Friday, June 26, 2015

မျက်လုံး ကျန်မားရေးအတွက် ဘာတွေ စားသင့်သလဲ


နေ့စဉ် ကွန်ပျူတာ အမြဲကြည့်နေရတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရောဂါကြောင့် မျက်လုံး ကျန်မာရေး မကောင်းတာပဲ ဖြစ်ဖြစ် နေ့စဉ် မဟုတ်တောင် ဂရုစိုက် စားပေးသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -
(၁) မုန်လာဥ အနီ စားရပါမယ်။

မိန်းကလေး အများစု သတိမထားမိသည့် အမှားများ


မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။
(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု

Thursday, June 25, 2015

Breaking News


-
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး မဲခွဲမှု ရှုံးနိမ့်
-----------------------------------------------------------
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင်း ယနေ့ မဲခွဲခဲ့သော်လည်း ထောက်ခံ ၇၅ ရာခိုင်နှုန်းမရရှိဘဲ ရှုံးနိမ့်သွား၍ မူလအတိုင်းသာ ဆက်လက်ထားရှိရတော့မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲပေးသူ ၅၈၃ ယောက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံမဲ ၃၈၈ သာရရှိသဖြင့် ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိတော့ပေ။
ပုဒ်မ ၅၉ (စ) အတွက် မဲခွဲရာတွင်မူ မဲပေးခွင့်ရှိသူ ၅၈၃ တွင် ပြင်ဆင်ရေး ထောက်ခံသူ ၃၇၁ သာရှိပြီး လိုအပ်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမရ၍ ယင်းအဆိုလည်း ရှုံးနိမ့်သွားခဲ့ရသည်။
The Irrawaddy (Burmese Version)

ကြားနေမဲမရှိ လွှတ်တော်ထဲ မဲခွဲပြီ



ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၆၀(ဂ) ) ပြင်ဆင်ရေး အခုလက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေက ဆန္ဒမဲ စတင်ပေးနေပါပြီ။ ထောက်ခံရင် အမှန်ခြစ်ပြီး ကန့်ကွက်ရင် ကြက်ခြေခတ်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက်ရှိတာ ၄၉ ယောက်ခွင့်တင်ထားပါတယ်။ မတက်တဲ့သူ ကန့်ကွက်၊ ကြားနေမဲ မရှိ၊ မပေးရင် ကန့်ကွက် လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးရာမှာ ပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားဖို့ နာယက သူရဦးရွှေမန်းက ထပ်ပြောပါတယ်။
Photos: Min Thu, Doh Lan, Ei

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး


ဇွန်လ ၂၅ ရက်၊ ၂၀၁၅
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ပါတီရုံးဆိုင်းဘုတ်သွားတင်တာကို မကျေနပ်လို့

မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ


ဇွန်လ ၂၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ်များအား ဇွန် ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။
KIA အဖွဲ့သည် မိုးကောင်း-ကာမိုင်းသွား ကားလမ်းပေါ်တွင် သွားလာနေသော

အလုပ်ကထွက်ပြီး ရွက်လှေနဲ့ ကမ္ဘာပတ်နေတဲ့ ဇနီးမောင်နှံ




အမေရိကန်လူငယ်စုံတွဲတစ်တွဲဟာ လက်ရှိအောင်မြင်နေတဲ့အလုပ်ကိုယ်စီကနေ ထွက်လိုက်ကြပြီး ပိုင်ဆိုင်သမျှ တန်ဖိုးကြီးပစ္စည်းတွေလည်း ရောင်းချလိုက်ပါတယ်။ အဲဒီနောက် ရွက်လှေတစ်စင်းဝယ်ပြီး ကမ္ဘာ့ပတ်ခဲ့တာ အခုဆိုရင် ၁၆ နိုင်ငံကိုသူတို့လှည့်ပတ်ရောက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။


မတ်တ်နဲ့ ဂျက်စီကာတို့ဟာ အသက် ၃၂ နှစ်အရွယ်ကိုယ်စီရှိကြသူတွေ ဖြစ်ပါတယ်။ မတ်တ်က ကားကုမ္ပဏီမှာ

