Sunday, August 17, 2014

ထိပ်သီးလေးသင်းစာရင်းဝင်ချင်ပါက မန်ယူအသင်း ကမ္ဘာ့အဆင့်ကစားသမားအနည်းဆုံးသုံးဦး ခေါ်ရမည်


မန်ချက်စတာ၊ သြဂုတ် ၁၇


ပရီးမီးယားလိဂ်ထိပ်သီးလေးသင်းစာရင်းဝင်ဖြစ်လိုပါက မန်ယူအသင်းအနေဖြင့်
ကမ္ဘာ့အဆင့်ကစားသမား အနည်းဆုံးသုံးဦး မဖြစ်မနေခေါ်ယူရန်လိုအပ်ဟု နည်းပြ ဗန်ဟားကို
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သတိပေးပြောဆိုလိုက်သည်။
မန်ယူအသင်းသည် ယခုရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရန်မဖြစ်မနေကြိုးပမ်းမည်ဖြစ်ပြီး


ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဆွမ်ဆီးကို အိမ် ကွင်း၌ရှုံးပြီးနောက် ဒတ်ခ်ျလူမျိုးနည်းပြ ဗန်ဟားက ကစားသမားသစ်ခေါ်မည်ဟု ပြောဆိုထားသည်။
ယင်းပွဲစဉ် အစီအစဉ်ကြေညာသူအဖြစ် ဆောင်ရွက်သည့် ရှီးယားကလည်း အိုးလ်ထရက်ဖို့ဒ်ရှုံးပွဲမှာ
မန်ယူအသင်းကိုအသွင်ပြောင်းလဲပေးလာစေနိုင်သည်ဟု သုံးသပ်သည်။ ရှီးယား က
"အားနည်းတဲ့ခြေစွမ်း၊ မကောင်းတဲ့ရလဒ်က
အသင်းကိုပြောင်းလဲသွားစေနိုင်ဖို့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့
ကမ္ဘာ့အဆင့် ကစားသမားသုံးဦးလောက်လိုအပ်နေတဲ့မန်ယူအသင်းမှာ
တန်ဖိုးမြင့်မားတဲ့ကစားသမားတွေကို မြင်တွေ့လာရနိုင်လို့ပဲ။
ထိပ်တန်းကစားသမား တွေအတွက် သူတို့ငွေအများကြီးသုံးဖို့လိုတယ်။
ထိပ်တန်းကစားသမားတွေနဲ့ ထိပ်သီးလေးသင်းထဲဝင်မှသာ
ချန်ပီယံဆုကိုစိန်ခေါ်နိုင်မှာပါ"ဟု ပြောသည်။
ထိပ်သီးကစားသမားများအတွက် နွေရာသီအပြောင်းရွှေ့ကာလအတွင်း မန်ယူအသင်း၏
ကြိုးပမ်းမှုမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် အချက်ကြောင့်
မအောင်မမြင်ဖြစ်ခဲ့ရသည်။ "ပြီးခဲ့တဲ့နှစ်ကလိုပဲ လိုချင်တဲ့ကစားသမားကို
နောက်ကျပြီးမှတွေ့ပြီး အပြောင်းအရွှေ့ပိတ်ကာနီးမှ
ခေါ်နိုင်တာမျိုးဖြစ်လာနိုင်တယ်"ဟု ရှီးယားကဖြည့်စွက်ပြောဆိုသည်။

ဝေဘုန်းလူ
  ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Sport News

No comments:

Post a Comment