Thursday, June 25, 2015

ကြားနေမဲမရှိ လွှတ်တော်ထဲ မဲခွဲပြီ



ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၆၀(ဂ) ) ပြင်ဆင်ရေး အခုလက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေက ဆန္ဒမဲ စတင်ပေးနေပါပြီ။ ထောက်ခံရင် အမှန်ခြစ်ပြီး ကန့်ကွက်ရင် ကြက်ခြေခတ်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက်ရှိတာ ၄၉ ယောက်ခွင့်တင်ထားပါတယ်။ မတက်တဲ့သူ ကန့်ကွက်၊ ကြားနေမဲ မရှိ၊ မပေးရင် ကန့်ကွက် လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးရာမှာ ပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားဖို့ နာယက သူရဦးရွှေမန်းက ထပ်ပြောပါတယ်။
Photos: Min Thu, Doh Lan, Ei

No comments:

Post a Comment