Tuesday, July 29, 2014

လူသစ်စုဆောင်းခံရသော ဒေသခံကချင်လူငယ်တစ်ဦး အလင်းဝင်




ဇူလိုင် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်၊၀ါရှောင်ကျေးရွာနေ ဒေသခံကချင်လူငယ်တစ်ဦးအား ဇူလိုင် ၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ လူသစ်အဖြစ် စုဆောင်းသွားခဲ့ရာ ဇူလိုင် ၂၈ ရက်နေ့တွင် အလင်းဝင် ရောက်လာခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးမှ သိရသည်။
အလင်းဝင်ရောက်လာသော ဒေသခံလူငယ်မှာလွန်းတောင်(၂၅)နှစ်၊(ဘ)ဦးဒေါင်းလွမ်း၊ ရပ်ကွက်(၅)၊

ဝါရှောင်ကျေးရွာ နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက တောင်ယာသို့ သွားစဉ် ၀ါရှောင်ကျေးရွာနှင့် လမြန်ကျေးရွာအကြား တွင် KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လွန်းတောင်က ပြောကြား ခဲ့သည်။

“ အစကတည်းက အတင်းအကြပ်ဖမ်းသွားတာဆိုတော့ KIA ထဲ ဘယ်ဝင်ချင်ပါ့မလဲ၊ ပြီးတော့ အောက်ခြေ စစ်သားတွေက ရိက္ခာလည်း လုံလုံလောက်လောက် ရတာမဟုတ်ဘူး၊ လစာဆိုတာကလည်း မဖြစ်စလောက် ရတာ၊ KIA တပ်ဖွဲ့ထဲ မရောက်ခင် အခုလို ပြန်လာနိုင်တာ ကောင်းပါတယ် ” ဟု ၀ါရှောင်ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဒေသခံ ကချင်လူငယ်များအား အတင်းအကြပ်ဖမ်းဆီးမှုများကြောင့် မြို့/ရွာများတွင် မနေထိုင် တော့ဘဲ ပြောင်းရွှေ့နေသည့်အတွက် KIA မှ မူးယစ်ဆေးဝါးဖြင့် မက်လုံးပေးကာ စုဆောင်းမှုများ ရှိနေကြောင်း ၀ိုင်းမော်မြို့ခံ ကျောင်းဆရာတစ်ဦးက ပြောသည်။

KIA အဖွဲ့တွင် ထိပ်ပိုင်းခေါင်းဆောင်များသာ ကြီးပွားချမ်းသာနေကြပြီး လက်အောက်ငယ်သားများမှာ လစာ၊ ရိက္ခာမလုံလောက်မှု၊ ကိုယ့်ဝမ်းစာအတွက် လယ်စိုက်စားနေရမှုများကြောင့် စိတ်ကုန်ကာ ထွက်ပြေး တိမ်းရှောင်သူ များပြားနေပြီးအချို့တပ်ဖွဲ့ဝင်များမှအလင်းဝင်ရောက်ရန်ဆက်သွယ်မှုများ ပြုလုပ်လျက် ရှိကြောင်း လွန်းတောင်က ပြောကြားသွားသည်။

ဇော်မိုင်

No comments:

Post a Comment