Wednesday, December 14, 2016
မြစ်ကြီးနားတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့် တိုက်ခိုက်လုယက်သူ လေးဦး ဖမ်းဆီးမိ
Wednesday, December 14, 2016
မြစ်ကြီးနားမြို့ မနော ကွင်းအနီးတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်သွားသူလေးဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို အမျိုးသား လေးဦးက ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှု ဒီ ဇင်ဘာ ၅ ရက်ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဓားဖြင့် အခုတ်ခံ ရသူ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သူကို ၇ ရက်အ ကြာ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည် နယ်ရဲတ
Tuesday, December 13, 2016
မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံ Dave Leduc တို့စုံတွဲ မြန်မာ့ ထုံးတမ်းဖြင့် လက်ထပ်ထိမ်းမြား
------ ------ ------ ------ ------
ဒီဇင်ဘာ ၁၁ ရက်နေ့က မြန်မာပြည်အလွတ်တန်းချန်ပီယံနှင့် ၇၅ ကီလိုတန်း ကမ္ဘာ့ချန်ပီယံ ထွန်းထွန်းမင်းကို တတိယအချီတွင် အလဲထိုး အနိုင်ယူပြီး မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကနေဒါနိုင်ငံသား Dave Leduc နှင့် ချစ်သူ Irina Terehova တို့၏ မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီပြုလုပ်သော မင်္ဂလာပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပသည်။ ဒေ့ဗ်၏မင်္ဂလာပွဲကို မြန်မာမီဒီယာဂရုမှ ဦးဝဏ္ဏက စီစဉ်ပေးခြင်းဖြစ်ပြီး ပွဲစီစဉ်ဖြစ်ပုံကို ၎င်းက ယခုကဲ့သို့ရှင်းပြသည်။
“သူတို့နှစ်ယောက်က ကျွန်တော့်ကို အဖေလို့ ခေါ်တယ်ပေါ့နော်။ မြန်မာယဉ်ကျေးမှုကို သူတို့ တော်တော်ချစ်မြတ်နိုးပါတယ်။ မြန်မာလို မင်္ဂလာဆောင်ချင်တယ်ပြောတော့ ကျွန်တော်က ဒီဇင်ဘာပွဲမှာ မင်းနိုင်အောင်ထိုး နိုင်ရင် မင်္ဂလာဆောင်ပေးမယ်လို့ ပြောခဲ့တယ်။ တကယ်ပဲ သူနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ကတိအတိုင်း မင်္ဂလာဆောင်ပေးခဲ့တာပါ။ အမှန်တော့ နိုင်နိုင်ရှုံးရှုံး မင်္ဂလာဆောင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဖိတ်စာတွေကအစ ကြိုပြီးရိုက်ထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အခြေချဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ မြန်မာလိုလည်း ၀တ်ကြတယ်။ မြန်မာ
KIAအဖွဲ့မှစီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေး ငွေများ ကောက်ခံ
12-12-2016
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ထံမှ ရိက္ခာဆန်များ ၀ယ်ယူနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ KIA အဖွဲ့မှ အမာခံများမှတစ်ဆင့် ဆက်ကြေးငွေများအား လိုက်လံကောက်ခံလျက်ရှိကြောင်း ယင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
“ဟုတ်ပါတယ်၊ သူတို့အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့လို ကျောက်လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေဆီက ဆက်ကြေးငွေတွေကို လိုက်လံကောက်ခံနေကြပါတယ်၊ ဆက်ကြေးငွေကောက်ခံတဲ့အခါမှာလည်း သူတို့အဖွဲ့က အရင်ကထက် အများကြီးပိုတောင်းလာတယ်၊ အရင်တုန်းကတော့ ကျွန်တော်တို့ ကျောက်လုပ်တဲ့ သူတွေကတစ်ဦးကို ၁၀ သိန်းပဲ ပေးရတယ်၊ အခု သိန်း ၃၀ တောင် ပေးလိုက်ရတယ်၊ ကျွန်တော်တို့အပြင် တခြားလုပ်ငန်းရှင်တွေဆီကိုလည်း လိုက်ကော
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း တို့တက်ရောက်ကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang၊
Subscribe to:
Posts (Atom)