ဖြစ်နိုင်ဖွယ်မရှိဘူးလို့ ထင်ရပေမယ့် တကယ်မှန်ကန်တဲ့ အချက်အလက်များ


------------
ယုံချင်ဖွယ် မကောင်းပေမယ့် တကယ်ဖြစ်ပျက်ခဲ့ပြီး တကယ်လည်း ရှိနေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
(၁) နွားတွေမှာ အချစ်ဆုံးအခင်ဆုံးမိတ်ဆွေတွေရှိကြတယ်။ အချင်းချင်းကွဲသွားတဲ့အခါ သူတို့စိတ်သောကရောက်ကြတယ်။
(၂) အမေရိကန်ပြည်တွင်းစစ်ဟာ လူတစ်ဦးရဲ့ နောက်ဘေးကွက်လပ်မှ စတင်ခဲ့ပြီး အဲဒီလူရဲ့ ဧည့်ခန်းနေရာမှာပဲ အဆုံးသတ်သွားခဲ့တယ်။

ရေကူးကန်ထဲပေါက်ချတဲ့ ဆီးတွေကြောင့် ရေကူးချိန်မျက်စိများနီရဲပြီး ကျိန်းစပ်လာရ ခြင်းဖြစ်တယ်လို့ လေ့လာတွေ့ရှိ

အများသုံးရေကူးကန်တွေမှာ ရေသွားကူးကြရင် မျက်စိတွေနီရဲလာပြီး ကျိန်းစပ်လာတဲ့ ခံစားရမှုက ရေကူးကန်ထဲ ကလိုရင်းဆေးရေးရည်ခပ်ထားမှုကြောင့် ဖြစ်ရခြင်းဖြစ်တယ် လို့ဆိုတဲ့ အကြောင်းပြချက်က ၇၁ ရာခိုင်နှုန်းမမှန်ကန်ကြောင်းကို အမေရိကန် ရောဂါပိုး မွှားထိန်းချုပ်မှုနှင့်ကာကွယ်တားဆီးမှု

Wednesday, June 24, 2015

ထိုင်း-မြန်မာ ဘောလုံး ဗိုလ်လုပွဲလက်မှတ် ဈေးတင်ရောင်းချမှု စုံစမ်းစစ်ဆေးမည်


စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ထိုင်း-မြန်မာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်မှတ်တွေကို ဈေးနှုန်းတင် ရောင်းချမှုကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဂိုးဒင်းမြန်မာ အဖွဲ့က ပုံမှန်ထက် ဈေးနှုန်း ပိုတင်ရောင်းခဲ့တာကို စုံစမ်းတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ဆီးဂိမ်းကျင်းပရေးကော်မတီ (SINGSOC)ကို ကိုးကားပြီး စင်ကာပူ အခြေစိုက် ချာနယ် နယူးအေးရှား သတင်းက ရေးပါတယ်။
ကနဦးက အုပ်စုလိုက် ၀ယ်ယူတဲ့အတွက် လက်မှတ်စောင်ရေ ၂၀၅၀ ကို ဒီအဖွဲ့ကို

"ထိုင်၊ထ စနစ်နဲ့ မဲခွဲရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ"


"မဲခွဲတာနဲ့ပတ်သက်ပြီး ထိုင်၊ ထ ပုံစံပဲကြိုက်တယ်။ ရှင်းရှင်းလင်းလင်းဖြစ်တယ်" ဟု ယခုလွှတ်တော်ခဏနားချိန်အတွင်း သတင်းထောက်များ၏ မေးမြန်းချက်ကို
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။
ဇွန် ၂၅ ရက်တွင် ခြေဥပြင်ဆင်ရေးဆွေးနွေးချက်များအပေါ် လွှတ်တော်အတည်ပြုချက်ရယူမည်ဖြစ်ပြီး မည်သည့်ပုံစံဖြင့်

Friday, June 19, 2015

clean,good ....ဘာညာ သရကာပေါ့










တော်လိုက်တဲ့သား


=============
အဖေ“ဟေ…. ဘာလဲသား”
“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”
“ဟင်…မင်းဆရာမကို သွားမတိုင်ဘူးလား”
“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”
“အေး…သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”
“ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းတယ်အဖေ၊ အဲဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကိုဆင့်ခေါ်ပြီး ဆရာမစိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့”

တပ်သားသစ်စုဆောင်းခြင်းအရေး ရတက်မအေးရင်လေးစရာ


(ဆောင်းပါး)

