Sunday, March 8, 2015

ချာပါတီတွေများတဲ့ မြန်မာပြည်


လက်ရှိဆန္ဒပြနေသော ကျောင်းသားကျောင်းသူများ စတင်ဆန္ဒပြသည့်အကြောင်းအရာမှာ လွှတ် တော်ကအတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်ဖြစ်ပါတယ်။ အစိုးရအနေနှင့် လည်း ဆန္ဒပြကျောင်းသားကျောင်းသူများ၏ တောင်းဆိုချက်များကို လေးပွင့်ဆိုင် ဆွေးနွေးစေခဲ့ပါတယ်။ သို့သော် ဆွေးနွေးပွဲများပြုလုပ်သည်နှင့် သပိတ်ကိုရပ်ထားရမည်ဟု သဘောတူညီချက်ကို ဆန္ဒပြသူများ ကလည်း သဘောတူညီခဲ့ကြပါတယ်။ မူလတောင်းဆိုချက် ၁၁ ချက်အား ဆွေးနွေးသည့်
ရက်တွင်လည်း ကျောင်းသားများဘက်မှ အခြေခံမူဘောင် တောင်းဆိုချက် ၉ ချက်ကို
ထပ်မံတောင်းဆိုခဲ့သော်လည်း အစိုးရက အားလုံးလိုက်လျောခဲ့ပါတယ်။ သို့သော်လည်း ကျောင်းသား
သပိတ်များကတော့ ရပ်တန့်မသွားခဲ့ ပဲ ရန်ကုန်သို့ ဦးတည်၍ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
NNER က စိတ်ကြိုက်ပြင်ဆင်ရေးဆွဲထားသော ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြခဲ့ရာ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် နှင့် ပြည်ထောင်
စုလွှတ်တော်တို့တွင် ဆွေးနွေးအတည်ပြုရန် ပြင်ဆင်လျက်ရှိပြီး ပြန်လည်ကြားနာမည်ဟု ကြေညာချက်
ထုတ်ပြန်ခဲ့ပါတယ်။ ကျန်ကျောင်းသားသပိတ်စစ်ကြောင်းတွေကတော့ လွှတ်တော်ရဲ့ထုတ် ပြန်ချက်
ကို ကျေနပ်လက်ခံကာ လူစုခွဲပြီး နေရပ်အသီးသီးသို့ပြန်သွားခဲ့ကြသော်လည်း လက်ရှိ ဗကသ ဦးဆောင်သည့် သပိတ်စစ်ကြောင်းကတော့ ရပ်တန့်မှုမရှိဘဲ လက်ပံတန်းမြို့မှာ ဆက်လက်ဆန္ဒပြလျက်ရှိ ပါတယ်။ NNER ကရေးဆွဲခဲ့သည့် ဥပဒေမူကြမ်းဟာ အငြင်းပွားစရာများဖြစ်နေကာ ထပ်တိုးပုဒ်မများ အတွက်လည်း လက်မခံသည့်အင်အားစုများစွာရှိနေပြီး အကြံပြုချက်များပေးပို့နေမှုများကိုလည်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြပေးလျက်ရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
အစိုးရက မေတ္တာရပ်ခံထားခြင်းဟာလည်း လွှတ်တော်၏ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်အထိ သပိတ်ကိုရပ်နားထားဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်း ဆန္ဒပြကျောင်းသားများက NNER က ရေးဆွဲသည့် ဥပဒေကိုသာ တစ်လုံးမကျန်ပြင်ဆင်ပေးရန် ဇွတ်အတင်းတောင်းဆိုလျက်ရှိသဖြင့် မလိုလားအပ်ပဲ ပိတ်ဆို့ တားဆီးနေရခြင်းဖြစ်ပါတယ်။ ဒါကိုအကြောင်းပြပြီး ရန်ကုန်မြို့မှာလည်း ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းတားဆီးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပုံရိပ်ကိုလည်း များစွာကျဆင်းစေပါတယ်။ သို့သော်လည်း အစိုးရအနေနဲ့ အကြောင်းမဲ့ ဆူပူလှုပ်ရှားမှုများမဖြစ်ပေါ်စေရေးအတွက်သာ ဖမ်းဆီးထိန်း သိမ်းခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လည်စေလွှတ်ပေးခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ၇.