ယမန်နေ့က
ရီးရဲလ်မက်ဒရစ်ဘက်သို့ သွင်းယူခဲ့သောဂိုးမှာ ဘာကာအတွက် မိမိ၏
အရေးအပါဆုံးဂိုးဖြစ်သည်ဟု လူးဝစ်ဆွာရက်ဇ်ကပြောကြားလိုက်သည်။ အဆိုပါပွဲစဉ်
၅၆ မိနစ်တွင် ဆွာရက်ဇ်သွင်းယူခဲ့ သော ဂိုးမှာ ပွဲအတွက် အဆုံးအဖြတ်နှင့်
ဘာကာအတွက် အနိုင်ဂိုးဖြစ်သွားသည်။
‘‘အခုအချိန်မှာတော့ အဲဒီ ဂိုးဟာ ကျွန်တော်အသင်းအတွက်သွင်းခဲ့သမျှထဲမှာ
အရေးအပါဆုံး ဂိုးဖြစ်ပါ
တယ်။ ပြိုင်ဘက်ကြောင့်လည်း ပိုပြီး
အရေးပါသွားပါတယ်’’ဟု ဆွာရက်ဇ်ကပြောကြားပြီး အသင်းမှာ အလွန်
ပျော်ရွှင်နေသည်ဟုပြောသည်။
ဘာစီလိုနာနည်းပြ လူးဝစ် အင်းနရစ်ကလည်း ဆွာရက်ဇ်မှာ လီဗာပူးမှ ပေါင် ၈၈သန်းဖြင့် ခေါ်ယူခဲ့မှုနှင့် ထိုက်တန်ကြောင်း ပြောသည်။
‘‘ဆွာရက်ဇ်က အလွန်အဆင့်အတန်းမြင့်မြင့်ကစားသွားတယ်။ တခြားလူအနည်းငယ်သာ
သွင်းယူနိုင်တဲ့ ဂိုးမျိုး သွင်းသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့
ထိုက်တန်တဲ့ ငွေကြေးမျိုးပေးခဲ့တာပါ’’ဟု အင်းနရစ်က ပွဲအပြီး
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဘာကာကွင်းလယ်လူ အီဗန်ရာကီတစ်ကမူ မိမိတို့အသင်းမှာ မည်သည့်ဖလားမှ
မရသေးကြောင်း အသင်း ဖော်များအား သတိပေးလိုက်ပြီး ရီးရဲလ်ကို နိုင်ခဲ့၍
မျောမသွားကြရန် ပြောကြားကာ ရှေ့ဆက်လုပ်စရာများစွာ ကျန်သေးသည်ဟု
သတိပေးခဲ့သည်။
No comments:
Post a Comment