Thursday, August 7, 2014
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ ၀မ်မန်းအုပ်စု၊
ဝမ်ရှဲန်ကျေးရွာနေ အုပ်ချုပ်ရေးမှူးအား သြဂုတ် ၅ ရက်နေ့တွင်
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့မှ လာရောက် ဖမ်းဆီးမှုကြောင့် ရွာသားအားလုံး ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ယင်းဒေသခံမ
ျားထံမှ သိရသည်။
``ရွာထဲဝင်လာပြီး အုပ်ချုပ်ရေးမှူးကို ဖမ်းခေါ်သွားတော့
အားလုံးလန့်ကုန်ကြတာပေါ့၊ ယောက်ျားမှန်သမျှ ရွာပြင်ထွက်ပြေးတော့တာ၊
ရွာထဲမှာ မိန်းမတွေပဲ ကျန်တယ်´´ ဟု ယင်းရွာမှ ဒေါ်နန်းကျိန်ခမ်းက ပြောသည်။
အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် နမ့်ပန်းဒေသ၌ပါဝင်ပြီး
NDAA(မိုင်းလား)အဖွဲ့၏ လှုပ်ရှား နယ်မြေဖြစ်ကြောင်း၊ RCSS/SSA အဖွဲ့မှ
နယ်မြေကျူးကျော်လာမှုအပေါ် ချက်ချင်းထွက်ခွာသွားရန် NDAA (မိုင်းလား)အဖွဲ့က
သတိပေးထားကြောင်း သိရသည်။
``ဆက်ကြေးမပေးလို့လည်း ဖြစ်နိုင်တယ်၊
ရိက္ခာမပေးတာလည်း ဖြစ်နိုင်တယ်၊ ရွာသားတွေကတော့ လူသစ်စု ခံရမှာကြောက်လို့
ထွက်ပြေးလာကြတာလို့ သိရတယ်´´ ဟု မိုင်းယောင်းမြို့ခံ တစ်ဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးအိုက်အမ်အား ဖမ်းဆီးသွားပြီး
နောက်တစ်နေ့တွင် ရွာသို့ ၎င်းအဖွဲ့က စာရေး ဆက်သွယ်လာကြောင်း၊ စာထဲတွင်
ဆန်(၆)ပုံးနှင့် ငွေ(၂)သိန်းပေးမှ အုပ်ချုပ်ရေးမှူးအား ပြန်လွှတ်မည်
ဖြစ်ကြောင်း၊ ၎င်းအဖွဲ့ရှိသောနေရာနှင့် (၁၀)ကိုက်အကွာတွင် ဆန်နှင့် ငွေအား
မိန်းကလေးများသာ လာထား ရန်နှင့် ထားပြီးပါက နောက်ပြန်လှည့်သွားရန်ဟု
ပါရှိကြောင်း သိရသည်။
``ရွာထဲမှာ ယောက်ျားတွေက တစ်ယောက်မှ မရှိတော့ဘူး၊ စာထဲမှာလည်း မိန်းကလးတွေပဲလာပို့ရမယ်ဆိုပြီး
ရေးထားတော့ ရွာထဲက ရဲရဲ တင်းတင်း ရှိတဲ့ ကောင်မလေး ၆ ယောက်လောက်ကို
ဆန်တစ်ပုံးစီ ရွက်ခိုင်း၊ ငွေ နှစ်သိန်းပေပြီး လွှတ်လိုက်ရတယ်´´ ဟု
အုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
RCSS/SSA
အဖွဲ့အား ဆန်(၆)ပုံးနှင့် ငွေနှစ်သိန်းပေးပြီးနောက် သြဂုတ် ၆ ရက် နံနက် ၉
နာရီခန့်တွင် အုပ်ချုပ်ရေးမှူး ဦးအိုက်အမ်သည် ၀မ်ရှဲန်ကျေးရွာသို့
ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ကောင်းစံ(ရှမ်း/မြောက်)
Shan News
Photo: RCSS/SSA အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးသွားမှုကြောင့် ရွာသားအားလုံးထွက်ပြေးတိမ်းရှောင်
Thursday, August 7, 2014 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊
ဝမ်မန်းအုပ်စု၊ ၀မ်ရှဲန်ကျေးရွာနေ အုပ်ချုပ်ရေးမှူးအား သြဂုတ် ၅
ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့်
ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့မှ
လာရောက် ဖမ်းဆီးမှုကြောင့် ရွာသားအားလုံး ထွက်ပြေး တိမ်းရှောင်နေကြကြောင်း
ယင်းဒေသခံများထံမှ သိရသည်။ ``ရွာထဲဝင်လာပြီး အုပ်ချုပ်ရေးမှူးကို
ဖမ်းခေါ်သွားတော့ အားလုံးလန့်ကုန်ကြတာပေါ့၊ ယောက်ျားမှန်သမျှ
ရွာပြင်ထွက်ပြေးတော့တာ၊ ရွာထဲမှာ မိန်းမတွေပဲ ကျန်တယ်´´ ဟု ယင်းရွာမှ
ဒေါ်နန်းကျိန်ခမ်းက ပြောသည်။ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည်
နမ့်ပန်းဒေသ၌ပါဝင်ပြီး NDAA(မိုင်းလား)အဖွဲ့၏ လှုပ်ရှား နယ်မြေဖြစ်ကြောင်း၊
RCSS/SSA အဖွဲ့မှ နယ်မြေကျူးကျော်လာမှုအပေါ် ချက်ချင်းထွက်ခွာသွားရန် NDAA
(မိုင်းလား)အဖွဲ့က သတိပေးထားကြောင်း သိရသည်။ ``ဆက်ကြေးမပေးလို့လည်း
ဖြစ်နိုင်တယ်၊ ရိက္ခာမပေးတာလည်း ဖြစ်နိုင်တယ်၊ ရွာသားတွေကတော့ လူသစ်စု
ခံရမှာကြောက်လို့ ထွက်ပြေးလာကြတာလို့ သိရတယ်´´ ဟု မိုင်းယောင်းမြို့ခံ
တစ်ဦးက ပြောသည်။ RCSS/SSA
အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးအိုက်အမ်အား ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင်
ရွာသို့ ၎င်းအဖွဲ့က စာရေး ဆက်သွယ်လာကြောင်း၊ စာထဲတွင် ဆန်(၆)ပုံးနှင့်
ငွေ(၂)သိန်းပေးမှ အုပ်ချုပ်ရေးမှူးအား ပြန်လွှတ်မည် ဖြစ်ကြောင်း၊
၎င်းအဖွဲ့ရှိသောနေရာနှင့် (၁၀)ကိုက်အကွာတွင် ဆန်နှင့် ငွေအား မိန်းကလေးများသာ
လာထား ရန်နှင့် ထားပြီးပါက နောက်ပြန်လှည့်သွားရန်ဟု ပါရှိကြောင်း သိရသည်။
``ရွာထဲမှာ ယောက်ျားတွေက တစ်ယောက်မှ မရှိတော့ဘူး၊ စာထဲမှာလည်း
မိန်းကလးတွေပဲလာပို့ရမယ်ဆိုပြီး ရေးထားတော့ ရွာထဲက ရဲရဲ တင်းတင်း ရှိတဲ့
ကောင်မလေး ၆ ယောက်လောက်ကို ဆန်တစ်ပုံးစီ ရွက်ခိုင်း၊ ငွေ နှစ်သိန်းပေပြီး
လွှတ်လိုက်ရတယ်´´ ဟု အုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက
ပြောသည်။ RCSS/SSA အဖွဲ့အား
ဆန်(၆)ပုံးနှင့် ငွေနှစ်သိန်းပေးပြီးနောက် သြဂုတ် ၆ ရက် နံနက် ၉
နာရီခန့်တွင် အုပ်ချုပ်ရေးမှူး ဦးအိုက်အမ်သည် ၀မ်ရှဲန်ကျေးရွာသို့
ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ကောင်းစံ(ရှမ်း/မြောက်) Shan News
No comments:
Post a Comment