Tuesday, July 29, 2014

မိုးကြီးမြေပြိုမှုကြောင့် လိုင်ဇာအနီးရှိ စစ်ဘေးဒုက္ခသည်များ ဒုက္ခထပ်မံရောက်



Tuesday, July 29, 2014

မိုးကြီးပြီး မြေပြိုခဲ့သဖြင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့သော လိုင်ဇာမြို့အနီး စစ်ဘေးဒုက္ခသည် စခန်းများမှ ဒုက္ခသည် ခုနစ်ရာကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားရပြီးအရေးပေါ် အကူအညီများလိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။



လူဦးရေရှစ်ထောင်ကျော် နေထိုင်သည့် လိုင်ဇာမြို့နှင့်အနီး ဆုံးစခန်းဖြစ်သော ဂျေယန်းစစ် ဘေးဒုက္ခသည် စခန်းတွင် မြေပြို မှုကြောင့် တောင်ခြေမှ အိမ် ထောင်စု ၁၂၃ စုအား လုံခြုံရာနေ ရာသို့ ရွှေ့ပြောင်းထားရပြီး မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်း အိမ်ထောင်စုများအပြင် အခြားနေအိမ် ၇၆၈ လုံးမှာလည်း ပြန်လည်တည်ဆောက်ရန် လိုအပ်နေကြောင်း ဂျေယန်ဒုက္ခသည်စခန်း တာဝန်ခံဦးဝိုင်းဒူက ပြောသည်။

‘‘လောလောဆယ် အခက် အခဲဖြစ်နေတာက လွန်ခဲ့တဲ့ ၁၄ ရက်မှ မိုးရွာရေကြီးမြေပြို၊ လူ ရော အသက်ဆုံးရှုံးတာကြောင့် လောလောဆယ် တောင်ခြေနဲ့ နီးကပ်တောင်ခြေက မိသားစုဝင် တွေကို လုံခြုံတဲ့နေရာမှာ ပြောင်း ရွှေ့ထားရတယ်’’ ဟု ဦးဝိုင်းဒူက ဆိုသည်။

ဇူလိုင် ၂၄ ရက်က ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းတွင် မြေ ပြိုခဲ့သဖြင့် ကလေးငယ် သုံးဦး အပါအ၀င် ငါးဦးအသက်ဆုံးရှုံး ခဲ့ရသည်။

ဦးဝိုင်းဒူက စခန်းစတင် တည်ဆောက်သည့် ၂၀၁၁ ခုနှစ် ကပင် တည်ဆောက်ထားသည့် တဲတန်းလျားများမှာလည်း ယို ယွင်းပျက်စီးပြီး ပြုပြင်ရန် လိုအပ် နေသဖြင့် အပြည်ပြည်ဆိုင်ရာ စစ်ဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီ (IRRC)သို့တင်ပြထားကြောင်းလည်း သတင်း ရရှိသည်။

လိုင်ဇာမြို့အနီးရှိ ဖွမ်လွမ် ယန် စစ်ဘေးဒုက္ခသည် စခန်းတွင် လည်း မိုးသည်းထန်စွာ ရွာသွန်း ပြီး ချောင်းရေကြီးမှုကြောင့် အိမ် ထောင်စု ၅၁ စုကို ဘေးကင်းရာ သို့ ရွှေ့ပြောင်းထားရကြောင်းလည်း စခန်းတာဝန်ခံ ဦးတန်ဂွန်က ဆို သည်။

‘‘ဒီနှစ်ရက်၊ သုံးရက်မှာ မိုး တော်တော်ရွာတယ်။ ရေကတ အားတိုးတော့ စစ်ဘေးဒုက္ခသည် တချို့ကို ကုန်းဘက်ရွှေ့ထားရ တယ်။ စိုးရိမ်စရာ အနေအထား ရှိလို့’’ ဟု ဦးတန်ဂွန်က ဆိုသည်။

ထို့အပြင် စစ်ဘေးဒုက္ခ သည် စခန်းအများစုတွင် ရာသီ ဥတုအခြေအနေ၊ လူဦးရေနှင့် သောက်သုံးရေမမျှတမှုကြောင့် ၀မ်းပျက်ရောဂါများ၊ ငှက်ဖျားနှင့် အအေးမိဖျားနာရောဂါများ သက် ကြီးရွယ်အိုနှင့် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားကြောင်းဂျေယန်းစစ်ဘေးဒုက္ခသည် စခန်းဆေးရုံအုပ် ဦးနော်ဆန်းက ဆိုသည်။

အစိုးရနှင့် ကေအိုင်အေ အကြား ဖြစ်ပွားနေသော တိုက် ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်သည် ယာယီ စခန်းများတွင် တိမ်းရှောင်နေရသည်။

မိုးကြီး မြေပြိုမှုကြောင့် ရွှေ့ပြောင်းထားရသော စစ်ဘေးဒုက္ခသည်များအတွက် ယာယီတဲများ (ဓာတ်ပုံ − မရန်)
7Day Daily

No comments:

Post a Comment