Tuesday, July 29, 2014

လက်ပံတောင်းပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ မှ သဘောထားထုတ်ပြန်


ဇူလိုင် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်

လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် လက်ပံတောင်းဒေသခံ
များနှင့် ဖွဲ့စည်းထားသော လက်ပံတောင်းပြည်သူ့အကျိုးစီးပွာ
ကာကွယ်စောင့်ရှောက်ရေးကော်မတီ မှ ကြေညာချက်အမှတ် (၃/၂၀၁၄) ကို ၂၀၁၄ ခုနှစ်ဇူလိုင် ၂၉

ရက်နေ့တွင်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

ကြေညာချက်တွင် အချက် ၅ ချက်ပါဝင်ပြီး လက်ပံတောင်းဒေသခံများ၏ ကြုံတွေ့နေရသော စားဝတ်နေရေး၊လူမှုရေးအခက်အခဲများနှင့် ကျေးရွာများ
အတွင်း ကျွဲ၊နွား၊ဆိတ် များကျောင်းရန် စားကျက်မြေရှားပါးလျက်ရှိ
ကြောင်းကို တင်ပြထားသည်။

“ဒီကြေညာချက်က လက်ပံတောင်းဒေသခံတွေအားလုံးရဲ့ သဘောထားအတိုင်း ထုတ်ပြန်ကြေညာထားတာပါ။ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဒုက္ခတွေကို သက်ဆိုင်ရာအဖွဲကအစည်းတွေ တင်ပြသွားမှာပါ”ဟု
လက်ပံတောင်းဒေသခံတစ်ဦးဖြစ်သူ တုံရွာမှ ကိုမင်းကပြောကြားခဲ့သည်။

လက်ပံတောင်းပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး သဘောထားထုတ်ပြန်ချက်တွင် ၂၀၁၄ ခုနှစ်ဇူလိုင် ၃၀ ရက်တွင် သက်
တမ်းတိုး ထုတ်ပြန်လိုက်သော ပုဒ်မ ၁၄၄ ကိုအပြီးတိုင် ဖျက်သိမ်းပေးရန်၊ ၁၉.၅.၂၀၁၄ တွင် ဆက်ဆံရေးရုံးတွင် သက်ဆိုင်ရာအာဏာပိုင်များက လျော်ကြေးငွေမယူထားသော လယ်ယာမြေများအားထွန်ယက်စိုက်ပျိုးခြင်း
ခွင့်ပြုမည်ဟု ကတိပေးခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ တားမြစ်သော အကြောင်းကြားစာပေးပို့ခဲ့ခြင်းကို ကန့်ကွက်ကြောင်း၊လျော်ကြေးမယူ
ထားသော မြေဧက ၂၀၀ အားသံဆူးကြိုးခတ်ကာရံထားခြင်းအားကန့်
ကွက်ကြောင်း၊နွား၊သိုး၊ဆိတ်များစားကျက်မြေများအတွင်းဝင်ရောက်ခွင့်
မပြုခြင်းကြောင့်စားကျက်မြေရှားပါးမှုကို ဖြေရှင်းပေးရန် နှင့်
လက်ပံတောင်းကြေးနီစီမံကိန်းကို အလုံးစုံ ဖျက်သိမ်းပေးရန်တောင်းဆို
လိုက်ကြောင်း ပါရှိသည့်အပြင် လက်ပတောင်းတောင်အနီး ကန်တော
ရွာဟောင်း၊နတ်ကတောင်ခြေတွင်ကျိမ်စာတိုက်ပွဲကိုပါ ဒီကနေ့ပြု
လုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို လက်ပံတောင်းဆက်ဆံရေးရုံး၊
လွှတ်တော်ကိုယ်စားလှယ်များ နှင့် စုံစမ်းရေးကော်မရှင်သို့ ပေးပို့သွား
မည်ဟု သိရသည်။

ချမ်းမင်းဟန်
သတင်းဓာတ်ပုံ-ကိုဟန်ဝင်းအောင်
The Myanmar Age

No comments:

Post a Comment