
29 july 2014
ဂါဇာမှာ လွန်ခဲ့တဲ့ သုံးပတ်က အစ္စရေးတို့ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးအဖြစ် ပြီးခဲ့တဲ့ညက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်က ဟားမားစ်တို့ကို ပိုမိုပြင်းထန်တဲ့ ထိုးစစ်တွေ ဆက်လက် ပြုလုပ်နေပါတယ်။
ဂါဇာက လမ်းမတွေပေါ်မှာ လူသွားလူလာ မရှိဘဲ လောင်စာဆီ တိုင်ကီကို ဗုံးထိမှန်လို့ ပိတ်ထားခဲ့ရတဲ့
ဓာတ်အားပေး စက်ရုံကနေ မီးခိုးမဲကြီးတွေ ကောင်းကင်ကို တက်လာနေပါတယ်။
ပြီးခဲ့တဲ့ညက သေဆုံးခဲ့သူ လူ ၆၀ ကျော်ထဲမှာ လူ ၇ ယောက်ရှိတဲ့ ပါလက်စတိုင်း မိသားတစ်စုလုံး ပါသွားခဲ့တယ်လို့ ဂါဇာက ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။
တနင်္လာနေ့ကတော့ အစ္စရေး စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၅ ယောက်က မြေအောက် ဥမင်လှိုဏ်ခေါင်းတွေကနေတဆင့် အစ္စရေးဘက်ကို ဝင်သွားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင်နက်တန်ယာဟုက အစ္စရေးတို့ အနေနဲ့ အချိန်ကြာရှည်တဲ့ စစ်ဆင်ရေးအတွက် ပြင်ထားရမယ်လို့ ပြောပါတယ်။
BBC Burmese
No comments:
Post a Comment