Sunday, March 8, 2015

အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ဘရက်ဒ်ဖို့နှင့် ရီဒင်း ဂိုးမရှိသရေကျ

 

စနေနေ့ ညပိုင်း အက်ဖ်အေဖလားကွာတား ဖိုင်နယ်ပွဲတွင် ဘရက်ဒ်ဖို့နှင့် ရီဒင်းတို့ ဂိုးမရှိသရေကျခဲ့သဖြင့် ဒုတိယ အကျော့ပြန်ကစား၍ ဆီမီးတက်ရန် ကြိုးစားရမည်ဖြစ်သည်။
နှစ်သင်းစလုံးမှာ အခွင့်အ ရေးအချို့ရခဲ့သော်လည်း ပွဲမှာနှစ်ဖက်စလုံးအတွက် အပိုင်ဂိုး သွင်းခွင့်များ
မကြုံဘဲ ပြီးဆုံးခဲ့ရ သည်။ ဒုတိယတန်းအသင်း ဘရက်ဒ်ဖို့သည် ချယ်လ်ဆီးနှင့်ဆန်းဒါးလန်းတို့ကို  ကွာတားသို့ တက်လာရာလမ်းကြောင်း တွင် ဖြုတ်ချနိုင်သည့်အသင်းဖြစ်သော်လည်း ယခုပွဲ၌ ပထမတန်း အသင်း ရီဒင်းကို အိမ်ကွင်းတွင် ဂိုးမရခဲ့ခြင်းဖြစ်သည်။
ဘရက်ဒ်ဖို့သည် ဒုတိယပိုင်းတွင် အခွင့်အရေးများရခဲ့သော် လည်း ဂိုးမရခဲ့ဘဲ ကစားသမားများ တွန်းတွန်းတိုက်တိုက်ကစား ခြင်းဖြင့်သာ ပြီးဆုံးခဲ့ရသည်။
ထို့ကြောင့် ထိုနှစ်သင်းသည်မတ်လ ၁၆ ရက်တွင် ပြန်ကစားရမည်ဖြစ်ပြီး နိုင်သောအသင်းမှာ ဆီမီးဖိုင်နယ်တက်မည်ဖြစ်သည်။
ယနေ့ည တနင်္ဂနွေအက်ဖ် အေကွာတားပွဲများတွင် လီဗာပူး-ဘလက်ဘန်းပွဲရှိပြီး မန်ယူ-အာဆင်နယ်တို့သည် တနင်္လာည ကစားမည်ဖြစ်သည်။
 စနေနေ့ည ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ဆီဗီလာက အဝေးကွင်း၌ ဒီပို့ဒီပိုကို ၄−၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘွန်ဒက်စ် လီဂါတွင် ဘိုင်ယန်မြူးနစ်က ဟန် အိုဗာကို အဝေးကွင်း၌ နောက်မှလိုက်ကစားရသော်လည်း ၃−၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပရီးမီးယားလိဂ် လက်ကျန် ပွဲတွင် စပါးက ကျူပီအာကို တိုက် စစ်မှူး ဟယ်ရီကိန်း၏ သွင်းဂိုး များဖြင့် ၂−၁ဂိုးဖြင့် နိုင်ခဲ့သည်။
—Ref: BBC

No comments:

Post a Comment