Tuesday, August 26, 2014

Firefox တွင် Save လုပ်ထားသည့် Password များကို အလွယ်တကူ စီမံခန့်ခွဲခြင်း

၂၆ သြဂုတ် ၂၀၁၄

Password လုံခြုံရေးသည် အင်တာနက် သုံးစွဲသူတိုင်း အလေးထားရမည့် အချက်တစ်ချက် ဖြစ်သည်။ Browser များတွင် password များကို မှတ်ထားနိုင်သည့် နည်းလမ်းများကို ထောက်ပံ့ပေးထားသော်လည်း ၎င်း option ကို အလွယ်တကူ ရှာမတွေ့နိုင်သလို သုံးလေ့သုံးထ မရှိသူများအတွက်လည်း browser တွင် မှတ်ထားသည့် password များကို မေ့ပြီး ပြန်မဖျက်မိတာမျိုး ဖြစ်ပေါ်နိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးများ အတွက် Saved Password Editor ဟုခေါ်သော Firefox add-on ဖြင့် မှတ်ထားသည့် password များကို အလွယ်တကူ သိရှိစေနိုင်သည်။ ၎င်း add-on သည် Firefox တွင် မှတ်ထားသည့် password များကို web form တစ်ခုပေါ်တွင် right-click တစ်ချက်နှိပ်ရုံဖြင့် save, edit, delete စသည်ဖြင့် ပြုလုပ်နိုင်သည်။ Web form ဆိုသည်မှာ username နှင့် password လိုအပ်သည့် မည်သည့် login page ကိုမဆို ခေါ်ဆိုသည်။

Saved Password Editor ကို Firefox Add-on ဝက်ဘ်ဆိုက်တွင် download ပြုလုပ်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်သည်။ Web form တစ်ခုပေါ်တွင် right-click နှိပ်လိုက်သည့်အခါ Save login info, Edit login info နှင့် Delete login info စသည့် option သုံးမျိုးအနက်မှ တစ်မျိုးကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

- See more at: http://internetjournal.com.mm/content/14160#sthash.jjtm23Lw.x8FZ0nN0.dpuf

Photo: Firefox တွင် Save လုပ်ထားသည့် Password များကို အလွယ်တကူ စီမံခန့်ခွဲခြင်း

ရန်ကုန်တက္ကသိုလ် သိပ္ပံခင်း ၂၀၁၄ ပြပွဲ

Event Image: 

ရန်ကုန်တက္ကသိုလ် သိပ္ပံခင်း ၂၀၁၄ ပြပွဲကြီးအား သြဂုတ်လ ၂၃၊ ၂၄၊ ၂၅ ရက် နေ့များတွင် နံနက် ၉ နာရီကနေ ညနေ ၉ နာရီထိ ရန်ကုန်တက္ကသိုလ်ရှိ အပန်းဖြေရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲအား ရန်ကုန်တက္ကသိုလ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်းရှိ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ၊ အိုင်တီကုမ္ပဏီများ ဝင်ရောက်ပြသခဲ့ကြပြီး သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ သုတေသနလုပ်ငန်းသုံးစက်ကိရိယာ များကိုလည်း လေ့လာကြည့်ရှုခွင့်ရရှိခဲ့ကြသည်။
- See more at: http://internetjournal.com.mm/content/14164#sthash.jEYWA8zp.dpuf
AC Power အလွယ်တကူ မရရှိနိုင်သည့်နေရာဒေသမျိုးတွင် သဘာဝနေရောင်ခြည်စွမ်းအားကို ရယူကာ Solar charging ပြုလုပ်ပြီး အသုံးပြုနိုင်သည့် Solar Charger and Power Pack ဖြစ်သည်။ Power Pack မှာ Built in  4000mAh rechargeable  polymer  lithium  battery အမျိုးအစားကို ထည့်သွင်းအသုံးပြုထားသည်။ စမတ်ဖုန်း၊ ဒီဂျစ်တယ်ကင်မရာ PDA, MP3, iPod အစရှိသည်တို့ကို ချိတ်ဆက်ကာ အားသွင်းနိုင်မည်ဖြစ်သည်။ Output voltage 5V/9V နှစ်မျိုးကို လိုသလိုပြောင်းလဲကာအသုံး ပြုနိုင်မည်ဖြစ်သည်။ Solar ဖြင့်မိနစ် ၆၀ အားသွင်းပြီး မိနစ်ပေါင်း ၁၅၀ ခန့် မိုဘိုင်းဖုန်းပြောဆိုခြင်းကို ပြု လုပ်နိုင်မည်ဖြစ်သည်။ အကြမ်းခံသည့် Aluminium alloy case ဒီဇိုင်းနှင့်ဖြစ်သည်။ တန်ဖိုး ၂၉,၈၀၀ ကျပ် ဖြင့် Fax computer ဖုန်း ၃၈၉၃၅၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
-အေးဖြူ

No comments:

Post a Comment