Monday, July 28, 2014

မြက်ခင်းတု ကွင်းမှာ ရတနာပုံဘာကြောင့် မကန်ချင်ရတာလဲ

28 July 2014

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းရဲ့ အိမ်ကွင်း မြက်ခင်းတုကွင်းမှာ ကစားဖို့ အမြဲတမ်း ငြင်းဆန်ခဲ့ပေမယ့် ဒီနေ့ယှဉ်ပြိုင်ရတဲ့ မြန်မာနယ်ရှင်နယ်လိဂ် ပြိုင်ပွဲမှာတော့ ငြင်းဆန်လို့ မရတော့ဘဲ ကစားခဲ့ရပါတယ်။
ရတနာပုံ အသင်းဟာ ရန်ကုန် အသင်းအိမ်ကွင်း ဖြစ်တဲ့ မြက်တုကွင်းမှာ ကန်ဖို့အတွက် နေရှင်နယ်လိဂ်

သက်တမ်း တစ်လျှောက် ငြင်းဆန်ခဲ့ပါတယ်။ မြက်ခင်းတုကွင်းနဲ့ အသားမကျတာ၊ လုံခြုံရေး အခြေအနေကြောင့် ငြင်းဆန်ခဲ့တာလို့ ရတနာပုံအသင်းရဲ့ နည်းပြချုပ်က ပြောဆိုပါတယ်။
ဒီနေ့မှာတော့ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနဲ့ ထိုင်းအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲ ကစားနေတဲ့အတွက် ရတနာပုံအသင်းဟာ ရန်ကုန်အသင်းရဲ့ အိမ်ကွင်းမှာ လာကန်ခဲ့ရတာပါ။
အောင်ဆန်းအားကစားကွင်းလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် မြက်ခင်းတု ကွင်းပဲ ရွေးခဲ့ရတာပါ။
ထိပ်တိုက်တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရန်ကုန်အသင်းနဲ့ ရတနာပုံအသင်းတို့ဟာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ကို ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ရတနာပုံအသင်းဟာ မြက်ခင်းတုကွင်းမှာ ပထမဆုံးအကြိမ် ကစားတာလည်း ဖြစ်ပါတယ်။ အဲဒီ ပွဲမှာတော့ တစ်ဖက်နှစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

No comments:

Post a Comment