Friday, October 31, 2014
လိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ်
ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်
ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက
သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့
ဒီကနေ့ သူတို့ကို
သွားတွေ့ခဲ့တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က
ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
သံသယရှိသူ ၂
ဦးဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း တရားခံတွေမဟုတ်ဘဲ
အပြစ်ကင်းသူတွေ ဖြစ်နေတဲ့အတွက် သူ့တို့ကို သံခြေချင်းဖြုတ်ပေးဖို့
လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ရှေ့နေတွေက အောက်တိုဘာ ၂၂ ရက်နေ့မှာ
အကျဉ်းထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။
DVB
No comments:
Post a Comment