Monday, August 11, 2014

2014 Asian Youth Football Festa Korea တွင် မြန်မာ ယူ-၁၂ လူငယ်အသင်း ရမှတ်(၁၀)မှတ်ဖြင့် အုပ်စုပထမ ရရှိ



၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်

တောင်ကိုရီးယား နိုင်ငံ၊ ဟွာဆောင်းမြို့၌ သြဂုတ်လ(၈)ရက်မှ (၁၁)ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သော 2014 Asian Youth Football Festa လူငယ်ဘောလုံး ပွဲတော်ကြီးတွင် မြန်မာ ယူ-၁၂ အသင်းသည် (၄)ပွဲကစား၊ (၃)ပွဲနိုင် (၁)ပွဲသရေဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိပါသည်။
လူငယ်များ ကိုယ်ကျင့်စာရိတ္တ ကြံခိုင်ရေး၊ အပျော်တမ်းဘောလုံး လောက ပိုမိုကျယ်ပြန့်လာရေး၊ ဘောလုံးနှင့် ပညာရေး၊ ယဉ်ကျေးမှု အစီအစဉ်များ ပိုမိုလက်တွဲကာ လူငယ်များကို ပျိုးထောင်နိုင်ရေးတို့အား ရှေးရှုကာ တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့် တောင်ကိုရီးယား အမျိုးသားအဆင့် လူငယ်ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် 2014 Asian Youth Football Festa တွင် စုစုပေါင်း လူ(၁၃၀၀)ခန့် ပါဝင်ဆင်နွှဲ လျက်ရှိသည်။
ကမ္ဘောဒီးယား တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ကာဂျစ်စတန်၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ တာဂျီကစ္စတန်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် ယီမင် နိုင်ငံတို့မှ လူငယ်ဘောလုံး အသင်းများ ပါဝင်သည့် အဆိုပါ လူငယ်ဘောလုံး ပွဲတော်တွင် ပွဲစဉ်များကို အုပ်စုပတ်လည် ကစားစေမည်ဖြစ်သည်။
ထို့အပြင် ဘောလုံးပွဲစဉ်များ ကစားမည့် သြဂုတ်(၉)ရက်နှင့် (၁၀)ရက်တို့တွင် လူငယ်ကစားသမား လေးများကို အာရှနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ထိတွေ့စေနိုင်မည့် ယဉ်ကျေးမှုပြခန်းများဖြင့် ဧည့်ခံဖျော်ဖြေဦးမည်ဖြစ်သည်။ 2014 Asian Youth Football Festa သို့ ၀င်ရောက်ဆင်နွှဲမည့် မြန်မာ ယူ-၁၂ လူငယ်ဘောလုံး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် MFF ညွှန်ကြားရေးမှူး (စီမံ)နှင့် မီဒီယာတာဝန်ခံ ဖြစ်သူ ဦးစိုးမိုးကျော်၊ မန်နေဂျာအဖြစ် MFF နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုး၊ ယူ-၁၂ နည်းပြအဖြစ် ဦးခင်မောင်ကိုတို့က ဆောင်ရွက်လျက်ရှိကာ မြန်မာလူငယ် (၁၃)ဦး ပါဝင်ကြသည်။
မြန်မာ ယူ-၁၂ လူငယ်များ၏ ပွဲစဉ် ဖြတ်ကျော်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Korea (Wansan FC) 1-5 Myanmar
Myanmar 1-1 China (Quzhou FC)
Myanmar 2-0 Thailand
Myanmar 3-0 Korea (Yeongju Wings)

Myanmar Football Federation

No comments:

Post a Comment