Sunday, August 17, 2014

မာရှေယာနိုကို စာချုပ်သက်တမ်းတိုးရန် ဘာစီလိုနာအသင်း သဘောတူညီမှုရရှိ


စပိန်၊ သြဂုတ် ၁၇
ဘာစီလိုနာအသင်းသည် အာဂျင်တီးနား ကွင်းလယ်ခံစစ်ကစားသမား မာရှေယာနိုကို
၂၀၁၈ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
မာရှေယာနိုသည် ၂၀၁၀ ခုနှစ်က လီဗာပူးလ်မှ ဘာစီလိုနာသို့


ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်သော်လည်း
အသင်း၏လိုအပ်ချက်အရ နောက်တန်းခံစစ်နေရာတွင် ပြောင်းလဲကစားပေးခဲ့ပြီး
ခြေစွမ်းပြကစားနိုင်သော ကြောင့် ဘာစီလိုနာအသင်းက စာချုပ်သစ်ချုပ်ဆိုရန်
ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီကတည်းက မာရှေယာနိုနှင့်
ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခုအချိန်မှ သဘောတူညီမှု
ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ဘာစီလိုနာအသင်းက တရားဝင်
ထုတ်ပြန်ကြေညာသည်။
“မာရှေယာနိုကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ လာမယ့်
သြဂုတ်လ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀
ရက်နေ့အထိ ဘာစီလိုနာအသင်းမှာ မာရှေယာနို ဆက်ရှိနေမှာဖြစ်ပါတယ်” ဟု
ဘာစီလိုနာအသင်းက ကြေညာသည်။
စာချုပ်သစ်တွင် မာရှေယာနိုကို အခြားအသင်းများက
စာချုပ်မပြည့်မီခေါ်ယူလိုပါက လျော်ကြေး ယူရိုသန်း ၁၀၀ ပေးချေရမည်ဟု
ပါရှိသည်။


............................................
အောင်ငြိမ်းသွေး
Ref: footballespana

Mizzima Sport News

No comments:

Post a Comment