Wednesday, December 14, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Tuesday, December 13, 2016
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အားလက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စစ်သံမှူး Colonel James McAden နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး အတွက် ငြိ
မ်းချမ်းရေးမူဝါဒ ၆ ရပ် ချမှတ်ဆောင်ရွက်နေမှု အခြေအနေများ၊ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အမြဲလက်ကမ်းကြိုဆိုထားရှိမှု အခြေ အနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ငြိမ်းချမ်းရေး ရယူလိုမှုစိတ်ဆန္ဒအပြည့်ဖြင့် NCA တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် လိုအပ်မှုအခြေအနေများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စရပ်များ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရ၊ တပ်မတော်၊ ပြည်သူလူထု နှင့်အတူ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ NCA လက်မှတ်ရေးထိုးထားရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ထားရှိနိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အရှေ့မြောက်ဒေသတိုက်ပွဲ ဖြစ်စဉ်များ၌ နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိပါးလာမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး နယ်မြေတည် ငြိမ်အေးချမ်းရေးဆောင်ရွက်မှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းသို့ ဒုတိယသမ္မတ(၁)ဦးဆောင်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်များ သွားရောက် စုံစမ်းစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များအပြင် ပဋိပက္ခများ ဖြေရှင်းဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိစေရေးအတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတို့အား အသေးစိတ်အပြန်အလှန်အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အမေရိကန်နိုင်ငံသံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment