Sunday, March 8, 2015

ဆယ်ကျော်သက် တစ်ယောက်လို နုပျိုလှပနေဆဲဖြစ်တဲ့ အသက် ၆၀ အရွယ် တရုတ်မင်းသမီး Liu Xiaoqing

၁၉၈၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံမှာ အထင်ကရ နာမည်ကြီးမင်းသမီးတွေထဲက တစ်ဦးဖြစ်သူ Liu Xiaoqing ဟာ ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ဆိုရင်
အသက် ၆၀ တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ သူမရဲ့ ပြောင်းလဲခြင်းမရှိတဲ့ အလှအပကြောင့် Ms. Liu ကို တရုတ်နိုင်ငံမှာ “Frozen Beauty” လို့ ခေါ်ဆိုကြပါတယ်။
ပလတ်စတစ်ခွဲစိတ်ကုသမှု တစ်ခါမှ မလုပ်ဖူးဘူးလို့ သူမက ပြောပါတယ်။ သူမဟာ အသက် ၃၀ အရွယ်မှာ ပြည်မကြီး ရုပ်ရှင်ကားတွေရဲ့ အဓိကသရုပ်ဆောင်ဖြစ်ခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ မကြသေးမီအချိန်ကလည်း ဂျပန်ရုပ်မြင်သံကြားကနေ သူမကို နှစ် ၅၀ အတွင်း ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။ Xiaoqing မှာ မင်းသမီး တစ်ယောက်လည်းဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ စာရေးဆရာမတစ်ဦး အဖြစ်လည်း လူသိများ ကျော်ကြားလှသူပါ။ ၁၉၉၀ မှာ Forbes ရဲ့ ကမ္ဘာတစ်ဝှမ်းရှိ အချမ်းသာဆုံး တရုတ်စီးပွားရေးလုပ်ငန်းရှင်အယောက် (၅၀) စာရင်းမှာလည်း သူမ ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref: vibenigeria

No comments:

Post a Comment