Monday, August 4, 2014

( ၅ ) ရက်ကို ( ၁၀ ) ပေါင် ဝိတ်ကျ စေတဲ့ လေ့ကျင့်ခန်း


Monday 4,August 2014

လူဝကြီး တစ်ယောက် ဟာ ဝိတ်ချ ချင်တာ ကြောင့် ကုမ္ပဏီ ကို ဖုန်းဆက် လိုက်တယ်။ ကုမ္ပဏီ ရဲ့ အစီအစဉ်တွေ ကို မေးပြီး ( ၅ ) ရက်ကို ( ၁၀ ) ပေါင် ဝိတ်ကျ စေတဲ့ လေ့ကျင့်ခန်း ကိုယူမယ် လို့ ပြောလိုက် တယ်။

နောက်နေ့ မနက်မှာ တော့ အိမ်တခါး ခေါက်သံ ကြားလို့ သွားဖွင့် ပေးလိုက်တယ်။ ၁၉ နှစ် အရွယ် ချစ်စရာ ကောင်းတဲ့အား ကစားမယ် လေး တစ်ယောက် ရပ်နေတာ တွေ့တယ်။ ကလေး တစ်ယောက် လို ဝတ်ဆင် ထား ပြီးNike အပြေး လေ့ကျင့်တဲ့ ဖိနပ် တစ်ရံ ဝတ်ဆင် ထားပြီး လည်ပင်း မှာ ချိတ်ဆွဲ ထားတဲ့ စာတစ် ကြောင်း လည်း ရှိပါတယ်။

မိန်းမ ငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီ က လွှတ်လိုက် တဲ့ ကိုယ်စား လှယ် ဖြစ်ကြောင်း မိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြ လိုက်တယ်။
"ကျွန်မကို မှီအောင်လိုက်နိုင်ရင် ကျွန်မကို ရှင်ပိုင်ပြီ"
လူဝကြီး သိပ်ရှည်ရှည် ဝေးဝေး မစဉ်းစား တော့ဘဲ မှီအောင် အတင်း ပြေး လိုက် တော့တယ်။ မိုင် အတော်လေး ပြေးပြီး တဲ့ နောက် မောဟိုက် လွန်းတာ ကြောင့် စိတ်မတင် မကျနဲ့ပဲ အရှုံးပေး လိုက်တယ်။

မိန်းမငယ်လေး က နောက်ထပ် လေးရက် စလုံး လည်းဒီလိုပဲ ရောက်လာ ပြီး ပြေး ကြတယ်။ ၅ ရက်မြောက် နေ့ မှာတော့ ကုမ္ပဏီက ကတိ ပေးထားတဲ့ အတိုင်း ( ၁၀ ) ပေါင် ဝိတ် ကျသွား မှန်း သိလိုက်တယ်။
ကျေနပ်စွာပဲ နောက်တစ်နေ့ မှာတော့ ကုမ္ပဏီ ကို ထပ် ဖုန်းဆက်ပြီး ( ၅ ) ရက်ကို ပေါင် ( ၂၀ ) ကျတဲ့ လေ့ကျင့်ခန်း ထပ်ယူ မယ်လို့ မှာလိုက် တယ်။ နောက်နေ့ မနက်မှာ အိမ် တခါး ခေါက်လို့ သွားဖွင့် ပေးလိုက်တော့ ... သူ့ ဘဝမှာ သူတွေ့ ဖူး သမျှ၊ ကြုံဖူး လာသမျှ အချော ဆုံး၊ အလှ ဆုံး လို့ ထင်ရ လောက်တဲ့ အချိုး အစား ကျကျ မိန်းမပျို လေး တစ်ယောက် ရပ်နေ တာ တွေ့ပြန် တယ်။ Reebok လေ့ကျင့် ဖိနပ် တစ်ရံက လွဲလို့ ဘာမှ ဝတ်ဆင် မထား ဘူး။ လည်ပင်း မှာ စာတန်း တစ်ခု ပဲ ရှိတယ်။ အဲ့ဒါက ...
"""ကျွန်မ ကို မှီအောင် လိုက်နိုင် ရင် ကျွန်မ ကို ရှင် ပိုင်ပြီ""" မိန်းမ ပျိုလေး က ခန္ဓာ ကိုယ့် အချိုး၊ အစား ကအစ ချောမော ပြေပြစ်၊ လှလွန်းတာ ကြောင့် ပိုပြီး ကြိုးစား ပန်းစား ပြေးလိုက် တာပေါ့။
ဒါပေမယ် ကံမကောင်းစွာ ပဲ မှီအောင် မလိုက် နိုင်ပြန် ဘူး။ နောက် ထပ်လေးရက် လည်း ဒီလိုပဲ လိုက်ကြ၊ ပြေးကြ တာ ပေါ့ဗျာ။ သူ့ခန္ဓာ ကိုယ် က ပိုပြီးကြည့် ကောင်းလာ တာက လွဲပြီး မှီအောင်တော့ မလိုက် နိုင်ခဲ့ ပါဘူး။ ( ၅ ) ရက်မြောက် နေ့မှာ တော့ သူ့ ကိုယ်သူ ပေါင် ( ၂၀ ) လျော့ကျ သွားမှန်း သိလိုက် တော့ ဝမ်းမြောက် သွားတယ်။
မ ကျေနပ်သေး ဘဲ ကုမ္ပဏီ ကို နောက် တစ်ခါ ဖုန်း ထပ်ဆက်ပြီး ( ၇ ) ရက်ကို ပေါင် ( ၅၀ ) ကျ စေတဲ့ လေ့ကျင့်ခန်း ကို မှာလိုက် တယ်။ ကုမ္ပဏီ က သေချာ အောင် ပြန်မေး တယ်။
"""ခင်ဗျား တစ်ကယ် ပဲ ဒီ လေ့ကျင့်ခန်း ကို လုပ်ချင် ပါသလား။ ဒီ လေ့ကျင့်ခန်း က ကုမ္ပဏီ ရဲ့ အရမ်း တင်းကြပ် ပြီး ပြင်းထန် တဲ့ လေ့ကျင့် ခန်း ဖြစ်လို့ပါ"""
"""အသေ အချာ ပါပဲ။ ဒီနှစ် တွေမှာ အဲ့ဒီလို အရသာ မခံစား ရတာ ကြာပြီ မို့ စမ်းသပ် ကြည့်ချင် ပါသေးတယ်""" လို့ သူ ပြန်ပြော လိုက်တယ်။
နောက် တစ်နေ့ မနက် မှာ တော့ တခါးခေါက် သံ ကြား တာနဲ့ အပြေးလေး သွားဖွင့် ပေး လိုက်ပါ တယ်။ ခန္ဓာ ကိုယ် က တောင့်တင်း ခိုင်မာ ပြီး ကြွက်သား တွေနဲ့ ဖုထစ် ထွက်နေတဲ့ လူသန်ကြီး တစ်ယောက် ရပ်နေတာကို တွေ့ လိုက်တယ်။ ပန်းရောင် ဖိနပ် တစ်ရံ ကလွဲပြီး ဘာမှ ဝတ် မထား ဘူး။ လည်ပင်း မှာတော့ စာတစ်ကြောင်း ရေးဆွဲ ထားတယ်။
"""မင်းကို ငါမှီရင် မင်းဟာ ငါ့ အတွက်ပဲ"""
အဲ့ဒီ အပတ်မှာ တော့ သူ့ ကိုယ်သူ ( ၆၃ ) ပေါင် ကျသွား မှန်း သိ လိုက်တယ်။
X Gym Fitness Club - Myanmar

No comments:

Post a Comment