အခုတလော လူမှုရေးကွန်ယက် အွန်လိုင်းထဲမှာရော ပြည်တွင်းပြည်ပ သတင်းစာ၊ ဂျာနယ်၊ သတင်းဌာနတွေကပါ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တချို့ တို့က တပ်သားသစ် စုဆောင်းရေးကို ပုံမှန်ထက် ထပ်တိုး လုပ်ဆောင်ခြ င်းကြောင့် ဒေသခံ ပြည်သူလူထုတို့ထံမှ မကြားစဖူးကြားရသည့် ညည်းညူ သံေ တွဖေါ်ပြ ရေးသားထုတ်လွှင့်တာ နေ့စဉ်လိုလို သိရ၊ဖတ်ရ၊ကြား ရတော့ ရတက်မအေးရင်လေးစရာ ဖြစ်ရသည်။ ဤကိစ္စကို တိုင်းရင်းသား အဖွဲ့အစည်းတွေက

ဖားကန့်ရဲတပ်ရင်း ဗုံးဖြင့်ပစ်ခတ်ခံရ၊ ရဲအရာရှိ ၂ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဇွန် ၁၇ ရက်နေ့ညက အစိုးရရဲလုံခြုံရေးတပ်ရင်းတွေ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖားကန့်ရဲစခန်းက ပြောပါတယ်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာ၇ီ မိနစ် ၃၀ အချိန် ဆိတ်မူကျေးရွာအုပ်စု နတ်မော်ရွာမှာရှိတဲ့ အစိုးရလုံခြုံရေး ရဲတပ်ရင်း အမှတ် ၃၀ ကို ကေအိုင်အေဘက်က လက်ပစ်ဗုံးနဲ့ လှမ်းပစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ

Thursday, March 26, 2015

ငမ်းပြိုကျသဖြင့် ဗီယက်နမ် အလုပ်သမားများ သေဆုံး





ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်၊ Vung Ang စီးပွားရေးဇုံတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း တခုမှ ငြမ်းပြိုကျတဲ့အတွက် အနည်းဆုံး အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ၃၀ ခန့်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက အုတ်ကျိုးအုပ်ပုံများအကြား ပိတ်မိသေဆုံးသူများကို ရှာဖွေလျက်ရှိပါတယ်။

အလုပ်သမားအားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြပြီး စက်မှုလုပ်ငန်းနယ်မြေအတွင်း ဆိပ်ကမ်းရှိ ကမ်းခြေရေကာတာ စီမံကိန်းမှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

BBC Burmese

လွှတ်တော်ကို တင်ပြတဲ့ တိုးမြှင့်မည့် ၀န်ထမ်းလစာနှုန်းထားများ

26 March 2015 







ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများ ဆက်လက် တိုးမြှင့်မည့် လစာပမာဏ ကို တင်ပြသွားသည်။

Hluttaw Channel

မြန်မာလူငယ်များ အလယ်တန်းပညာ ပြီးဆုံးအောင် မသင်ကြားနိုင်


 

26 March 2015 

 မြန်မာလူငယ်တ၀က်လောက်ဟာ အလယ်တန်း ပညာ ကိုတောင် ပြီးအောင်မသင်နိုင်ပဲ သင့်တင့် ကောင်းမွန်တဲ့ အလုပ်အကိုင်ရဖို့ အလားအလာလည်း နည်းပါးနေတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင် ၀င်ရောက်လာတဲ့ လူငယ်အများအပြားဟာ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှု

Wednesday, March 25, 2015

တင်ပါးဒဏ်ရာကြောင့် ယူရိုခြေစစ် ပွဲစဉ်ကို စတာရစ်ခ်ျ လွဲချော်


 
 
လီဗာပူးလ်အသင်း တိုက်စစ်မှူးစတာရစ်ခ်ျသည် တင်ပါးဒဏ်ရာကြောင့် အင်္ဂလန်အသင်း ယှဉ်ပြိုင် ကစားရမည့် ယူရိုခြေစစ် ပွဲစဉ်တွင် ပါဝင် နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ အင်္ဂလန် အသင်းသည် လာမည့် သောကြာတွင် ယူရို ၂၀၁၆ ခြေစစ် ပွဲစဉ် အဖြစ် လစ်သူယေးနီးယားနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး နောက် (၃) ရက်အကြာတွင် အီတလီနှင့် ခြေစမ်းပွဲစဉ်အဖြစ် ဆက်လက်

