Tuesday, March 24, 2015
နိုနိုင်ငံရေးဆိုတာ ဘာမှန်းလဲတောင်မသိဘူးဗျ။ ဒါပေမဲ့ လျှော့တွက်ရင်တော့
မှားသွားလိမ့်မယ်။လက်ရှိအမတ်မင်းနော်။ နိုင်ငံရေးဝါသနာပါလို့ ဒီ
လောကထဲရောက်လာတာ မဟုတ်ဘူး။ နိုင်ငံရေးဝါသနာပါလို့လည်း မဖြစ်ဘူး။
ပါရင်ဒီလောကထဲ မရောက်ဘဲ သံတိုင်တွေကြား၊ အုတ်တံတိုင်းတွေကြားထဲပဲရောက်
သွားမှာပေါ့ မဟုတ်ဘူးလား။
မျက်စိရှုပ်သွားပြီထင်တယ်။ ပြောပြပါ့မယ်။ ကျုပ်က စီးပွားရေးသမားလေ။
တိုင်းပြည်ဘယ် လောက်ပဲ ဆင်းရဲဆင်းရဲ လာဘ် မြင်တဲ့သူတစ်ယောက်မို့လို့ အခု
လိုဖြစ်လာတာပဲ။ အခု စာနယ်ဇင်းမီဒီယာသမားတော်တော်များများ က
စစ်အစိုးရမကောင်းကြောင်းနဲ့
လက်ရှိအစိုးရမကောင်းကြောင်း တွေပဲ
ရေးနေကြတာတွေ့ရတယ်။ အမှန်အတိုင်းပြောရရင် ကျုပ်က တော့ စစ်အစိုးရကို
ကြိုက်သဗျ။ အဲဒီစစ်အစိုးရသာ မရှိခဲ့ရင် ကျုပ် အခုလို ချမ်းသာလာမှာတောင် မ
ဟုတ်ဘူး။ လက်ရှိအစိုးရကိုလည်း ကျုပ်က ကျုပ်ရဲ့ မိဘတွေလို သ ဘောထားတာဗျ။
မီဒီယာတွေက ကျုပ်တို့လို လူတွေကို ဘာတဲ့...ဟို...အဲ...ခရို နီတဲ့ဗျာ။
ခရိုနီပဲပြောပြော၊ ခရိုပြာ ပဲပြောပြော ဂရုမစိုက်ဘူး။ ကျုပ် တို့
ကြီးပွားနေတာ သူတို့မနာလို လို့ပြောကြတာပဲ။ မဟုတ်ဘူး လား။
အများပြောနေကြတဲ့ တစ် ပါတီအာဏာရှင်ဆိုလား၊ မဆလ အာဏာရှင်ဆိုလား မပြောတတ်
ဘူး။ အဲဒီခေတ်တုန်းကတော့ ကျုပ်ဟာ သာမန်လူတစ်ယောက် ပဲပေါ့ဗျာ။
အဲ...ခင်ဗျားတို့ ပြောနေ ကြတဲ့ စစ်အစိုးရလက်ထက် ရောက်တော့မှ ကျုပ်ရဲ့
ကံဇာတာ တစ်စခန်းထလာတာဗျ။ အခု လူ ကြိုက်များနေတဲ့ ဘောလုံးလော ကစကားနဲ့
ပြောမယ်ဆိုရင် ကျုပ် က ဘောလုံးသမားတစ်ယောက် လိုပဲ အပေးအယူတတ်တယ်။ အ
ဝင်အထွက်တော်တယ်။ ကောက် စားတတ်တယ်။ ဂိုးဧရိယာထဲမှာ ဟန်ဆောင်ပစ်လှဲပြီး
ပင်နယ်တီရ အောင်ယူတတ်တယ်။ နောက် နည်းပြတစ်ယောက်လိုလည်း ပွဲရဲ့ အခြေအနေကို
အကဲခတ်တတ် တယ်။ အကျိုးမရှိတော့ဘူးလို့ ထင်ရတဲ့ ကစားသမားကိုလည်း
ကျုပ်အသင်းနိုင်ဖို့အတွက် ကောင်း ကောင်းလူစားထိုးတတ်တယ်။ ဒိုင်တွေကိုလည်း
အတိုက်အခံ ဘယ် တော့မှ မလုပ်ဘူး။ အဆင်ပြေ အောင်ပဲ ပေါင်းတတ်တယ်။ အေး အဲဒီလို
ကျွမ်းကျင်ခဲ့လို့ အခုလိုဘ၀မျိုးရောက်ရတာပဲ။ ဒီလောက်ဆို သဘောပေါက်တယ်နော်။
