Sunday, August 17, 2014

အယ်လ်ချီကွင်းလယ်ကစားသမား ကားလို့စ်ဆန်းချက်ဇ်ကို ဗီလာအသင်း ခေါ်ယူ


အင်္ဂလန်၊ သြဂုတ် ၁၇


အက်စ်တွန်ဗီလာအသင်းသည် လာလီဂါကလပ် အယ်လ်ချီအသင်းမှ
ကိုလံဘီယာကွင်းလယ်ကစားသမား ကားလို့စ်ဆန်းချက်ဇ်ကို လေးနှစ်စာချုပ်ဖြင့်
ခေါ်ယူလိုက်သည်။
ပြီးခဲ့သည့် အပတ်ကတည်းက ဆန်းချက်ဇ်၏အပြောင်းအရွှေ့သတင်းများ


စတင်ထွက်ပေါ်ခဲ့ပြီး မကြာမီမှာပင် ဗီလာအသင်းက တရားဝင် စာချုပ်
ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။
ဗီလာအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက်
အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် အင်္ဂလန်တွင် ဘောလုံးကစားခွင့်ရရန်
အမြဲအိပ်မက် မက်ခဲ့ခြင်းဖြစ်ကြောင်း ကားလို့စ်ဆန်းချက်ဇ်က ပြောသည်။
“ဗီလာကို ပြောင်းရွှေ့နိုင်ခဲ့လို့ အလွန် ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။
အင်္ဂလန်မှာ ဘောလုံးကစားခွင့်ရရှိဖို့ဆိုတာ ကျွန်တော့်အိပ်မက်တွေထဲက
တစ်ခုပါ။ ဒါက ကျွန်တော့်အတွက်တင်မဟုတ်ဘဲ ကျွန်တော့် မိသားစုအတွက်ပါ
အလွန်အရေးပါတဲ့ အပြောင်းအရွှေ့ဖြစ်ပါတယ်။ ဂျူအန်ပါဘလို လိုကစားသမားမျိုး
ဒီအသင်းမှာကစားခဲ့တာဖြစ်လို့ ဗီလာအသင်းက အသင်းကောင်းတစ်သင်းဆိုတာ
ကျွန်တော်သိပြီးသားပါ။ ပါဘလို ရောက်ရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက
ဗီလာအသင်းရဲ့ ပွဲစဉ်တွေကို ကျွန်တော်စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ သူဟာ
ဗီလာအသင်းအတွက် အလွန်အရေးပါတဲ့ ဂိုးသွင်းသူတစ်ဦးပါ။ ကျွန်တ်ေသူ့ကို
အမြဲအားပေးခဲ့ပါတယ်” ဟု ကားလို့စ်ဆန်းချက်ဇ်က ပြောသည်။
ဆန်းချက်ဇ်သည် အာဂျင်တီးနားထိပ်သီးကလပ် ရေးဗားပလိတ်၊ ပြင်သစ်လိဂ်ကလပ်
ဗလန်စီယန်နက်စ်နှင့် အယ်လ်ချီအသင်းတို့ တွင် ကစားခဲ့ပြီး
ကိုလံဘီယာလက်ရွေးစင်အဖြစ် ၄၄ ပွဲ ကစားထားသူဖြစ်သည်။



.........................................
အောင်ငြိမ်းသွေး

  Ref: footballespana
Mizzima Sport News

No comments:

Post a Comment