တစ်ထောင်တန်အတုများ သယ်လာသည့် အိန္ဒိယ နိုင်ငံသားနှစ်ဦးကို အမှုဖွင့်

25-3-2015

မြန်မာငွေကျပ် တစ်ထောင်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသော အိန္ဒိယနိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အိန္ဒိယနိုင်ငံအခြေစိုက် Fox Star Studio မှ ပုဂံဒေသသို့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရန်လာ သော ရိုက်ကူးရေးအဖွဲ့ဝင် ဆယ့် နှစ်ဦးထံမှ မြန်မာကျပ်ငွေ တစ် ထောင်တန်ပုံစံတူ ၃၆၃ သိန်းခန့် တွေ့

လီကွမ်ယု၏ ရုပ်အလောင်းကို စင်ကာပူ နိုင်ငံသားများ စီတန်း ဂါရဝပြုနှုတ်ဆက်

 

 Wednesday, March 25, 2015

စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ရုပ်အလောင်းကို ပါလီမန် အဆောက်အအုံတွင် ပြသထားရာ စင်ကာပူ နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်စီတန်း ဂါရဝပြု နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မတ်လ ၂၃ ရက်က အသက်(၉၁)နှစ် အရွယ်တွင် ကွယ်လွန်သွားသည့် လီသည် ခေတ်သစ် စင်ကာပူနိုင်ငံကို ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု တစ်ခုအဖြစ် တည်ဆောက်ပြခဲ့သည့် နိုင်ငံတော်

ဒီဂီယာကို နင်းခဲ့မှုဖြင့် စကာတယ်ကို အက်ဖ်အေစွဲချက်တင်




 Wednesday, March 25, 2015

လီဗာပူးနောက်ခံလူ မာ တင်စကာတယ်သည် တနင်္ဂနွေ  နေ့က မန်ယူနှင့်ပွဲတွင် မန်ယူဂိုး သမား ဒီဂီယာကို နင်းခဲ့မှုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ် အေ၏ စွဲဆိုခြင်းခံနေရသည်။
စကာတယ်သည် ထိုပွဲတွင် ပွဲပြီးခါနီး၌ ဒီဂီယာကို ပြစ်ဒဏ် ကျုးလွန်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကွင်းလယ်ဒိုင်နှင့် လက်ထောက် ဒိုင်များက မမြင်ခဲ့သော်လည်း နောက်ကြောင်းပြန် ရုပ်သံပြကွက် များဖြင့် အဖွဲ့ချုပ်က

ဗိုလ်စောဆန်းအောင် အရေး DKBA အခက်ကြုံနေ

ဗိုလ်မှူးကြီး စောဆန်းအောင် (ဓာတ်ပုံ – ကရင်အမျိုးသား မီဒီယာ Facebook မှ)




Wednesday, March 25, 2015
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကို တကျော့ပြန်ရောက်လာတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် အဖွဲ့အတွင်း ပြန်လက်ခံရေး၊ လက်မခံရေး ကိစ္စနဲ့ ပတ်သက်ပြီး DKBA အတွင်းမှာ အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။
အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြယ်မှာကို စိုးရိမ်တဲ့ အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်

Tuesday, March 24, 2015

ရီးရဲလ်ကို သွင်းခဲ့သည့်ဂိုးမှာ အရေးပါဆုံးဂိုးဖြစ်ဟု ဆွာရက်ဇ်ပြော

 
 
ယမန်နေ့က ရီးရဲလ်မက်ဒရစ်ဘက်သို့ သွင်းယူခဲ့သောဂိုးမှာ ဘာကာအတွက် မိမိ၏ အရေးအပါဆုံးဂိုးဖြစ်သည်ဟု လူးဝစ်ဆွာရက်ဇ်ကပြောကြားလိုက်သည်။ အဆိုပါပွဲစဉ် ၅၆ မိနစ်တွင်  ဆွာရက်ဇ်သွင်းယူခဲ့ သော ဂိုးမှာ ပွဲအတွက် အဆုံးအဖြတ်နှင့် ဘာကာအတွက် အနိုင်ဂိုးဖြစ်သွားသည်။
‘‘အခုအချိန်မှာတော့ အဲဒီ ဂိုးဟာ ကျွန်တော်အသင်းအတွက်သွင်းခဲ့သမျှထဲမှာ အရေးအပါဆုံး ဂိုးဖြစ်ပါ

ဆောင်းတစ်ညနှင့် ဆိုးသွမ်းသော ကျွန်ုပ်အမတ်မင်း

 

