Friday, August 1, 2014

ဆွီဒင်က ထုတ်တဲ့ ကုန်းပေါ်၊ ရေပေါ် နဲ့ ရေအောက်သွား ဂျိမ်းဘွန်းကား




 Friday 1 August 2014

ကုန်းပေါ်၊ ရေပေါ် နဲ့ ရေအောက် သုံးမျိုး စလုံး သွားနိုင်တဲ့ ကားမျိုး ကတော့ ရှားပါ လိမ့်မယ်။ သိုပပေမယ့် ဒါကို မဖ်ြစ ဖြစ်အောင် တီထွင် တဲ့ သူတွေလည်း တီထွင် နိုင်ခဲ့ ကြ ပါတယ်။ ဂျာမနီက တော့ မဟုတ်ပါဘူး။ ဥရောပ က နိုင်ငံပဲ ဖြစ်ပါတဲ့ ဆွီဒင်မှ ပညာရှင်များ တီထွင် လိုက်ခြင်း ဖြစ်ပါတယ်။ ဆွီဒင် အခြေဆိုက် ကား ကုမ္မဏီ တစ်ခုဖြစ်တဲ့ Rinspeed မှ ကမ္ဘာ့ပထမဦးဆုံး ကုန်းပေါ်၊ ရေပေါ်၊ ရေအောက်သွား ကားကို

၂၀၀၈ခုနှစ်က ထုတ်ဖော် ပြသခဲ့ပါတယ်။ Rinspeed sQuba လို့ အမည် ပေးထားပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှု ရှိအောင် လျှပ်စစ် ဓာတ်အားသုံး မော်တာ အင်ဂျင်ကိုသာ တတ်ဆင်ထားပါတယ်။ ကုန်းပေါ် သွားဖို့အတွက် မော်တာတစ်လုံး၊ ရေပေါ်၊ ရေအောက် သွားဖို့အတွက် လျှပ်စစ်မော်တာသုံး ပန်ကာ နှစ်လက်နှင့် ရေပန်း (water jet) နှစ်လုံး ပါဝင်ပါတယ်။

ရေပေါ်မှာ အမြင့်ဆုံး Speed တစ်နာရီ ရ၅မိုင် သွားနိုင်ပြီး ရေပေါ် တစ်နာရီ ၃.၇မိုင်၊ ရေအောက် ၁.၉မိုင် မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက်နှင့် နှစ်ယောက်စီး အမိုးပွင့် ပြိုင်ကား ဖြစ်ပြီး ရေအောက် သွားဖို့အတွက် လူနေခန်းကို အမိုးမဖုံး လိုက်ပါဘူး။ အရေးပေါ် အခြေအနေမှာ အလွယ်တကူ ထွက်လို့ရအောင် အမိုးဖွင့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရေအောက် မောင်းနှင်မယ် ဆိုရင် ရေငုပ်သမားလိုပဲ စိုရွှဲနေမှာ ဖြစ်ပါတယ်။ ပြီးတော့ ကားပေါ်မှာ လူနှစ်ယောက်စာ အောက်စီဂျင်ဘူးနှင့် ပိုက် ပါရှိပါတယ်။

ရေအောက် အနက် ပေ ၃၀ အထိ မောင်းနှင် နိုင်ပြီးကားကို ရေဖိအား ခံနိုင်အောင် အဆင့်မြင့် သတ္တုများနဲ့ တည်ဆောက်ပါတယ်။ ပြီးတော့ လျှပ်စစ် ဓာတ်အား ပြန်လည် ဖြည့်တင်း ပေးဖို့အတွက် လစ်သီယမ် ဘက်ထရီ အပိုထည့်ထား ပေးပါသေးတယ်။ သူ့ကို လူနဲ့မမောင်းပဲ အဝေးထိန်း ခလုပ်နဲ့လည်း မောင်းနှင် နိုင်ပါတယ်။ မိမိရှိတဲ့ နေရာကို အရောက်လာဖို့ အဝေးထိန်း ခလုပ်နဲ့ လှမ်းခေါ်လိုက်ရင် စက်က အလိုအလျောက် မောင်းနှင်လာမှာ ဖြစ်ပါတယ်။ အကယ်၍ လမ်းမှာ အပိတ်အဆို့ ရှိနေရင်လည်း သူ့ဘာသူ ရှောင်တိမ်းမှာ ဖြစ်ပါတယ်။

ကင်မရာ၊ အာရုံခံစက် အပြည့်အစုံ ပါရှိမှာ ဖြစ်ပါတယ်။ မောင်းနှင်ပြီးတော့ ရေငုပ်ခါနီး ဘီးကို သိမ်းစရာ မလိုပါဘူး။ နောက်ဘက်ပန်ကာ နှစ်ခုကို မော်တာနဲ့ မောင်းနှင်ပေးပြီး ဘေးနှစ်ဖက်က ရေပန်းစက် (water Jet) ကိုလည်း မောင်းနှင်ပေးရမှာ ဖြစ်ပါတယ်။ ရေနဲ့ ဆားရေ ပွန်းစားမှုကို ခံနိုင်အောင် ကားဘော်ဒီ၊ စက်များကို အဆင့်မြင့် သတ္တုများနဲ့ ဖုံးအုပ် ထားပါတယ်။ ကားအတွင်းခံ ထိုင်ခုံ သားရေကအစ ဆားငံရည်ဒဏ်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်း အစိတ်အပိုင်း များကိုလည်း ရေမဝင်နိုင်ပါဘူး။ sQuaba ကို ၂၀၀၈ခုနှစ် ဂျနီဗာ ကားပြပွဲမှာ ထည့်သွင်း ပြသခဲ့ပြီး ကမ္ဘာ့ပထမဆုံး ကုန်းပေါ်၊ ရေပေါ်၊ ရေအောက် သုံးမျိုးသွား ကားအဖြစ် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

တီထွင်သူ ဒီဇိုင်နာ ကတော့ Rinspeed ပိုင်ရှင် Frank M. Rinderknecht ဖြစ်ပြီး ၁၉၇၇ ခုနှစ် ဂျိမ်းစ်ဘွန်း ရုပ်ရှင် The Spy Who Loved Me ကို ကြည့်ရှု ပြီးကတည်းက အခုလို ထုတ်လုပ်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်း ဇာတ်ကား ထဲမှာတော့ တကယ် အစစ်မဟုတ်ခဲ့ပဲ Frank ဟာ သူ့အိပ်မက်ကို အမှန်ကတယ် အကောင်အထည် ဖော်ခဲ့ပါတယ်။ Rinspeed sQba တစ်စီးရဲ့ တန်ဖိုးဟာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁.၅သန်း ရှိပြီး သူဌေး များအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ကစားစရာ တစ်ခုလို ပြောဆိုခဲ့ပါတယ်။ သူက ဈေးကွက်မှာ ရှာရ ခက်ပါ လိမ့်မယ်။ အကြောင်း ကတော့ အော်ဒါ မှာသူများ အတွက်သာ ထုတ်လုပ်ပေးခြင်း ကြောင့် ဖြစ်ပါတယ်။ ခေတ်ကာလ ကြောင့်လည်း ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်၊ ဈေးနှုန်း များက အမြဲ လိုလို တိုးတက် နေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment