Tuesday, August 26, 2014

လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်

 ၂၆ သြဂုတ်  ၂၀၁၄

ပြီးခဲ့သည့် မတ်လအတွင်းက ကစားခဲ့သည့် ၂ဝ၁၄ AFC Cup အုပ်စုပွဲစဉ်အဖြစ် မလေးရှားကလပ် ကီလန်တန်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကလပ် ဗစ်ဆိုင်းနင်ဘင်းအသင်းမှ ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

၎င်းတို့သည် ယင်းပွဲတွင် တစ်ဂိုးအသာရလဒ်ဖြင့်သာ အနိုင်ကစားခဲ့ပြီး ယင်းလုပ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၄၈ဝဝဝ ရရှိခဲ့သည်။ ဗီယက်နမ်လက်ရွေးစင် ထရန်မန်ဒေါင်နှင့် ဘောလုံးလောင်းကစားဒိုင်တစ်ဦးတို့မှာ ထောင်ဒဏ်နှစ်နှစ်ခွဲ၊ ကစားသမားနှစ်ဦးမှာ ၂၇လ ပွဲပယ်နှင့် အခြားခြောက်ဦးမှာ ၂၄လ ပွဲပယ်ပြစ်ဒဏ်များအပြင် တစ်ဦးလျှင် ဒဏ်ငွေ (၉၄၅-၁၁၈ဝ)ဒေါ်လာကြား ပေးဆောင်ရမည်ဖြစ်သည်။ ဗီယက်နမ်ကစားသမားအချို့သည် ၂ဝဝ၅ ဆီးဂိမ်းစ်တွင်လည်း မြန်မာအသင်းကို (၁-ဝ)ဂိုးဖြင့်နိုင်သည့်ပွဲတွင် ယင်းပုံစံအတိုင်း လုပ်ပွဲကစားခဲ့မှုကြောင့် ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ် ပြစ်ဒဏ်များကျခံခဲ့ရကြောင်း သိရသည်။

(လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကစားသမားများကို တရားရုံးတွင်တွေ့ရစဉ် (Photo: AFP ))
Photo: လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်

ပြီးခဲ့သည့် မတ်လအတွင်းက ကစားခဲ့သည့် ၂ဝ၁၄ AFC Cup အုပ်စုပွဲစဉ်အဖြစ် မလေးရှားကလပ် ကီလန်တန်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကလပ် ဗစ်ဆိုင်းနင်ဘင်းအသင်းမှ ဘောလုံးသမား ကိုးဦးအား ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

၎င်းတို့သည် ယင်းပွဲတွင် တစ်ဂိုးအသာရလဒ်ဖြင့်သာ အနိုင်ကစားခဲ့ပြီး ယင်းလုပ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၄၈ဝဝဝ ရရှိခဲ့သည်။ ဗီယက်နမ်လက်ရွေးစင် ထရန်မန်ဒေါင်နှင့် ဘောလုံးလောင်းကစားဒိုင်တစ်ဦးတို့မှာ ထောင်ဒဏ်နှစ်နှစ်ခွဲ၊ ကစားသမားနှစ်ဦးမှာ ၂၇လ ပွဲပယ်နှင့် အခြားခြောက်ဦးမှာ ၂၄လ ပွဲပယ်ပြစ်ဒဏ်များအပြင် တစ်ဦးလျှင် ဒဏ်ငွေ (၉၄၅-၁၁၈ဝ)ဒေါ်လာကြား ပေးဆောင်ရမည်ဖြစ်သည်။ ဗီယက်နမ်ကစားသမားအချို့သည် ၂ဝဝ၅ ဆီးဂိမ်းစ်တွင်လည်း မြန်မာအသင်းကို (၁-ဝ)ဂိုးဖြင့်နိုင်သည့်ပွဲတွင် ယင်းပုံစံအတိုင်း လုပ်ပွဲကစားခဲ့မှုကြောင့် ထောင်ဒဏ်နှင့် ကာလရှည်ပွဲပယ် ပြစ်ဒဏ်များကျခံခဲ့ရကြောင်း သိရသည်။

(လုပ်ပွဲကစားခဲ့သည့် ဗီယက်နမ်ကစားသမားများကို တရားရုံးတွင်တွေ့ရစဉ် (Photo: AFP ))

No comments:

Post a Comment