Saturday, March 25, 2017

အစာအဆိပ်သင့်ပြီး မူးဝေအော့အန်ကာ မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ကျေးရွာပြည်သူများ သက်သာကောင်းမွန်၍ နေရပ်သို့ပြန်


Image may contain: 2 people, people standing and outdoor


အလှူထမင်းဟင်းစားပြီး အစာအဆိပ်သင့်ဖြစ်ကာ မူးဝေ အော့အန်ပြီး မတ် ၂၃ ရက် ည ၈ နာရီခန့်က မြောင်းမြပြည်သူ့ ဆေးရုံသို့ ရောက်ရှိလာသော ကျေးရွာပြည်သူများ ဆေးကုသမှု ခံယူပြီး သက်သာကောင်းမွန်လာသောကြောင့် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကျေးရွာဒေသများဆီသို့ ပြန်ကြပြီဖြစ်ကြောင်း သိရသည်။
မူးဝေအော့အန်ကာ အစာအဆိပ်သင့် ကျေးရွာပြည်သူများ ကို မြောင်းမြခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ကူညီဆောင်ရွက်ခဲ့ကြပြီး မြောင်းမြခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် တာဝန်ရှိဆရာ ဆရာမများ၊ သူနာပြုများ၊ ပြင်ပပုဂ္ဂလိကဆေးရုံ များမှ ဆရာဝန်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန် များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကုသပေးမှုကြောင့် ယမန်နေ့ ည ၈ နာရီခန့်မှ နံနက် ၁ နာရီအထိ ဆေးကုသမှုခံယူရန် ကလေး၊ လူကြီး လူနာပေါင်း ၃၈၇ ဦးတို့ကို ပြုစုကုသမှုပေး ခဲ့ပြီး ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် သက်သာပျောက်ကင်း၍ နယ်မြေခံတပ်ရင်းမှ တပ်မတော် မော်တော်ယာဉ်များ၊ ပရဟိတအသင်းများမှ မော်တော်ယာဉ်များက နေရပ်ပြန်ရန် စီစဉ်ပို့ဆောင်ပေးလျက်ရှိပြီး ဆက်လက်ဆေး ကုသမှုခံယူရန် လူနာရှစ်ဦးမှလွဲ၍ နေရပ်သို့ ပို့ဆောင်ပေး လျက်ရှိကြောင်း၊ ကျန်လူနာ ရှစ်ဦးမှာလည်း စိုးရိမ်စရာ အခြေအနေမရှိ၍ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းနိုင်မည်ဖြစ် ကြေင်း မြောင်းမြ ပြည်သူ့ဆေးရုံ၊ ဒုတိယခရိုင် ကျန်းမာရေးမှူး ဒေါက်တာ စိုးသက်၏ ပြောကြားချက်အရ သိရသည်။
မြောင်းမြမြို့နယ် အိမ်တစ်လုံးကျေးရွာတွင် အလှူရှင်တစ်ဦး က လှူဒါန်းကျွေးမွေးသော ငါးသလောက်ပေါင်းနှင့် မဲဇလီ ဟင်းကို စားသုံးမိပြီး အလှူပွဲလာ အနီးအနားကျေးရွာပြည်သူ ၃၈၇ ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ကာ မူးဝေအော့အန်ပြီး မြောင်းမြပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိ လာခြင်းဖြစ်သည်။ အောင်မင်း (မြောင်းမြ)

No comments:

Post a Comment