ချမ်းသာလာတော့လည်း အ ပေါင်းအသင်းများတယ်။ လူသိ များတယ်ပေါ့နော်။ အဲ ဒါပေမဲ့ ကျုပ်အတွက် အကျိုးရှိတဲ့ လူတွေ နဲ့ပဲ ရွေးပေါင်းပါတယ်။ နောက် တစ်ခုပြောပြဦးမယ်။ အလှူအ တန်းတွေနဲ့ ပတ်သက်ပြီး ရက်ရောလွန်းလို့ နိုင်ငံတော်ကပေးထားတဲ့ လူမှုရေးဆိုင်ရာလို့ ပြောမလား၊ ဘာသာရေးဆိုင်ရာလို့ ပြောမလား ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရထားတယ်။ ဘွဲ့နာမည်တွေ တော့ ပြောမပြတော့ဘူးနော်။ အ တွက်အချက်ကလည်း တော်တယ်လေ။ ဘယ်ဘက်က တစ်စိတ်ကြဲ ညာဘက်က တစ်လှည်းဝင်ဆိုသ လိုပေါ့ဗျာ။ ကျုပ်လှူရင်တော့ ညာဘက်ကတစ်လှည်းမကဘူးဗျ။ လှည်းပေါင်းများစွာပဲ။ ဘွဲ့ထူး ဂုဏ်ထူးရတဲ့လူအားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျုပ်လိုလူ တွေကတော့ အများသား။
ဒီလိုနဲ့ အရမ်းချမ်းသာလာ တယ်။ ပိုင်ဆိုင်မှုဘယ်လောက်လဲ လို့ မေးရင်
ကျုပ်ကိုယ်တိုင်တောင် မသိဘူးဗျာ။ အဲဒီလောက်ထိ အောင်ပဲ။ ဒီလိုနဲ့ တစ်ခုတော့
စိုး ရိမ်မိတယ်။ ဒီနိုင်ငံကလူတွေအ တော်များများက မွဲနေကြတော့ ကာ
ကျုပ်စီးပွားနဲ့ပတ်သက်ပြီး အမြဲတမ်းစိတ်တထင့်ထင့်နဲ့ နေ လာရတယ်။ အဲဒါနဲ့ပဲ
ပိုင်ဆိုင်မှု အတော်များများကို လိမ္မာပါးနပ်မှုရှိတယ်လို့ပဲ ပြောပြော၊
ခိုးကြောင်ခိုးဝှက်ပဲ ပြောပြော၊ နိုင်ငံခြားပို့ထားလိုက်တယ်။ ဘယ်လို
ပို့လဲတော့ မမေးနဲ့။ ပို့ချင်တိုင်းတော့ ပို့လို့မရဘူး။
ခိုးကြောင်ခိုးဝှက်ဆိုမှတော့ ခိုးကြောင်ခိုးဝှက်ပဲပေါ့။ အဲဒါတောင်
ဒီမှာရှိတဲ့ စီးပွားဥစ္စာတွေက ကျုပ်မိသားစုနဲ့
ဆွေမျိုးတွေသုံးဖြုန်းမယ်ဆိုရင်တောင် ဆယ်သက်သုံးမကုန်ဘူး။
ဒီနိုင်ငံမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအားလုံးကြိုက်တာ
လက်ညှိုးထိုးလိုက် ကျုပ်နဲ့ ကင်းတာမရှိသလောက်ပါပဲ။
နိုင်ငံရေးဆိုတာ စိတ်ဝင်စား ဖို့ဆိုတာ အသာထား လွတ်လပ် ရေးနေ့တို့၊
ပြည်ထောင်စုနေ့တို့၊ အမျိုးသားနေ့တို့ဆိုတာ ခဏခဏ မေ့နေလို့
စာရွက်ပြန်ပြန်လှန် ကြည့်နေရတယ်။ ဗိုလ်ချုပ်အောင် ဆန်းကိုတော့ သိတယ်။
သူ့မွေး နေ့လည်း မသိဘူး။ သူဘွဲ့ရ မရလည်း မသိဘူး။ သူဘယ်တုန်းက
ဆုံးသွားတယ်ဆိုတာတောင် မသိဘူး။ အဲ...ဒါပေမဲ့ ကျုပ်ကို ငတုံးလို့ထင်ရင်တော့
မှားသွားမယ်။ ကျုပ်တို့ နိုင်ငံရဲ့ လက်ရှိအရေးကြီးပုဂ္ဂိုလ်တွေရဲ့
