Friday, June 26, 2015

မျက်လုံး ကျန်မားရေးအတွက် ဘာတွေ စားသင့်သလဲ


နေ့စဉ် ကွန်ပျူတာ အမြဲကြည့်နေရတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရောဂါကြောင့် မျက်လုံး ကျန်မာရေး မကောင်းတာပဲ ဖြစ်ဖြစ် နေ့စဉ် မဟုတ်တောင် ဂရုစိုက် စားပေးသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -
(၁) မုန်လာဥ အနီ စားရပါမယ်။

မိန်းကလေး အများစု သတိမထားမိသည့် အမှားများ


မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။
(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု

Thursday, June 25, 2015

Breaking News


-
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး မဲခွဲမှု ရှုံးနိမ့်
-----------------------------------------------------------
ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင်း ယနေ့ မဲခွဲခဲ့သော်လည်း ထောက်ခံ ၇၅ ရာခိုင်နှုန်းမရရှိဘဲ ရှုံးနိမ့်သွား၍ မူလအတိုင်းသာ ဆက်လက်ထားရှိရတော့မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲပေးသူ ၅၈၃ ယောက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံမဲ ၃၈၈ သာရရှိသဖြင့် ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိတော့ပေ။
ပုဒ်မ ၅၉ (စ) အတွက် မဲခွဲရာတွင်မူ မဲပေးခွင့်ရှိသူ ၅၈၃ တွင် ပြင်ဆင်ရေး ထောက်ခံသူ ၃၇၁ သာရှိပြီး လိုအပ်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမရ၍ ယင်းအဆိုလည်း ရှုံးနိမ့်သွားခဲ့ရသည်။
The Irrawaddy (Burmese Version)

ကြားနေမဲမရှိ လွှတ်တော်ထဲ မဲခွဲပြီ



ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၆၀(ဂ) ) ပြင်ဆင်ရေး အခုလက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေက ဆန္ဒမဲ စတင်ပေးနေပါပြီ။ ထောက်ခံရင် အမှန်ခြစ်ပြီး ကန့်ကွက်ရင် ကြက်ခြေခတ်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက်ရှိတာ ၄၉ ယောက်ခွင့်တင်ထားပါတယ်။ မတက်တဲ့သူ ကန့်ကွက်၊ ကြားနေမဲ မရှိ၊ မပေးရင် ကန့်ကွက် လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးရာမှာ ပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားဖို့ နာယက သူရဦးရွှေမန်းက ထပ်ပြောပါတယ်။
Photos: Min Thu, Doh Lan, Ei

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး


ဇွန်လ ၂၅ ရက်၊ ၂၀၁၅
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ပါတီရုံးဆိုင်းဘုတ်သွားတင်တာကို မကျေနပ်လို့

မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ


ဇွန်လ ၂၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်းသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ်များအား ဇွန် ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။
KIA အဖွဲ့သည် မိုးကောင်း-ကာမိုင်းသွား ကားလမ်းပေါ်တွင် သွားလာနေသော

အလုပ်ကထွက်ပြီး ရွက်လှေနဲ့ ကမ္ဘာပတ်နေတဲ့ ဇနီးမောင်နှံ




အမေရိကန်လူငယ်စုံတွဲတစ်တွဲဟာ လက်ရှိအောင်မြင်နေတဲ့အလုပ်ကိုယ်စီကနေ ထွက်လိုက်ကြပြီး ပိုင်ဆိုင်သမျှ တန်ဖိုးကြီးပစ္စည်းတွေလည်း ရောင်းချလိုက်ပါတယ်။ အဲဒီနောက် ရွက်လှေတစ်စင်းဝယ်ပြီး ကမ္ဘာ့ပတ်ခဲ့တာ အခုဆိုရင် ၁၆ နိုင်ငံကိုသူတို့လှည့်ပတ်ရောက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။


မတ်တ်နဲ့ ဂျက်စီကာတို့ဟာ အသက် ၃၂ နှစ်အရွယ်ကိုယ်စီရှိကြသူတွေ ဖြစ်ပါတယ်။ မတ်တ်က ကားကုမ္ပဏီမှာ

ဖြစ်နိုင်ဖွယ်မရှိဘူးလို့ ထင်ရပေမယ့် တကယ်မှန်ကန်တဲ့ အချက်အလက်များ


------------
ယုံချင်ဖွယ် မကောင်းပေမယ့် တကယ်ဖြစ်ပျက်ခဲ့ပြီး တကယ်လည်း ရှိနေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
(၁) နွားတွေမှာ အချစ်ဆုံးအခင်ဆုံးမိတ်ဆွေတွေရှိကြတယ်။ အချင်းချင်းကွဲသွားတဲ့အခါ သူတို့စိတ်သောကရောက်ကြတယ်။
(၂) အမေရိကန်ပြည်တွင်းစစ်ဟာ လူတစ်ဦးရဲ့ နောက်ဘေးကွက်လပ်မှ စတင်ခဲ့ပြီး အဲဒီလူရဲ့ ဧည့်ခန်းနေရာမှာပဲ အဆုံးသတ်သွားခဲ့တယ်။