 Tuesday, March 24, 2015

နိုနိုင်ငံရေးဆိုတာ ဘာမှန်းလဲတောင်မသိဘူးဗျ။ ဒါပေမဲ့ လျှော့တွက်ရင်တော့ မှားသွားလိမ့်မယ်။လက်ရှိအမတ်မင်းနော်။ နိုင်ငံရေးဝါသနာပါလို့ ဒီ လောကထဲရောက်လာတာ မဟုတ်ဘူး။ နိုင်ငံရေးဝါသနာပါလို့လည်း မဖြစ်ဘူး။ ပါရင်ဒီလောကထဲ မရောက်ဘဲ သံတိုင်တွေကြား၊ အုတ်တံတိုင်းတွေကြားထဲပဲရောက် သွားမှာပေါ့ မဟုတ်ဘူးလား။
မျက်စိရှုပ်သွားပြီထင်တယ်။ ပြောပြပါ့မယ်။ ကျုပ်က စီးပွားရေးသမားလေ။   တိုင်းပြည်ဘယ် လောက်ပဲ ဆင်းရဲဆင်းရဲ လာဘ် မြင်တဲ့သူတစ်ယောက်မို့လို့ အခု လိုဖြစ်လာတာပဲ။ အခု စာနယ်ဇင်းမီဒီယာသမားတော်တော်များများ က စစ်အစိုးရမကောင်းကြောင်းနဲ့

လီကွမ်ယုကွယ်လွန်မှု ဝမ်းနည်းခြင်းမှတ်တမ်း စင်ကာပူသံရုံးတွင် လက်မှတ်ရေးထိုးနိုင်

 
Tuesday, March 24, 2015
 စင်ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကွယ်လွန်ခြင်း အား ဝမ်းနည်းမှုမှတ်တမ်းအနေ ဖြင့် စင်ကာပူသံရုံးတွင် မတ်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း မည် သူမဆိုလာရောက်လက်မှတ်ရေး ထိုးနိုင်ကြောင်း စင်ကာပူသံရုံးမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကွယ်လွန်မှု အတွက် မြန်မာနိုင်ငံမှ

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးပေးမည့် လစာနှုန်းထား ၂၅ ရက် ကက်ဘိနက်အစည်းအဝေးအပြီးတွင် လွှတ်တော်သို့ ပေးပို့နိုင်မည်ဟုဆို

 

 Tuesday, March 24, 2015

ရုံးဆင်းချိန် ၀န်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
 နိုင်ငံ့ဝန်ထမ်းများ အား တိုးမြှင့်ပေးမည့် လစာနှုန်း ထားသတ်မှတ်ချက်များကို မတ် လ ၂၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး (ကက်ဘိနက်)၌ အတည်ပြု သတ်မှတ်မည်ဖြစ်ကာ ယင်းအ စည်းအဝေးအပြီးတွင် လျာထား

လီမင်ဟိုနဲ့ ဆူဇီ ချိန်းတွေ့နေတယ်လို့ အေဂျင်စီတွေ အတည်ပြု

 

 Tuesday, March 24, 2015

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုနှင့် သရုပ်ဆောင်အဆိုတော် ဆူဇီတို့ ချိန်းတွေ့နေသည်မှာ တစ်လခန့် ရှိပြီဟု လီမင်ဟို၏ အေဂျင်စီနှင့် ဆူဇီ၏ အေဂျင်စီတို့က မတ်လ ၂၃ ရက်တွင် အတည်ပြုပြော ကြားလိုက်သည်။
ကေဒရာမာကြယ်ပွင့် လီမင် ဟိုနှင့် miss A ကေပေါ့ပ်အဖွဲ့ ဝင်ဆူဇီတို့

Friday, March 13, 2015

ဖမ်းဆီးခံရသူများ မလွှတ်မချင်း လွှတ်တော်လုပ်ငန်းစဉ်များ မပါဝင်ဟု ဗကသထုတ်ပြန်

 ပင်မသပိတ်စစ်ကြောင်း မှ ဖမ်းဆီးခံရသည့် ကျောင်းသား များနှင့် ၀န်းရံသူများ မလွတ် မြောက်မချင်း လွှတ်တော်လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် မည်မဟုတ်ကြောင်း ရန်ကုန်သို့ ရောက်ရှိနေသည့် ပင်မသပိတ် စစ်ကြောင်းမှ ဗကသများအဖွဲ့ ချုပ်ကျောင်းသားများက မတ်လ ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ် ပြန်ခဲ့သည်။
ဗကသများအဖွဲ့ချုပ်သည် လွှတ်တော်လုပ်ငန်းစဉ်များကို ဆက်လက်ပါဝင်လုပ်ဆောင်ရန်

