Tuesday, August 26, 2014

လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ

လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံက တိုက်လေယာဉ်များ စေလွှတ် ကူညီခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။
ဩဂုတ် (၂၆)ရက်တွင် အမေရိကန် အာဏာပိုင်များက UAE အနေဖြင့် လစ်ဗျားအစိုးရကို ကူညီကာ အစွန်းရောက် စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဂျစ်နိုင်ငံရှိ လေကြောင်း
အခြေစိုက် စခန်းများကို အသုံးပြုကာ UAE ၏ တိုက်လေယာဉ်များက လစ်ဗျားပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
လစ်ဗျားအစိုးရသည် နိုင်ငံအတွင်း၌ အုံကြွလာသည့် စစ်သွေးကြွများကို တွန်းလှန် ထိန်းချုပ်နိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လစ်ဗျားရှိ စစ်သွေးကြွ စခန်းများကို တိုက်လေယာဉ်များက အနည်းဆုံး (၂)ကြိမ်မျှ ဗုံးကြဲခဲ့သည်။ “ဒီတိုက်ခိုက်မှုတွေကို UAE က တာဝန်ယူတာပါ”ဟု အမေရိကန် အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ ဖြစ်ရပ်ကို ဖော်ပြသည့် New York Times ၏ သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း UAE ၏ ဗုံးကြဲမှုအတွက် အမေရိကန်က ပါဝင်ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသွားသည်။
UAE သည် အမေရိကန်လုပ် တိုက်လေယာဉ်များနှင့် ခေတ်မီ စစ်လက်နက်များကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ ဝယ်ယူထားသည့် နိုင်ငံဖြစ်သည်။ UAE လေတပ်တွင် အမေရိကန်၏ တိုက်လေယာဉ်များ၊ လေထဲတွင် ဆီဖြည့်နိုင်သည့် လေယာဉ်များ ရှိနေပြီး လစ်ဗျားရှိ သူပုန်များကို ဗုံးကြဲရာတွင် အီဂျစ်အစိုးရက အထူးခွင့်ပြုချက်ဖြင့် UAE တိုက်လေယာဉ်များကို တပ်စွဲခွင့် ပေးခဲ့ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ

လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံက တိုက်လေယာဉ်များ စေလွှတ် ကူညီခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။
ဩဂုတ် (၂၆)ရက်တွင် အမေရိကန် အာဏာပိုင်များက UAE အနေဖြင့် လစ်ဗျားအစိုးရကို ကူညီကာ အစွန်းရောက် စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဂျစ်နိုင်ငံရှိ လေကြောင်း အခြေစိုက် စခန်းများကို အသုံးပြုကာ UAE ၏ တိုက်လေယာဉ်များက လစ်ဗျားပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချိန်ဖြစ်၍ နိုင်ငံရောက်သင့်သည့်လမ်းပေါ်သို့ ရောက်ရှိရေး ၀ိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး
သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချိန်ဖြစ်၍ နိုင်ငံရောက်သင့်သည့်လမ်းပေါ်သို့ ရောက်ရှိရေး ဝိုင်းဝန်းကူညီရန် ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမ၌ ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ စာပေအနုပညာရှင် ၁ဝဝ ကျော်တက်ရောက်ခဲ့ပြီး သဘာပတိအဖြစ် ဆောင်ရွက်သည့် စာရေးဆရာမောင်မိုးသူက ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ချိန်ကတည်းက တစ်သားတည်းရှိနေခဲ့သည်ဟု ပြောကြားသည်။
