Wednesday, December 14, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစီအစဉ်

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
-----------------------------------------
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစီအစဉ်
**************************************************************************
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပမည်။

(က) ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင် က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ၃၅၃ အရ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်
ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ” ဟု ပြဋ္ဌာန်းထားပါလျက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အပျို၊ လူပျို ဖြစ်ကြောင်း ကျမ်းကျိန်လွှာ (နိုတြီ) အပေါ် ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊

(ခ) တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင် က တောင်ဥက္ကလာပ
မြို့နယ်၊ ၉ ရက်ကွက်၊ သစ္စာလမ်းနှင့် ဝေဇန္တရာလမ်းထောင့်ရှိ အားကစား
ပန်းခြံအား မူလအတိုင်း ပြန်လည်ခွင့်ပြုပေးပါရန် နှင့်စပ်လျဉ်း သည့် မေးခွန်း၊

(ဂ) တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင် က မြန်မာနိုင်ငံရှိ ရဲဘက်စခန်းများ
အား ဖျက်သိမ်းရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊

(ဃ) ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် က မြန်မာနိုင်ငံတွင် သက်ငယ်
မုဒိမ်းမှုများနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ထိရောက်သည့်
ပြစ်ဒဏ်ချမှတ်ရန် အစီအစဉ်ရှိ၊မရှိနှင့် နိုင်ငံတော်အစိုးရအနေနှင့်
ပြည်သူလူထုအား အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်
လာနိုင်စေရန်အတွက် ပညာပေး အစီအစဉ်များ ဆောင်ရွက်ပေး
ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးခွန်းများမေမြန်းကြမည်။

* ဒေါ်မာမာခိုင်၊ သထုံ မဲဆန္ဒနယ် က တင်သွင်းသည့် “ နိုင်ငံတော်နှင့်
ပြည်သူများအတွက် နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ စီးပွားရေး
တို့ကို ထိခိုက်ပျက်စီးစေသော “ တရားမဝင် လောင်းကစားမှု ”များကို ထိရောက်စွာ ဟန့်တား၍ အရေးယူဆောင်ရွက်ပေးရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်း ” အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးခြင်း -

* အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း
ဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်
ရယူခြင်း၊

* အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ”နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ကြမည်။
* ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၇) ရက်မြောက်နေ့ ဆက်လက်
ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်။

No comments:

Post a Comment