၃.၂၀၁၅ ရက်နေ့မှာတော့ နိုင်ငံရေးအဖွဲ့အစည်း ၂၃ ဖွဲ့က အချက် ၇ ချက်ပါ သော မေတ္တာရပ်ခံတိုက်တွန်းချက်ကို သမ္မတထံပေးပို့ခဲ့ပါတယ်။ အဲဒီ ၇ ချက်မှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ လက်ပံတန်းကကျောင်းသားတွေနဲ့ အခြားမြို့များမှာ ဆန္ဒပြနေတဲ့ကျောင်းသား
တွေကို အကြမ်းမဖက်ရန်၊ ဆန္ဒြုပကျောင်းသားတွေရဲ့ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ဦးဆောင်သူများနှင့် အစိုးရတို့ အမြန်ဆုံးညှိနှိုင်းပေးပါရန် မိမိတို့အင်အားစုများမှ အလေးနက် မေတ္တာရပ်ခံတိုက်တွန်းကြောင်း၊မိမိတို့အင်အားစုများသည် ကျောင်းသား
များဘက်မှ ရပ်တည်လျက်ရှိပါကြောင်း မေတ္တာရပ်ခံတိုက်တွန်းဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါဟာ လွဲမှားစွာ ဆန္ဒပြနေသူတွေအပေါ် မေတ္တာရပ်ခံရမည့်အစား သမ္မတထံ မှားယွင်းစွာ တင်ပြမှုပဲဖြစ်ပါတယ်။
လက်ပံတန်းက ထိုင်သပိတ်ဆန္ဒပြကျောင်းသားကျောင်းသူတွေအပေါ် အစိုးရက အကြမ်းမဖက်ပဲ ပိတ်ဆို့ တားဆီးထားခြင်းကိုလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ကျောင်းသားတို့ကို ငဲ့၍လား၊ ဆွေးနွေးပွဲစတာနဲ့ သပိတ်ရပ်ပါ့မယ်လို့ လက် မှတ်ထိုးထားပြီး ဆက်လက်ဆန္ဒပြမှုကို တားဆီးနေရခြင်းသာဖြစ်ကြောင်းကို ကလေးကအစ သိပြီးဖြစ်ပါ တယ်။ ဒါကိုတော့ အစိုးရရဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်လိုခြင်းတစ်ခုတည်းနဲ့ သပိတ်စစ်ကြောင်းကို အားပေးအားမြှောက်လုပ်နေဖို့ မသင့်ဘူးလို့ထင်ပါတယ်။ အမျိုးသားပညာရေးဥပဒေဆိုတာဟာလည်း ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့ အစိုးရအဆက်ဆက် လက်ခံကျင့်သုံး အကောင်ထည်ဖော်သွားရမည့် အရေးကြီးတဲ့ ဥပဒေကြီးတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုသာ လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒါကို ဇွတ်အတင်းကြိတ်မှိတ်ပြီး မှားယွင်းနေတဲ့ဆန္ဒပြမှုကို ၀ိုင်းဝန်းထိန်းသိမ်းဖို့မကြိုးစားပဲ အားပေးအားမြှောက်ပြုနေတဲ့ ပါတီတွေရဲ့ လုပ်ရပ်ဟာ အင်မတန်စိတ်ပျက်စရာကောင်းလှပါတယ်။ ဒီလို ‘ချာပါတီတွေများနေတဲ့ မြန်မာပြည်’ မှာ ဆက်လက် ပုခုံးပြောင်းတာဝန်ယူကြရမည့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက်တော့ ရင်လေးစရာပဲဖြစ်ပါတယ်။
သူရိန်ထွန်း(ဓနုဖြူ)
Oppositeye myanmar

No comments:

Post a Comment