မွေးနေ့တွေအားလုံး အလွတ်ရတယ်ဗျ။ သြော်...ဒါနဲ့ပြောရဦးမယ်။ ကျုပ်က
အမတ်မင်းလို့ ပြောတယ်နော်။ ဘယ်လိုဖြစ်လာတယ်ဆိုတာ စိတ်ဝင်စားတယ် မဟုတ်လား။
ဒီလိုဗျ ဒီနိုင်ငံမှာ ကျုပ်ရဲ့ ပိုင် ဆိုင်မှုနဲ့ အကျိုးစီးပွားတွေက
အရမ်းများနေတော့ ဒီဥစ္စာဓနတွေ ကို ကာကွယ်စောင့်ရှောက်ဖို့ အမြဲတွေးပူနေရတာ။
အဲဒီအချိန်မှာ ကျုပ်တို့နိုင်ငံက ဒီမိုကရေစီလား ဘာဆိုလားမသိဘူး။
အဲဒီစနစ်ကို သွားမယ်ဆိုပြီး အမတ်မင်းရွေး ကောက်ပွဲတွေ လုပ်တယ်လေ။ အဲဒီမှာ
ကျုပ်ချမ်းသာလာအောင် တစ်ဖက်တစ်လမ်းက အထောက် အကူပြုနေတဲ့ မကင်းရာမကင်း
ကြောင်း ကျေးဇူးရှင်တွေ အဆွယ် ကောင်းတာနဲ့ပဲ အခုလိုအမတ် မင်းဖြစ်လာတာပေါ့။
ပွင့်ပွင့်လင်း လင်းပြောရရင် ကျုပ်ဘာမှ သိပ်မ လုပ်လိုက်ရဘူး။ ကျုပ်ရဲ့ ရွေး
ကောက်ပွဲနယ်က စုတ်ပြတ်နေတဲ့ လမ်းတွေခင်းပေးလိုက်တယ်။ ပြီး တော့
ပရဟိတဆိုလား ဘာဆို လားမသိဘူး။ အဲဒီအတွက် နည်း နည်းလုပ်ပေးလိုက်တယ်။
ဒါပါပဲ။ဒီလိုနဲ့ အမတ်မင်းဖြစ်လာ တော့ ဘာရယ်ညာရယ်တော့ မဟုတ်ဘူး။ ပုဆိုး၊
တိုက်ပုံ၊ ခေါင်း ပေါင်းနဲ့ပေါ့။ ကျုပ်ကိုယ်ကျုပ်မှန် ထဲကြည့်မိတော့
တော်တော်တော့ ခံ့သား။ မကြာပါဘူး။ လွှတ်တော်အစည်းအဝေးစတက်ရတော့တာပေါ့။
ပထမဆုံးလွှတ်တော်ထဲကို ကျုပ်ခံ့ခံ့ညားညားနဲ့ စတက်ရတဲ့နေ့ကို ဘယ်တော့မှ
မမေ့ဘူး။ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူရလွန်းလို့ အစည်းအဝေးမှာ သူများတွေ
ဘာတွေပြောသွားမှန်းတောင် မသိဘူး။
ပြောရဦးမယ်ဗျ။ ကျုပ်မှာက စီးပွားရေးလုပ်ငန်းတွေ နေရာအနှံ့ မှာဆိုတော့
ကျုပ်ကိုယ်စားစီမံခန့် ခွဲမယ့် လူယုံတွေကို လွှဲထားရတာ ပေါ့။ လွှတ်တော်သာ
တက်ရ တယ်။ လွှတ်တော်ထဲမှာ ဘာတွေ ပြောနေကြမှန်း မသိတာတော့ အမှန်ပဲ။
ကျုပ်ပိုင်ဆိုင်မှုကို အကာအကွယ်ရဖို့အတွက်နဲ့သာ ဒီနေရာကို ရောက်လာရတာ
မဟုတ်လား။အချိန်ကြာလာတော့ ကျုပ်လည်းအိပ်ငိုက်လာတယ်။ အစည်းအဝေးပြီးလို့
တူထုသံ၊ လက်ခုပ်တီးသံတွေကြားမှ ကျုပ်မျက်လုံးပွင့်လာ တော့တယ်။ ဘာပဲပြောပြော
ကျုပ်တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး။ ကျုပ်လိုလူတွေလည်း ဒီအထဲမှာ
ပါလာမှာပဲလေ။တစ်ခါတလေ ဆန္ဒပြုထောက်ခံ၊ ကန့်ကွက်ရမယ့် ကိစ္စတွေပေါ်လာတတ်တယ်။
အဲဒီအခါမှာလူအများ
