Friday, August 1, 2014

တောင်ကိုရီးယား ကြားဖြတ် ရွေးကောက်ပွဲတွင် ပါ့ခ်ဂွမ်ဟေး၏ ပါတီ အနိုင်ရရှိ

Friday 1 August 2014

တောင်ကိုရီးယား နိုင်ငံတွင် ဧပြီလက ဖြစ်ပွားခဲ့သော Sewol ကူးတို့ယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည်သူလူထုက အစိုးရအပေါ် အမျက်ဒေါသ ထွက်လျက်ရှိသော်လည်း တောင်ကိုရီးယားနိုင်ငံ၏ အာဏာရ ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲအရေအတွက် အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သမ္မတ ပါ့ခ်ဂွမ်ဟေး ၏ Saenuri အာဏာရ ပါတီသည် ဇူလိုင် ၃ဝ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် အမတ်နေရာ ၁၅ နေရာအနက် ၁၁ နေရာကို အနိုင် ရရှိခဲ့ပြီးနောက် အမျိုးသား ညီလာခံ၏ ဥပဒေပြု လွှတ်တော်တွင် အမတ်နေရာ ၁၅၈ နေရာအထိ ရရှိလာခဲ့သည်။

အဆိုပါရလဒ်သည် ပို့ကုန် တင်သွင်းမှုအပေါ် စီးပွားရေး အရ မှီခိုနေရသည့် တောင်ကိုရီးယား နိုင်ငံအား ပြန်လည် တည်ဆောက်ရန် သမ္မတပါ့ခ်ဂွမ်ဟေး အတွက် တွန်းအားတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ၎င်း၏ အဓိက အတိုက်အခံပါတီ ဖြစ်သော New Politics Alliance for Democracy (NPAD) ပါတီသည် ကျန်ရှိသည့် အမတ်နေရာ လေးနေရာကိုသာ ရရှိခဲ့သဖြင့် ဥပဒေပြု လွှတ်တော်တွင် အမတ်နေရာ ၁၃ဝ ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment