Wednesday, December 14, 2016

မြစ်ကြီးနားတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့် တိုက်ခိုက်လုယက်သူ လေးဦး ဖမ်းဆီးမိ


Wednesday, December 14, 2016
မြစ်ကြီးနားမြို့ မနော ကွင်းအနီးတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်သွားသူလေးဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို အမျိုးသား လေးဦးက ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှု ဒီ ဇင်ဘာ ၅ ရက်ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဓားဖြင့် အခုတ်ခံ ရသူ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သူကို ၇ ရက်အ ကြာ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည် နယ်ရဲတ
ပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးကပြောသည်။
‘‘အုပ်စုဖွဲ့ပြီး လုယက်တဲ့သူ တွေကို နယ်မြေရဲက စုံစမ်းဖော် ထုတ်လိုက်နိုင်တယ်။ နောက်ထပ် လုယက်မှုတွေလည်း ပေါ်တယ်။ ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးနေတုန်း ပဲ။ စစ်ဆေးပြီးတာနဲ့ အရင်အမှု တွေမှာ ကျူးလွန်ခံရသူတွေကို ဆက်သွယ်မှာပါ’’ဟု ရဲမှူးကြီး ထွန်းဦးကပြောသည်။
ဖမ်းဆီးထားသူလေးဦးသည် မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက် တွင်နေထိုင်သူများဖြစ်ပြီး မြစ် ကြီးနားမြို့မရဲစခန်း၌ စစ်ဆေး နေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။
7Day Daily

No comments:

Post a Comment