စုနဲ့ ကျုပ်ရဲ့ ဆရာသမားတွေရဲ့အခြေအနေကိုကြည့်ပြီး လိုက်လုပ်လိုက်ရုံပါပဲ။
လွှတ်တော်အစည်းအဝေး တစ်ခါကျင်းပရင် ရက်တွေက မ နည်းဘူးဗျ။ ကြာလာတော့
ကျုပ် စီးပွားရေးလုပ်ငန်းတွေ ထိခိုက် လာတယ်။ အဲဒီမှာပဲ အကြောင်း ပြပြီး
ခွင့်ယူတတ်တဲ့အလေ့အ ကျင့်တွေရလာတယ်။ အချိန်တွေ တစ်နှစ်ပြီး တစ်နှစ်သာကုန်လာ
တယ်။ လွှတ်တော်အစည်းအဝေး မှာ မေးခွန်းမေးတာတွေ၊ အဆို တင်တာတွေ
တစ်ခါမှမလုပ်ခဲ့ဖူး ဘူး။ ကျုပ်မှ နားမလည်တာ၊ အဲ... တစ်ခုရှိတာက
ကိုယ့်စီးပွားထိခိုက်လာနိုင်မယ့် အခြေအနေဖြစ်လာပြီဆိုရင်တော့
လုပ်သင့်လုပ်ထိုက်တာတော့ ကျုပ်လုပ်တာပေါ့။
နိုင်ငံရေးကို နားမလည်ပေ မယ့် အမတ်မင်းတစ်ယောက်ဖြစ် တော့ကာ
လွှတ်တော်အကြောင်း လေးလည်း နည်းနည်းပြောရပေ ဦးမယ်။ ကျုပ်တို့ လွှတ်တော်နဲ့
အစိုးရက တစ်ခါတလေ ဘယ် လိုပြောရမလဲ။ စိတ်သဘောထား
ချင်းမတိုက်ဆိုင်ဘူးပေါ့ဗျာ။ အဲဒီ လိုဖြစ်တဲ့အခါကျရင် တော်တော်
မျက်နှာပူရတယ်။ နှစ်ဖက်စလုံးက ကျုပ်အတွက် အရေးကြီးတာကိုး။ ဒီတော့
အစိုးရမနှစ်မြို့တဲ့ ဆုံး ဖြတ်ချက်မျိုးချတော့မယ်ဆိုရင်
အဲဒီနေ့ကျုပ်ခွင့်ယူလိုက်တယ်။
လွှတ်တော်သက်တမ်းကုန် ခါနီးမို့လားမသိဘူး။ တော်တော် အလုပ်ရှုပ်လာတယ်။
ဒီကြားထဲ မှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး
ကျောင်းသားတွေ ဆန္ဒပြကြရာမှာ အစိုးရက စိတ်မရှည်တော့လို့နဲ့ တူတယ်။
ကျောင်းသားတွေကို ဆော်ပလော်တီးထည့်လိုက်တယ်။ ကြာလာတော့လည်း စိတ်တိုလာ တာနဲ့
အစိုးရရဲ့ မာန်ကိုထုတ်ပြ လိုက်တယ်ထင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး
ကျုပ်တို့လွှတ်တော်က ငြိမ်ချက်သားကောင်းလှချည့် လားဆိုပြီး ဟိုအပြင်က မီဒီယာ
တွေက ဖွနေကြပြန်ရော။ မငြိမ်လို့ရမလား။ တော်ကြာကျုပ်တို့ကိုပါ
ဆော်ထည့်လိုက်ရင် မခက်ပေဘူး လား။ ကျုပ်လိုလူတောင် ဒီ လောက်တော့ နားလည်တယ်။
အစိုးရဆိုတာ နဂါးတို့မျက်စောင်း လိုပဲ။ တော်ကြာလွှတ်တော်အ
ဆောက်အအုံကြီးတွေအဖြစ်က နေ နောက်ထပ်အကန့်အသတ်မရှိ တိုးချဲ့မယ့်
ဝန်ကြီးဌာနအသစ် တွေဖြစ်သွားရင် မခက်ပေဘူးလား။ အဲဒီတော့ ကျုပ်တို့အမတ်
မင်းတွေ ငြိမ်နေတာ အကောင်း ဆုံးပဲပေါ့။
ကျုပ်ရဲ့ မဲဆန္ဒနယ်လည်း မရောက်ဖြစ်တာ နှစ်အတော်ကြာ ပြီဗျ။ ဘာပဲဖြစ်ဖြစ်
နောက်တစ် ကြိမ်အမတ်မင်းရွေးကောက်ပွဲမ တိုင်ခင်တော့ တစ်ခုခုလုပ်ပေးဖို့
သွားမယ် ဆုံးဖြတ်ထားတာပဲ။ အခုတော့ ကိုယ့်ကိစ္စနဲ့ကိုယ် မအား သေးဘူးလေ။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ လွှတ်တော်က အကြီးအ ကဲတွေ နယ်ခရီးထွက်ရင်တော့
လိုက်သွားရတာတွေတော့ရှိတတ် တယ်။ ဘာလိုလိုနဲ့ ကျုပ်ရဲ့ အ
မတ်မင်းသက်တမ်းလည်း ကုန် တော့မယ်။
နောက်အစိုးရနဲ့ လွှတ်တော် သက်တမ်းအတွက် အထွေထွေ
ရွေးကောက်ပွဲကြီးစတင်တော့မှာ ဖြစ်ပါတယ်။ ဆောင်းကာလထဲ ရောက်နေပြီပေါ့။
အဲဒီတော့ မဲ ဆွယ်ပွဲတွေလည်း လုပ်နေကြပြီ လေ။ ကျုပ်လည်း ဘယ်နေမလဲ။
သွားကိုဖြီးပြီး မျက်နှာကို အစွမ်း ကို အချိန်တိုင်းပြုံးနေရတော့တာ ပေါ့။
အခုလည်း ပြည်သူတွေကို ဆွယ်တရားဟောဖို့အတွက် ကျုပ် စင်မြင့်ပေါ်တက်နေပါပြီ။
သူတို့ တွေအတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုတာတွေပြော ဖို့ ညကတည်းက
အလွတ်ကျက် ထားပြီးသား။
ဟော...စင်မြင့်ပေါ်ရောက်ပြီး ပြည်သူတွေ ကျုပ်ကိုကြည့်တဲ့အကြည့်က
ကျောချမ်းစရာပါလား။ ကိစ္စမရှိပါဘူးလေ။ ဒီလိုနဲ့ မျက်နှာကို
အစွမ်းကုန်ပြုံးဖြီးပြီးတော့ စကားစပြောဖို့ ပြင်လိုက်ပါတယ်။
‘‘အဟမ်း...မိဘပြည်သူ...သူ...သူ’’စကားမဆုံးခင် လေထဲကပျံသန်းလာတဲ့
အုတ်ခဲကျိုးတစ်ခုကို ငေးကြည့်မိရင်း မှင်တက်သွားမိတယ်။ မကြာပါဘူး
နောက်ဆက်တွဲအမည်မသိ ပစ္စည်းအပိုင်းအစ (Unidentified Flying Objects), UFO
တွေ ကျုပ်ဆီကို တန်းတန်းမတ်မတ်ပျံဝဲလာကြတာနဲ့တစ်ပြိုင်နက်
လူအုပ်ကြီးညာသံပေးပြီး ကျုပ်ကို ချီးမြှင့် မြှောက်စားဖို့အတွက်ငှာ
စင်မြင့် ပေါ်ကို တက်လာကြပါလေရော။ အဲဒီမှာ စင်ပြိုကျပြီး ကျုပ်လည်း ‘‘အမလေး
သေပါပြီဗျ’’
ရုတ်တရက် စာရေးသူအိပ် ပျော်ရာကနေ လန့်နိုးခဲ့ပြီး သတိ
ပြန်ဝင်လာတဲ့အချိန်မှာ အိမ်ရဲ့ အခင်းကြမ်းပြားကျိုးကျပြီး စာရေး
သူကိုယ်တိုင် အိမ်အောက်မြေကြီး ပေါ်ရောက်နေတယ်ဆိုတာပါပဲ။ ‘‘သြော်...ညက
စာဖတ်ရင်း မကျေနပ်မှုတွေနဲ့အတူ အိပ်ပျော်သွား တာပါလား...အဲဒါအရေးမကြီး ဘူး။
ငါတို့အိမ်ရဲ့ မကောင်းတော့ တဲ့ ပျဉ်ကြမ်းခင်းလည်း လဲရဦးမှာ ပါလား...’’
(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းမျိုး၏ အာဘော်သာဖြစ်သည်)
No comments:
Post a Comment