Wednesday, December 14, 2016

Myanmar New Face Model

model :Nay Chi
Photo :Min Yan Naing



ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း သမိုင်းအထောက်အထား အပြည့်အစုံနဲ့ ထုတ်ဝေမယ် -


မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးနဲ့အသုံးအနှုန်း ဘယ်ကာလကမှ မရှိခဲ့ကြောင်းကို ရှေးမြန်မာ့သမိုင်းရာဇဝင်၊ သမိုင်းမှတ်တမ်းစာအုပ်တွေနဲ့ ရေးသားပြုစုပြီး အထောက်အထားတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေဖြန့်ချိသွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ထုတ်ဝေဖြန့်ချိမှု မလုပ်ခင်မှာ သမိုင်းပညာရှင်တွေက မြန်မာ့သမိုင်းထဲက တိုင်းရင်းသားလူမျိုးနဲ့ မျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ စကားလုံးနဲ့အသုံးအနှုန်း ဘယ်တုန်းကမှ မရှိခဲ့ကြောင်းကို အေ ရှေးမြန်မာ့သမိုင်းရာဇဝင်၊ ခေတ်အဆက်ဆက် ရေးသားပြုစုခဲ့တဲ့ သမိုင်းမှတ်တမ်းစာအုပ်တွေ၊ အထောက်အထားအကိုးအကားတွေ ပြည့်ပြည့်စုံစုံနဲ့ ရေးသားပြုစုပြီး နိုင်ငံေ

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစီအစဉ်

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
-----------------------------------------
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစီအစဉ်
**************************************************************************
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပမည်။

(က) ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင် က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ၃၅၃ အရ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်
ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ” ဟု ပြဋ္ဌာန်းထားပါလျက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အပျို၊ လူပျို ဖြစ်ကြောင်း ကျမ်းကျိန်လွှာ (နိုတြီ) အပေါ် ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊

(ခ) တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင် က တောင်ဥက္ကလာပ
မြို့နယ်၊ ၉ ရက်ကွက်၊ သစ္စာလမ်းနှင့် ဝေဇန္တရာလမ်းထောင့်ရှိ အားကစား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သိုင်း သရုပ်ပြသမှုကြည့်ရှု၊ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ကြည့်ရှုအားပေးစကားပြောကြား၊ Vertical Wind Tunnel ဆောက်လုပ်ထားရှိမှုနှင့် လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး





မြန်မာ့သိုင်းသည် ဗန်တို(လက်နက်မဲ့)နှင့် ဗန်ရှည်(လက်နက်ဖြင့်) ပညာရပ်နှစ်ခုကို ပေါင်းစပ်ထားသည့် မြန်မာ့ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာသည် သူတစ်ပါးကို ရန်ပြုတိုက်ခိုက်ရန်မဟုတ်ဘဲ အခြေခံအားဖြင့် လက်နှင့်ခြေထောက်များကို အသုံးပြုပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သောကြောင့် မိမိ၏ကျန်းမာမှု၊ ကြံ့ခိုင်မှုနှင့် လုံခြုံမှုအတွက် အားလုံးလေ့လာ လိုက်စားသင့်သည့် ကိုယ်လုံပညာရပ်တစ်ခုဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စုပေါင်းတန်းစီကွင်းတွင် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းသရုပ်ပြသပွဲ၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ သရုပ်ပြပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူတစ်ဦးက မြန်မာ့သိုင်းနှင့်ပတ်သက်၍ သင်ကြားလေ့ကျင့်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းပညာ ကစားကွက်များ အနက်မှ စုပေါင်းကစားကွက် ၆ မျိုး၊ တစ်ကိုယ်တော်ကစားကွက် ၅ မျိုးနှင့် အတွဲတိုက်ပြကွက် ၃ မျိုးတို့အား သရုပ်ပြသကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြားရာတွင် က

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Tuesday, December 13, 2016
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အားလက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စစ်သံမှူး Colonel James McAden နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး အတွက် ငြိ

TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးအား ဖမ်းဆီးရမိ




ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်ဝန်းကျင်တစ်ဝိုက်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ တစ်ချို့ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နံနက် ၂ နာရီခန့်မှစ၍ ရှောင်တခင် စစ်ဆေးခြင်း များဆောင်ရွက်စဉ် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့်အား ဇယန်းကြီးကျေးရွာရှိ ၎င်းနေအိမ်၌လက်နက်မဲ့ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ခြံဝင်းအတွင်း ၀ါးရုံပင်များအောက်မှ ပလတ်စတစ်အဖြူရောင်ဖြင့် ထုတ်ပိုးထားသည့် ကြိုးဆွဲလက်ပ

