Thursday, August 7, 2014

၂၀၁၄-၁၅ ရာသီတွင် အသုံးပြုရန် မှုတ်ဆေးဗူး ၂၀၀၀ ပရီးမီးယားလိဂ်မှာယူ



ပရီးမီးယားလိဂ် ဘောလုံးပြိုင် ပွဲများတွင် မှုတ်ဆေးဗူးအ သုံးပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ ပြီးနောက်တွင် ၂၀၁၄-၁၅ ဘောလုံးရာသီ အတွက် မှုတ်ဆေးဗူး (ဗူး၂၀၀၀) မှာယူလိုက်ပြီဖြစ်သည်။

ပြစ်ဒဏ်ဘော ကန်သွင်းရာတွင် ဘောလုံးနှင့် လူတံတိုင်း အကွာအဝေး ၁၀ ပေကွာဝေးရမည်ကို

ဒိုင်လူကြီးများသည် စိတ်မှန်းဖြင့်သာ ခန့်မှန်းတိုင်းတာခဲ့ကြရသည်။ ပရီးမီးယားလိဂ် ဒိုင်လူကြီးများအနေဖြင့်၂၀၁၃-၁၄ ဘောလုံး ရာသီသည် စိတ်မှန်းဖြင့် တိုင်းတာရသည့် နောက်ဆုံးနှစ် ဖြစ်သွားပြီ ဖြစ်သည်။

ပရီးမီးယား လိဂ်ဘောလုံး အဖွဲ့ချုပ်၏ အမှုဆောင်အ ရာရှိချုပ် ရစ်ချက်စကူ ဒါမိုးကပြိုင်ပွဲ ကစားတဲ့ ကစားသမား၊ ဒိုင်လူကြီးနဲ့ပွဲ ကြည့်သူပရိသတ် အားလုံးအတွက် မှုတ်ဆေးဗူးက အထောက်အကူပြုပြီးစိတ်ကျေနပ် မှုရစေတာကို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရ ပါတယ်။ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကို ပိုမိုတိုးတက် လာအောင် မှုတ်ဆေးဗူး ကိုအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောသည်။

wai-6မှုတ်ဆေး ဗူးများကို ဘရာဇီး အပျော်တမ်း လိဂ်ပြိုင်ပွဲများမှ စတင်အသုံးပြုခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးအထိတွင် ကျယ်လာခဲ့ ခြင်းဖြစ်သည်။ ၂၀၁၄ ကမ္ဘာ့ဖလားတွင် မှုတ်ဆေးဗူးကို အောင်မြင်စွာအသုံးပြုနိုင် ပြီးနောက်တွင် ပရီးမီးယားလိဂ် ကလည်း အသုံးပြုရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်နည်း တူချန်ပီယံလိဂ်ပြိုင် ပွဲနှင့် ယူရိုပါလိဂ်ပြိုင် ပွဲများတွင်လည်းလာမည့်နှစ်များတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ယှဉ်ပြိုင်မည့် မန်ယူနှင့် ဆွမ်ဆီးတို့ ၏ပရီးမီးယား လိဂ်ပွဲစဉ်တွင် မှုတ်ဆေးဗူးကို စတင်အသုံးပြု သွားမည် ဖြစ်သည်။မှုတ်ဆေးဗူးကို အသုံးပြုမည်ဟု ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က တွစ်တာ၌ ကြေညာခဲ့ရာတွင် ပရိသတ်ပေါင်း တစ်သောင်းခန့်က ဆန့်ကျင်ခဲ့ကြသည်။

Ref: dailymail
Mizzima

No comments:

Post a Comment