစ္စရပ်များတွင် စေတနာထား လုပ်ကိုင်ပေးသည့် ဝေယျာဝစ္စကုသိုလ်။
၆။ မိမိပြုလုပ်ခဲ့သည့် အလှူ၊ စောင့်တည်ခဲ့သည့်သီလ၊ အားထုတ်ကျင့်ကြံခဲ့သည့်ဘာဝနာ စသည့်ကောင်းမှုတွေကို မိမိရသလို တပါးသူလဲ ထပ်တူရနိုင်ပါစေဆိုပြီး ပေးဝေမျှသည့် ပတ္တိဒါနကုသိုလ်။

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူ

No automatic alt text available.
ဒီနေ့ခေါင်းစဉ်ကိုဖတ်ပြီး ကျွန်တော်များတွေးရလွန်းလို့ ရူးသွားပြီလားထင်တဲ့သူရှိမယ်ထင်ပါတယ်
စိတ်မပူပါနဲ့ ကျွန်တော်အကောင်းကြီးရှိပါသေးတယ်
ပြီးအောင်ဖတ်ပေးပါဗျ
.

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူတစ်ယောက်ရှိရင်တော့

အဲ့ဒီလူကို ကျွန်တော်တို့က “အရူး” လို့ခေါ်ကျတယ်
.
ဒါဆိုရင် ….
ကိုယ်ကချမ်းသာမှုကိုလိုချင်တယ်
အလုပ်ကောင်းကောင်းကိုလိုချင်တယ်
တိုးတက်မှုကိုလိုချင်တယ်
ရည်မှန်းချက်အိပ်မက်ရှိတယ်
ပန်းတိုင်ကြီးကြီးမားမားရှိတယ်
.
ဒါပေမဲ့ ..ဒီနေ့ ကျွန်တော်တို့
ဇာတ်လမ်းတွဲတွေပဲထိုင်ကြည့်နေတယ်…ပြီးတော့ဗဟုသုတမရှိဘူးလို့ညည်းနေမယ်

Friday, June 26, 2015

မျက်လုံး ကျန်မားရေးအတွက် ဘာတွေ စားသင့်သလဲ


နေ့စဉ် ကွန်ပျူတာ အမြဲကြည့်နေရတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရောဂါကြောင့် မျက်လုံး ကျန်မာရေး မကောင်းတာပဲ ဖြစ်ဖြစ် နေ့စဉ် မဟုတ်တောင် ဂရုစိုက် စားပေးသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -
(၁) မုန်လာဥ အနီ စားရပါမယ်။

မိန်းကလေး အများစု သတိမထားမိသည့် အမှားများ


မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။
(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု

Thursday, June 25, 2015

Breaking News


-
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး မဲခွဲမှု ရှုံးနိမ့်
-----------------------------------------------------------
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင်း ယနေ့ မဲခွဲခဲ့သော်လည်း ထောက်ခံ ၇၅ ရာခိုင်နှုန်းမရရှိဘဲ ရှုံးနိမ့်သွား၍ မူလအတိုင်းသာ ဆက်လက်ထားရှိရတော့မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲပေးသူ ၅၈၃ ယောက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံမဲ ၃၈၈ သာရရှိသဖြင့် ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိတော့ပေ။
ပုဒ်မ ၅၉ (စ) အတွက် မဲခွဲရာတွင်မူ မဲပေးခွင့်ရှိသူ ၅၈၃ တွင် ပြင်ဆင်ရေး ထောက်ခံသူ ၃၇၁ သာရှိပြီး လိုအပ်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမရ၍ ယင်းအဆိုလည်း ရှုံးနိမ့်သွားခဲ့ရသည်။
The Irrawaddy (Burmese Version)