မလေးရှားက ဘုရင်သစ်အား ခမ်းနားထည်ဝါသော အခမ်းအနားဖြင့် နန်းတင်

မလေးရှားသည် ဒီဇင်ဘာ ၁၃ က နိုင်ငံ၏ ၁၅ ဦးမြောက်ဘုရင် ပစ္စမမြောက် ဆူလ်တန်မိုဟာမက်အား ခမ်းနားစွာ နန်းတင်ခဲ့ကြောင်း သိရသည်။ ကားမောင်းခြင်းနှင့် အခြားအားကစားများကို စွဲလမ်းမှုအတွက် ထင်ရှားသော ငယ်ရွယ်သူ ဘုရင်မိုမာမက်သည် အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး မြောက်ပိုင်း ကီလန်တန်ပြည်နယ်မှ စော်ဘွားတစ်ဦးဖြစ်သည်။
၁၉၅၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက် ကျင့်သုံးခဲ့သည့် အလှည့်ကျအုပ်စိုးသောစနစ်အရ မလေးရှား၏ ပြည်နယ်ကိုးခုမှ စော်ဘွားများသည် မလေးရှားထီးနန်းကို ငါးနှစ်တစ်ကြိမ် အုပ်စိုးရသည်။
ရွှေရောင်ရိုးရာ မလေးဝတ်စုံကို ၀တ်ဆင်ထားသော ဆူလ်တန်မိုဟာမက်သည် ကွာလာလမ်ပူရှိ နန်းတော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ယင်းအခမ်းအနားကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ပစ္စမမြောက် မိုဟာမက်ဆူလ်တန်သည် အောက်စဖို့ဒ် တက္ကသိုလ်ရှိ စိန့်ခရော့စ်ကောလိပ်နှင့် အောက်စဖို့ဒ် အစ္စလာမ္မစ်လေ့လာရေးစင်တာတွင် ပညာသင်ကြားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ကျန်းမာရေးပညာပေးအတွက် လမ်းလျှောက်မှု၌ ပါဝင်ခြင်း၊ ဘတ်စကက်ဘော ဦးထုပ်နောက်ပြန်ဆောင်း၍ ဓာတ်ပုံအရိုက်

မော်ဒယ် သွန်းဆက်






မြစ်ကြီးနားတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့် တိုက်ခိုက်လုယက်သူ လေးဦး ဖမ်းဆီးမိ


Wednesday, December 14, 2016
မြစ်ကြီးနားမြို့ မနော ကွင်းအနီးတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်သွားသူလေးဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို အမျိုးသား လေးဦးက ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှု ဒီ ဇင်ဘာ ၅ ရက်ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဓားဖြင့် အခုတ်ခံ ရသူ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သူကို ၇ ရက်အ ကြာ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည် နယ်ရဲတ

Tuesday, December 13, 2016

မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံ Dave Leduc တို့စုံတွဲ မြန်မာ့ ထုံးတမ်းဖြင့် လက်ထပ်ထိမ်းမြား




------ ------ ------ ------ ------
ဒီဇင်ဘာ ၁၁ ရက်နေ့က မြန်မာပြည်အလွတ်တန်းချန်ပီယံနှင့် ၇၅ ကီလိုတန်း ကမ္ဘာ့ချန်ပီယံ ထွန်းထွန်းမင်းကို တတိယအချီတွင် အလဲထိုး အနိုင်ယူပြီး မြန်မာ့လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကနေဒါနိုင်ငံသား Dave Leduc နှင့် ချစ်သူ Irina Terehova တို့၏ မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီပြုလုပ်သော မင်္ဂလာပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စင်ထရယ်ဟိုတယ်၌ ကျင်းပသည်။ ဒေ့ဗ်၏မင်္ဂလာပွဲကို မြန်မာမီဒီယာဂရုမှ ဦးဝဏ္ဏက စီစဉ်ပေးခြင်းဖြစ်ပြီး ပွဲစီစဉ်ဖြစ်ပုံကို ၎င်းက ယခုကဲ့သို့ရှင်းပြသည်။

“သူတို့နှစ်ယောက်က ကျွန်တော့်ကို အဖေလို့ ခေါ်တယ်ပေါ့နော်။ မြန်မာယဉ်ကျေးမှုကို သူတို့ တော်တော်ချစ်မြတ်နိုးပါတယ်။ မြန်မာလို မင်္ဂလာဆောင်ချင်တယ်ပြောတော့ ကျွန်တော်က ဒီဇင်ဘာပွဲမှာ မင်းနိုင်အောင်ထိုး နိုင်ရင် မင်္ဂလာဆောင်ပေးမယ်လို့ ပြောခဲ့တယ်။ တကယ်ပဲ သူနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ကတိအတိုင်း မင်္ဂလာဆောင်ပေးခဲ့တာပါ။ အမှန်တော့ နိုင်နိုင်ရှုံးရှုံး မင်္ဂလာဆောင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဖိတ်စာတွေကအစ ကြိုပြီးရိုက်ထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အခြေချဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ မြန်မာလိုလည်း ၀တ်ကြတယ်။ မြန်မာ