ရေကူးကန်ထဲပေါက်ချတဲ့ ဆီးတွေကြောင့် ရေကူးချိန်မျက်စိများနီရဲပြီး ကျိန်းစပ်လာရ ခြင်းဖြစ်တယ်လို့ လေ့လာတွေ့ရှိ

အများသုံးရေကူးကန်တွေမှာ ရေသွားကူးကြရင် မျက်စိတွေနီရဲလာပြီး ကျိန်းစပ်လာတဲ့ ခံစားရမှုက ရေကူးကန်ထဲ ကလိုရင်းဆေးရေးရည်ခပ်ထားမှုကြောင့် ဖြစ်ရခြင်းဖြစ်တယ် လို့ဆိုတဲ့ အကြောင်းပြချက်က ၇၁ ရာခိုင်နှုန်းမမှန်ကန်ကြောင်းကို အမေရိကန် ရောဂါပိုး မွှားထိန်းချုပ်မှုနှင့်ကာကွယ်တားဆီးမှု

Wednesday, June 24, 2015

ထိုင်း-မြန်မာ ဘောလုံး ဗိုလ်လုပွဲလက်မှတ် ဈေးတင်ရောင်းချမှု စုံစမ်းစစ်ဆေးမည်


စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ထိုင်း-မြန်မာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်မှတ်တွေကို ဈေးနှုန်းတင် ရောင်းချမှုကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဂိုးဒင်းမြန်မာ အဖွဲ့က ပုံမှန်ထက် ဈေးနှုန်း ပိုတင်ရောင်းခဲ့တာကို စုံစမ်းတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ဆီးဂိမ်းကျင်းပရေးကော်မတီ (SINGSOC)ကို ကိုးကားပြီး စင်ကာပူ အခြေစိုက် ချာနယ် နယူးအေးရှား သတင်းက ရေးပါတယ်။
ကနဦးက အုပ်စုလိုက် ၀ယ်ယူတဲ့အတွက် လက်မှတ်စောင်ရေ ၂၀၅၀ ကို ဒီအဖွဲ့ကို

"ထိုင်၊ထ စနစ်နဲ့ မဲခွဲရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ"


"မဲခွဲတာနဲ့ပတ်သက်ပြီး ထိုင်၊ ထ ပုံစံပဲကြိုက်တယ်။ ရှင်းရှင်းလင်းလင်းဖြစ်တယ်" ဟု ယခုလွှတ်တော်ခဏနားချိန်အတွင်း သတင်းထောက်များ၏ မေးမြန်းချက်ကို
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။
ဇွန် ၂၅ ရက်တွင် ခြေဥပြင်ဆင်ရေးဆွေးနွေးချက်များအပေါ် လွှတ်တော်အတည်ပြုချက်ရယူမည်ဖြစ်ပြီး မည်သည့်ပုံစံဖြင့်

Friday, June 19, 2015

clean,good ....ဘာညာ သရကာပေါ့










တော်လိုက်တဲ့သား


=============
အဖေ“ဟေ…. ဘာလဲသား”
“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”
“ဟင်…မင်းဆရာမကို သွားမတိုင်ဘူးလား”
“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”
“အေး…သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”
“ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းတယ်အဖေ၊ အဲဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကိုဆင့်ခေါ်ပြီး ဆရာမစိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့”

တပ်သားသစ်စုဆောင်းခြင်းအရေး ရတက်မအေးရင်လေးစရာ


(ဆောင်းပါး)

အခုတလော လူမှုရေးကွန်ယက် အွန်လိုင်းထဲမှာရော ပြည်တွင်းပြည်ပ သတင်းစာ၊ ဂျာနယ်၊ သတင်းဌာနတွေကပါ သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တချို့ တို့က တပ်သားသစ် စုဆောင်းရေးကို ပုံမှန်ထက် ထပ်တိုး လုပ်ဆောင်ခြ င်းကြောင့် ဒေသခံ ပြည်သူလူထုတို့ထံမှ မကြားစဖူးကြားရသည့် ညည်းညူ သံေ တွဖေါ်ပြ ရေးသားထုတ်လွှင့်တာ နေ့စဉ်လိုလို သိရ၊ဖတ်ရ၊ကြား ရတော့ ရတက်မအေးရင်လေးစရာ ဖြစ်ရသည်။ ဤကိစ္စကို တိုင်းရင်းသား အဖွဲ့အစည်းတွေက

ဖားကန့်ရဲတပ်ရင်း ဗုံးဖြင့်ပစ်ခတ်ခံရ၊ ရဲအရာရှိ ၂ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဇွန် ၁၇ ရက်နေ့ညက အစိုးရရဲလုံခြုံရေးတပ်ရင်းတွေ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖားကန့်ရဲစခန်းက ပြောပါတယ်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာ၇ီ မိနစ် ၃၀ အချိန် ဆိတ်မူကျေးရွာအုပ်စု နတ်မော်ရွာမှာရှိတဲ့ အစိုးရလုံခြုံရေး ရဲတပ်ရင်း အမှတ် ၃၀ ကို ကေအိုင်အေဘက်က လက်ပစ်ဗုံးနဲ့ လှမ်းပစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