မောင်မိုးသူက “အဓိကပြောချင်တဲ့စကားက ကျွန်တော်တို့ အနုပညာသမားဆိုတာက လွတ်လပ်မှုကိုမြတ်နိုးပါတယ်။ လွတ်လပ်မှုရှိမှ ဖန်တီးမှုကို ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဖန်တီးမှုဆောင်ရွက်နိုင်ဖို့ လွတ်လပ်မှုလိုအပ်တဲ့အတွက် လွတ်လပ်မှုကို ဖိနှိပ်ချုပ်ချယ်တာကို မခံနိုင်တဲ့အတွက် ကျွန်တော်တို့ စာပေအနုပညာရှင်တွေက လမ်းမပေါ်ထွက်လာခဲ့တာ။ လမ်းမပေါ်ထွက်လာပြီး အန်တီစုနဲ့ပေါင်းပြီး ကျွန်တော်တို့တွေ လှုပ်ရှားကြပါတယ်။ အခုအခါမှာလည်း ဒီလွတ်လပ်မှုက တေ့တေ့ဆိုင်ဆိုင် မရသေးဘူး။ ဒီမိုကရေစီဆိုတာလည်း မရသေးဘူးဖြစ်နေတဲ့အတွက် ကျွန်တော်တို့ အနုပညာရှင်တွေကလည်း မပြီးဆုံးသေးတဲ့ ဒီလှုပ်ရှားမှုကိုဆက်လက် ကိုယ်နိုင်ရာ ကျရာနေရာကနေ ထမ်းဆောင်သွားဖို့လိုအပ်တယ်”ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖွင့်အမှာစကား ပြောကြားရာတွင် “ဒီအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန်ပါ။ ကျွန်မတို့နိုင်ငံ ဘယ်လမ်းသွားမလဲဆိုတာ ၂ဝ၁၅ က ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ အခု ၂ဝ၁၄ က ဆုံးဖြတ်မယ်ဆိုတာ ကျွန်မ မကြာခဏပြောပါတယ်။ ၂ဝ၁၄ မှာ ကျွန်မတို့မှန်တဲ့လမ်းပေါ်မှာ ရောက်သွားမှ ၂ဝ၁၅ ရောက်ကျလို့ရှိရင် ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာဆိုတာ ကျွန်မအရင်ကတည်းက ပြောခဲ့တဲ့ကိစ္စပါ။ အသိစိတ်ဓာတ် နဲ့  ကျွန်မတို့နိုင်ငံ တကယ့်ကိုရောက်သင့်တဲ့ လမ်းပေါ်ကိုရောက်သွားဖို့ ဝိုင်းဝန်းပြီး ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီမိုကရေစီတော်လှန်ရေးဆိုသည်မှာ စိတ်ဓာတ်တော်လှန်ရေးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုသည်ကို  နိုင်ငံရေးစနစ်တစ်ခု ထူထောင်ရုံနှင့်မရကြောင်း ယဉ်ကျေးမှုတစ်ခုအနေဖြင့်မြင်မှသာ ခိုင်မြဲမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅  ရက်က တွေ့ဆုံကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)%AD%E1%80%AF%E1%82%94#sthash.LsuWVF5Q.ZFzCh2yB.dpuf

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅  ရက်က တွေ့ဆုံကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ စိတ်ဓာတ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှု ထူထောင်တာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စတွေမှာ စာပေအနုပညာရှင်များရဲ့ကဏ္ဍဟာ အင်မတန်မှ အရေးပါ ပါတယ်။ ယဉ်ကျေးမှုဆိုတာ ကျွန်မထူးထူးထွေထွေ ပြောနေစရာမလိုပါဘူး။ စိတ်ဓာတ်နဲ့ ပတ်သက်လို့ဆိုလို့ရှိရင်လည်း စာပေအနုပညာရှင်များရဲ့ ဩဇာဟာ အင်မတန်မှ ကြီးမားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စာပေအနုပညာရှင်များ၏ ဩဇာကြောင့်မို့လို့ နိုင်ငံရေးအရရော၊ ယဉ်ကျေးမှုအရရော အပြောင်းအလဲတွေ အများကြီးရှိနိုင်ပါတယ်။  ဒီလိုအပြောင်းအလဲတွေ မှန်တဲ့ဘက်ကိုရောက်ဖို့ဆိုတာကလည်း အားလုံးမှာတာဝန်ရှိတယ်လို့ ကျွန်မကယူဆပါ တယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပျောက်ဆုံးခဲ့ခြင်းသည် နိုင်ငံရေးအရ အဓိကကျသည့်ပုဂ္ဂိုလ်ကြီးများကြောင့်ဆိုသည်ကို ငြင်းလို့မရကြောင်း၊ မည်သူ့ကြောင့်ဆိုကာ တရားခံရှာရုံနှင့် မပြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် စနစ်တစ်ခုအောက် ရောက်သွားခြင်းသည် နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်သည်ဟု ခံယူကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး က တာဝန်ရှိသည်ဆိုသည့် စိတ်ဓာတ်ကို မွေးမှသာ  ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုကို အမြစ်တွယ်အောင်လုပ်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အနုပညာနှင့် နိုင်ငံရေး မပတ်သက်ရဘူးဆိုသည့် အမြင်များရှိနေကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ အတိုင်းအတာတစ်ခုအထိ တိုးတက်တည်ငြိမ်နေပါက ယင်းအမြင်ကို လက်ခံကြောင်း၊ ယင်းအမြင်ကို မငြင်းဆန်လိုသော်လည်း မိမိနိုင်ငံရောက်ရှိနေသည့် ခေတ်နှင့်အခြေအနေအပေါ် မူတည်နေကြောင်း၊ နိုင်ငံတိုးတက်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားနေချိန်တွင် အနုပညာရှင်များက အနုပညာသက်သက်အတွက်ပဲဆိုသည်မှာ မသင့်တော်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကိုယ့်အတွက်ပဲ ကိုယ်လုပ်မယ်။ ကိုယ့်ရဲ့ကျွမ်းကျင်ရာ ကိုယ့်ရဲ့စိတ်ပါဝင်စားရာ ဘာသာရပ်တစ်ခုကိုပဲ ဦးစားပေးမယ်။ ဒီဟာကိုပဲ မီးမောင်းထိုးပြီး အာရုံစိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှုကို မြန်နိုင်သမျှ မြန်မှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ ခြုံငုံပြောရလို့ရှိရင် ကျွန်မတို့အားလုံး လက်တွဲပြီးတော့ လုပ်ရမယ့်ခေတ်ကြီးပေါ့” ဟု ၎င်းက ဆိုသည်။
ပြဿနာများသည် အဓိကမဟုတ်ဘဲ ယင်းပြဿနာများကို ဖြေရှင်းဖို့ကသာ အဓိကဖြစ်ကြောင်း၊  စာပေအနုပညာရှင်များအားလုံး မိမိနိုင်ငံ ရင်ဆိုင်နေရသောပြဿ နာများကို ကူညီဖြေရှင်းပေးစေချင်ကြောင်း၊  ဝိုင်းဝန်းဆောင်ရွက်မှသာ လက်ရှိ အရေးကြီးသည့်ကာလကိုကျော်လွန်ပြီး ပြည်သူလူထု တောင့်တနေသည့် ငြိမ်းချမ်းသောညီညွတ်တိုးတက်သည့် ပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဟာ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ညှိနှိုင်းဆွေးနွေးပြီးတော့ မတူတဲ့သဘောတရားတွေအပေါ်မှာ အပေးအယူလုပ်ပြီးတော့ အဖြေရှာနိုင်ခြင်းပဲ ဖြစ်ပါတယ်ဆိုတာ ဒါကျွန်မရဲ့ နောက်ယုံကြည်ချက်တစ်ခုပါပဲ။ အဲဒီယုံကြည်ချက်အရ ကျွန်မတို့နိုင်ငံမှာ လိုအပ်နေတဲ့ တစ်ဦးနဲ့တစ်ဦးညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ မတူတဲ့သဘောထားတွေအပေါ်မှာ အခြေခံပြီး အပေးအယူလုပ်နိုင်ဖို့လည်း ကျွန်မတို့ စာပေအနုပညာရှင်များက ဝိုင်းပြီးတော့ ကူညီဆောင်ရွက်ပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စာရေးဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ က “ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေမှာ အရေးပါတဲ့ကိစ္စရော၊ အရေးမပါတဲ့ကိစ္စရော ရှုပ်ယှက်ခတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပါပဲ အင်မတန်အရေးကြီးတဲ့ အချိန်ကာလပါ။ အင်မတန်အရေးကြီးတဲ့ကာလမှာ အရေးပါတဲ့ ကိစ္စရော၊ အရေးမပါတဲ့ကိစ္စရော ရှုပ်ယှက်ခတ်နေတဲ့အခါ အဲဒါလေးတွေကို စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများအနေနဲ့ တစ်နိုင်တစ်ပိုင်သူ့အတတ်ပညာနဲ့ ရှင်းနေတာလေးတွေတော့ တွေ့နေရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ ၅၉ (စ) ကိစ္စကို အသံလေးနည်းနည်းမြည်လာတာနဲ့  မျိုးစောင့်ဥပဒေဆိုတာ ကျယ်ကျယ်လောင်လောင်တစ်ဖက်က ဖြစ်လာပါတယ်။ နောက်တစ်ခါ ၄၃၆ ဆိုတာနဲ့ မန္တလေးကိစ္စဖြစ်လာပါတယ်။ အရင့် အရင်ကိစ္စတွေတော့ ထားပါတော့နော်။ နောက်တစ်ခါ PR ဆိုတာနဲ့ ခေါင်းလောင်းကြီးက ဆယ်လိုက်ပြန်ပါတယ်” ဟု ပြောကြားသည်။
ကာတွန်းဆရာများ၊ စာရေးဆရာများ၊ မီဒီယာများမှ ပုဂ္ဂိုလ်များအနေဖြင့်လည်း အရေးပါသည့်ကိစ္စများကို ရှေ့တန်းတင်ပြီး အရေးမပါသည့်ကိစ္စများကို တိမ်မြုပ်သွားအောင်၊  မိမိနိုင်ငံ၏ နိုင်ငံရေးကို ရှေ့မရောက်ရောက်အောင် တွန်းသွားလုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံမှာ အင်မတန်မှအရေးကြီးတဲ့အချိန်မှာ ရောက်နေပါတယ်။ အရေးကြီးတဲ့အချိန်ရောက်နေလို့ အားလုံးဝိုင်းပြီးတော့ ရုန်းမှ တော်ရုံကျမှာပါ။ အဲလိုကြောင့် ဝိုင်းပြီးတော့ ရုန်းတဲ့အခါမှာလည်း မှန်ကန်တဲ့နည်းတွေနဲ့ ရုန်းဖို့လိုပါတယ်။ ဆရာမ ဒေါ်စမ်းစမ်းနွဲ့ ပြောသွားသလို တကယ်အရေးပါတဲ့ကိစ္စတွေနဲ့ အရေးမပါတဲ့ကိစ္စတွေ ခွဲခြားဖို့ အဲဒါလည်း စာပေအနုပညာရှင်များ အများကြီးလုပ်နိုင်ပါတယ်။ ကာတွန်းတစ်ခုတည်းနဲ့ တခါတည်းဆွဲပြီးပြလိုက်နိုင်ပါတယ်။  ဘာက အရေးပါတယ် ဘာက အရေးမပါဘူး။ ဘယ်လိုအရေးမပါတဲ့ကိစ္စတွေနဲ့ အာရုံလွှဲနေတယ်ဆိုတာဟာ ကာတွန်းလေးတစ်ခုကနေပြီးတော့ ကွက်ကွက်ကွင်းကွင်းပေါ်အောင် လုပ်နိုင်ပါတယ်။ ထိုနည်းလည်းကောင်း ဆောင်းပါးတွေနဲ့လည်း လုပ်လို့ရတယ်။ ကဗျာတွေနဲ့လည်း လုပ်လို့ရတယ်” ဟု ဆိုသည်။  
- See more at: http://news-eleven.com/local/%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%81%8D-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%81%9A%E1%80%9E%E1%80%AD%E1%80%AF%E1%82%94#sthash.LsuWVF5Q.ZFzCh2yB.dpuf

No comments:

Post a Comment