Wednesday, December 14, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးအား ဖမ်းဆီးရမိ




ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်ဝန်းကျင်တစ်ဝိုက်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ တစ်ချို့ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နံနက် ၂ နာရီခန့်မှစ၍ ရှောင်တခင် စစ်ဆေးခြင်း များဆောင်ရွက်စဉ် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့်အား ဇယန်းကြီးကျေးရွာရှိ ၎င်းနေအိမ်၌လက်နက်မဲ့ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ခြံဝင်းအတွင်း ၀ါးရုံပင်များအောက်မှ ပလတ်စတစ်အဖြူရောင်ဖြင့် ထုတ်ပိုးထားသည့် ကြိုးဆွဲလက်ပ
စ်ဗုံး ၁ လုံးအား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလအတွင်းက ဟူးခင်ကျေးရွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အတင်းအဓမ္မလူသစ် စုဆောင်းခြင်းခံခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထွက်ပြေးလာကာ ဇယန်းကြီးကျေးရွာ၌ နေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း ရှိ/ မရှိနှင့် အကြမ်းဖက်သမားများနှင့် ဆက်စပ်သည့် သတင်းများရရှိရေး အသေးစိတ်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment