Tuesday, March 10, 2015

ကျောင်းသားတွေကို ရဲတွေ အကြမ်းဖက်ဖြိုခွင်း (ဘီဘီစီ သတင်း)


ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့
 

10 March 2015

လက်ပံတန်းမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ထားတဲ့ လုံခြုံရေးရဲတွေက ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းလိုက်ပါပြီ။

သပိတ်မှောက် ကျောင်းသားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့ရာမှာ အများအပြား ထိခိုက် ဒဏ်ရာရသွားပြီး ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် ပဲခူး စစ်ကြောင်းက ကျောင်းသား ၁၀၇ ဦး၊ ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီး ခံခဲ့ကြရပါတယ်။

ဆန္ဒပြ ကျောင်းသားတွေက အစိုးရ ကမ်းလှမ်းသလို ရန်ကုန်ကို ကားနဲ့ သွားဖို့ မူလက သဘောတူ ခဲ့ပေမယ့် ကားပေါ်မှာ အလံ လွှင့်ထူခွင့်နဲ့ သီချင်း ဖွင့်ခွင့်တွေကို တော့ အာဏာပိုင်တွေက ခွင့်ပြုဖို့ နောက်ပိုင်းမှာ ငြင်းဆန်ခဲ့ပါတယ်။

သပိတ်မှောက် ကျောင်းသားတွေက သူတို့ သတ်မှတ်ထားတဲ့ အချိန် ၁၁ နာရီ ၄၅ မိနစ် ကျော်လွန် လာပြီးတဲ့နောက် ရဲတွေ တားထားတဲ့ စည်းကို ဖောက်ထွက်ဖို့ ကြိုးစားရာမှာ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတွေက အကြမ်းဖက် ဖြိုခွင်း ခဲ့တာပါ။

ကျောင်းသားတွေက ရဲတွေ တားထားတဲ့ စည်းကို ဖောက်ထွက်ဖို့ ကြိုးစား

ရိုက်နှက်ခံရလို့ ဒဏ်ရာရသူ အများအပြား ရှိ

သတင်းထောက်တွေလည်း ထွက်ပြေးခဲ့ရပြီး အချို့ ရိုက်နှက်ခံရ

စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီးခံခဲ့ရ
အနီးအနားက ဘုန်းကြီးကျောင်းထဲ ပြေးဝင် ခိုလှုံခဲ့တဲ့ ကျောင်းသားတွေကို ရဲတွေက လိုက်လံ ရိုက်နှက် ဖမ်းဆီးခဲ့ရာမှာ သတင်းထောက် တချို့လည်း ရိုက်နှက် ခံခဲ့ရပါတယ်။

လတ်တလောမှာ ခေါင်းဆောင်တွေလည်း တကွဲတပြား ဖြစ်နေပြီး ဖမ်းဆီးခံရသူ စာရင်းကို ထပ်ပြီး စိစစ်နေဆဲပဲလို့ ကျောင်းသားခေါင်းဆောင် ကိုသီဟဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

လက်ပံတန်း မှာ ကျောင်းသား သပိတ် စစ်ကြောင်းကို ရဲတွေ ပိတ်ပင်ထားတဲ့ အခြေအနေကနေ ဒီနေ့ နေ့လည်ပိုင်း ၁ နာရီကျော်မှာတော့ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ရဲတွေက ရိုက်နှက် ဖြိုခွင်းခဲ့ပါတယ်။ ရုတ်ရုတ်သဲသဲ အခြေအနေတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေ အတော်များများ ဒဏ်ရာရခဲ့သလို အားလုံး ထွက်ပြေး ကြရပါတယ်။
နောက်ဆုံး အခြေအနေတွေကို သိရဖို့ အဲဒီနေရာကို သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

Post a Comment