Tuesday, March 10, 2015

ကျောင်းသားတွေကို ရဲတွေ အကြမ်းဖက်ဖြိုခွင်း (ဘီဘီစီ သတင်း)


ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့
 

10 March 2015

လက်ပံတန်းမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ထားတဲ့ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းလိုက်ပါပြီ။

သပိတ်မှောက် ကျောင်းသားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့ရာမှာ အများအပြား ထိခိုက် ဒဏ်ရာရသွားပြီး ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် ပဲခူး စစ်ကြောင်းက ကျောင်းသား

ထိုင်းရွှေဆိုင်ဖောက်ထွင်းသူ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ



ဓာတ်ပုံ – thairath, the nation

10 March 2015

ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထပူရီခရိုင် ဘန့်ဘိုးထောင်းမြို့နယ်မှာ ထိုင်းဘတ်ငွေ ၁၄ သန်းတန်ဖိုးရှိ ရွှေထည်ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက်က ယောင်ဝရတ်လို့ခေါ်တဲ့ ရွှေဆိုင်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပြီး အဓိက တရားခံဖြစ်တဲ့ မြန်မာအလုပ်သမား ကိုချိုင်း ( ယာယီအလုပ်သမားကဒ်ပါ အမည် သက်ဇင်ဝင်း အဘ ဦးမြင့်အောင်) နဲ့ သူ့ဇနီး မမုဆ တို့ကို မတ်လ ၉ ရက် ည ၇ နာရီကျော်အချိန် ထိုင်းမြောက်ပိုင်းဒေသအစပ်

ပင်မကျောင်းသားသပိတ်ကို ရိုက်နှက်ဖြိုခွင်း၊ ရာနဲ့ချီဖမ်းဆီး

လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြစဉ်။ Photo: Aung Ko Ko/RFA

10 March 2015


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က ရိုက်နှက် ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ထွက်ပြေးတဲ့အချိန်အထိ ရဲတပ်ဖွဲ့က လိုက်လံ ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့်

ကျောင်းသားသပိတ်ကိုင်တွယ်မှု သမ္မတပြောခွင့်ရ တုံ့ပြန်


10 March 2015


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ ကျောင်းသားတွေကို ဒီကနေ့မှာပဲ မြန်မာအစိုးရက ရဲအင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားတွေ၊ နောက် ကျောင်းသားတွေကို ကူညီပေးနေတဲ့ လက်ပံတန်း ဒေသခံတွေကိုရော သတင်းရယူနေတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရသလို သတင်းဌာန အသီးသီးက ဖော်ပြလာကြတဲ့ သတင်းဗွီဒီယိုတွေထဲမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရဲအင်အား အလုံးအရင်းနဲ့ ၀ိုင်းဝန်း

ဖမ်းဆီးခံကျောင်းသားတွေ ကို ပြန်လွှတ်ပေးဖို့ ၈၈ အဖွဲ့တောင်းဆို

လက်ပံတန်းမြို့မှာ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မတ်လ ၁ဝ ရက်နေ့က ရုန်းရင်း ဆန်ခတ် ဖြစ်ကြစဉ်။ Photo: Aung Ko Ko/RFA  
 10 March 2015
 လက်ပံတန်းမြို့က ကျောင်းသား သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်းဆို လိုက်ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဆွေးနွေး အဖြေရှာတာမျိုးမဟုတ်ဘဲ အခုလို အကြမ်းဖက်ဖြိုခွင်း

အာဂျင်တီးနား ရဟတ်ယာဉ်ပျက်မှု စုံစမ်း စစ်ဆေးနေ

ရဟတ်ယာဉ် နှစ်စီး ပျံတက်ပြီး မကြာမီမှာ တိုက်မိခဲ့ 

10 March 2015

အာဂျင်တီးနား နိုင်ငံက လူသူ အရောက်နည်းတဲ့ ဒေသ တစ်ခုမှာ ရုပ်သံ အစီအစဉ် ရိုက်ကူးတဲ့ ရဟတ်ယာဉ် နှစ်စင်း တိုက်မိပြီး ပျက်ကျခဲ့လို့ လူ ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီ သေဆုံးသူတွေ ထဲမှာ ပြင်သစ်