Tuesday, August 26, 2014

မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ အသစ်ထပ်မံထုတ်လုပ်ထားသည့် Surface Pro 3 တွင် Docking Station ဖြင့် Desktop ကဲ့သို့ အသုံးပြုနိုင်မည်


သြဂုတ် ၂၆ ရက်၊ ၂၀၁၄ ခုနှစ်

မိုက်ခရိုဆော့ဖ်ကုမ္ပဏီကနေ ထပ်မံထုတ်လုပ်ထားသည့် Surface Pro 3 တက်ဘလက်တွင် Desktop တစ်လုံးကဲ့သို့ အသုံးပြုနိုင်ရန်အတွက် Docking Station ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အလေးချိန်ပေါင် 1.4 ပေါင်နီးပါးရှိတဲ့ အနက်ရောင်အရာဝတ္တူဟာ မိုက်ခရိုဆော့ဖ်က နေ ထုတ်ပြီး Windows 8.1 ကို အသုံးပြုထားသည့် Suface Pro 3 တက်ဘလက်ကို Desktop တစ်လုံးကဲ့သို့ ဖြစ်စေရန်အတွက် အသုံးပြုနိုင်မည့် Docking Station ကို တွဲဘက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Docking Station တွင် Surface Pro 3 တက်ဘလက်ကို အပေါ်ကနေ အောက်ကို ထိုးစိုက်ကာ Desktop အဖြစ် အသုံးပြုနိုင်ပြီး အဆိုပါ Docking Station ၏ နောက်ဘက်တွင် USB Port ၅ ခု ပါဝင်ပြီး ၃ ခုမှာ USB 3.0 ကို အသုံးပြုနိုင်ပြီး ကျန် ၂ ခုကိုတော့ USB 2.0 ကို အသုံးပြုနိုင်ပါတယ်။ အင်တာနက်နက်ဝက်ဘ် ချိတ်ဆက်ရန်အတွက် Ethernet port ကို အသုံးပြုနိုင်ပြီး audio jack, mini DisplayPort နှင့် လုံခြုံရေးဆိုင်ရာ slot တစ်ခုတို့ ပါဝင်ပါတယ်။

အလွယ်တကူ တပ်ဆင်နိုင်ပြီး အားလုံးကို Plug and Play အသုံးပြုနိုင်ပြီး အလွယ်တကူပဲ USB port ကနေ ချိတ်ဆက်နိုင်ပါတယ်။ ထိုအပြင် အခြား မော်နီတာတစ်ခုနှင့် ချိတ်ဆက်ကာ တစ်ခုခုကို ဖွင့်ထားချိန်မှာ တက်ဘလက်ကနေ အခြားလုပ်ဆောင်နိုင်စရာတစ်ခုခုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ muiti-display ကို အသုံးပြုနိုင်ခြင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

မိုက်ခရိုဆော့ဖ်ကနေ ထုတ်ထားတဲ့ Surface Pro 3 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ 799 ဒေါ်လာလောက်ရှိပြီး Surface Pro 3 ကို ချိတ်ဆက်မယ့် Docking Station တန်ဖိုးကတော့ ဒေါ်လာ 200 လောက်ရှိပါတယ်။ ထိုအပြင် Desktop အနေနဲ့ အသုံးပြုနိုင်ဖို့အတွက်ဆိုရင် 129 ဒေါ်လာရှီတဲ့ ကီးဘုတ်နဲ့ မောက်စ်တစ်ခုတော့ လိုအပ်ဦးမှာပဲ ဖြစ်ပါတယ်။

Ref : Mashable
YangonMediaGroup

No comments:

Post a Comment