KIAအဖွဲ့မှစီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေး ငွေများ ကောက်ခံ

12-12-2016
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ထံမှ ရိက္ခာဆန်များ ၀ယ်ယူနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ KIA အဖွဲ့မှ အမာခံများမှတစ်ဆင့် ဆက်ကြေးငွေများအား လိုက်လံကောက်ခံလျက်ရှိကြောင်း ယင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
“ဟုတ်ပါတယ်၊ သူတို့အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့လို ကျောက်လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေဆီက ဆက်ကြေးငွေတွေကို လိုက်လံကောက်ခံနေကြပါတယ်၊ ဆက်ကြေးငွေကောက်ခံတဲ့အခါမှာလည်း သူတို့အဖွဲ့က အရင်ကထက် အများကြီးပိုတောင်းလာတယ်၊ အရင်တုန်းကတော့ ကျွန်တော်တို့ ကျောက်လုပ်တဲ့ သူတွေကတစ်ဦးကို ၁၀ သိန်းပဲ ပေးရတယ်၊ အခု သိန်း ၃၀ တောင် ပေးလိုက်ရတယ်၊ ကျွန်တော်တို့အပြင် တခြားလုပ်ငန်းရှင်တွေဆီကိုလည်း လိုက်ကော

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 1 person , people sitting and indoor













နေပြည်တော် ၊ ဒီဇင်ဘာ ၁၂
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း တို့တက်ရောက်ကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang၊

Friday, September 9, 2016

သူတော်ကောင်းတို့ ပွားများသော ကုသိုလ်ဆယ်ပါး

Image may contain: indoor

၁။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထဲမှ အချို့ကို တပါးသူအား ပေးကမ်းလှူဒါန်းသော ဒါနကုသိုလ်။
၂။ မကောင်းသောအကျင့်တို့ကို ရှောင်ကျဉ်သော သီလကုသိုလ်။
၃။ မိမိကိုးကွယ်ရာ ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းခြင်း၊ မေတ္တာပွားခြင်း၊ မတည်မြဲသော ဖြစ်ပျက်တို့ကို ရှုမှတ်ခြင်း အစရှိသော ဘာဝနာကုသိုလ်။
၎။ ရိုသေလေးစားထိုက်သူတို့အား ရှိခိုးဂါဝရပြုသည့် အပစာယနကုသိုလ်။
၅။ သူတပါး၏ လုပ်ငန်း၊ အလှူ၊ မိဘဖိုးဖွားဆရာသမားတို့၏ ကိစ္စရပ်များတွင် စေတနာထား လုပ်ကိုင်ပေးသည့် ဝေယျာဝစ္စကုသိုလ်။
၆။ မိမိပြုလုပ်ခဲ့သည့် အလှူ၊ စောင့်တည်ခဲ့သည့်သီလ၊ အားထုတ်ကျင့်ကြံခဲ့သည့်ဘာဝနာ စသည့်ကောင်းမှုတွေကို မိမိရသလို တပါးသူလဲ ထပ်တူရနိုင်ပါစေဆိုပြီး ပေးဝေမျှသည့် ပတ္တိဒါနကုသိုလ်။

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူ

No automatic alt text available.
ဒီနေ့ခေါင်းစဉ်ကိုဖတ်ပြီး ကျွန်တော်များတွေးရလွန်းလို့ ရူးသွားပြီလားထင်တဲ့သူရှိမယ်ထင်ပါတယ်
စိတ်မပူပါနဲ့ ကျွန်တော်အကောင်းကြီးရှိပါသေးတယ်
ပြီးအောင်ဖတ်ပေးပါဗျ
.

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူတစ်ယောက်ရှိရင်တော့

အဲ့ဒီလူကို ကျွန်တော်တို့က “အရူး” လို့ခေါ်ကျတယ်
.
ဒါဆိုရင် ….
ကိုယ်ကချမ်းသာမှုကိုလိုချင်တယ်
အလုပ်ကောင်းကောင်းကိုလိုချင်တယ်
တိုးတက်မှုကိုလိုချင်တယ်
ရည်မှန်းချက်အိပ်မက်ရှိတယ်
ပန်းတိုင်ကြီးကြီးမားမားရှိတယ်
.
ဒါပေမဲ့ ..ဒီနေ့ ကျွန်တော်တို့
ဇာတ်လမ်းတွဲတွေပဲထိုင်ကြည့်နေတယ်…ပြီးတော့ဗဟုသုတမရှိဘူးလို့ညည်းနေမယ်