Tuesday, March 24, 2015

လီကွမ်ယုကွယ်လွန်မှု ဝမ်းနည်းခြင်းမှတ်တမ်း စင်ကာပူသံရုံးတွင် လက်မှတ်ရေးထိုးနိုင်

 
Tuesday, March 24, 2015
 စင်ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကွယ်လွန်ခြင်း အား ဝမ်းနည်းမှုမှတ်တမ်းအနေ ဖြင့် စင်ကာပူသံရုံးတွင် မတ်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း မည် သူမဆိုလာရောက်လက်မှတ်ရေး ထိုးနိုင်ကြောင်း စင်ကာပူသံရုံးမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကွယ်လွန်မှု အတွက် မြန်မာနိုင်ငံမှ
စင်ကာပူ နိုင်ငံသားများအပြင် မည်သူမဆို ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြု လုပ်နိုင်ရန် ရည်ရွယ်ကာ စီစဉ်ရ ခြင်းဖြစ်သည်ဟု စင်ကာပူသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘စင်ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုက မြန်မာနိုင်ငံ က ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး ဖြစ်တာကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ပေးတာ ပါ’’ဟု ၎င်းက ဆိုသည်။
အဆိုပါ စင်ကာပူဝန်ကြီး ချုပ်ဟောင်း လီကွမ်ယုသေဆုံး ခြင်းဝမ်းနည်းမှုအထိမ်းအမှတ် လက်မှတ်ရေးထိုးပွဲကို  မတ်လ ၂၃ ရက်တွင် နေ့လယ် ၁၂ နာရီမှ ၅ နာရီအတွင်း ၊ ၂၄ ရက်မှ ၂၈ ရက်တွင် နံနက် ၉ နာရီမှ ၄ နာရီခွဲအတွင်းနှင့် နောက်ဆုံးနေ့ ၂၉ ရက်တွင် နံနက် ၉ နာရီမှ ၅ နာရီအထိ စင်ကာပူသံရုံး၌ မည်သူမဆို မှတ်ပုံတင်နှင့်တကွ လာရောက်လက်မှတ်ရေးထိုးနိုင် သည်။
စင်ကာပူနိုင်ငံဝန်ကြီးချုပ် ဟောင်း လီကွမ်ယုသည် အဆုတ် ရောင်ဂါဝေဒနာကြောင့် ဖေဖော် ဝါရီ ၅ ရက်မှစ၍ ဆေးရုံတက် ကုသမှုခံယူနေရကာ   မတ်လ ၁၇ ရက်တွင် ကျန်းမာရေးပိုမိုဆိုး ရွားလာပြီး မတ်လ ၂၃ ရက် အစောပိုင်းက စင်ကာပူအထွေ ထွေဆေးရုံကြီး၌    ကွယ်လွန်ခဲ့ ခြင်းဖြစ်သည်။

No comments:

Post a Comment