Friday, September 9, 2016

သူတော်ကောင်းတို့ ပွားများသော ကုသိုလ်ဆယ်ပါး

Image may contain: indoor

၁။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထဲမှ အချို့ကို တပါးသူအား ပေးကမ်းလှူဒါန်းသော ဒါနကုသိုလ်။
၂။ မကောင်းသောအကျင့်တို့ကို ရှောင်ကျဉ်သော သီလကုသိုလ်။
၃။ မိမိကိုးကွယ်ရာ ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းခြင်း၊ မေတ္တာပွားခြင်း၊ မတည်မြဲသော ဖြစ်ပျက်တို့ကို ရှုမှတ်ခြင်း အစရှိသော ဘာဝနာကုသိုလ်။
၎။ ရိုသေလေးစားထိုက်သူတို့အား ရှိခိုးဂါဝရပြုသည့် အပစာယနကုသိုလ်။
၅။ သူတပါး၏ လုပ်ငန်း၊ အလှူ၊ မိဘဖိုးဖွားဆရာသမားတို့၏ ကိစ္စရပ်များတွင် စေတနာထား လုပ်ကိုင်ပေးသည့် ဝေယျာဝစ္စကုသိုလ်။
၆။ မိမိပြုလုပ်ခဲ့သည့် အလှူ၊ စောင့်တည်ခဲ့သည့်သီလ၊ အားထုတ်ကျင့်ကြံခဲ့သည့်ဘာဝနာ စသည့်ကောင်းမှုတွေကို မိမိရသလို တပါးသူလဲ ထပ်တူရနိုင်ပါစေဆိုပြီး ပေးဝေမျှသည့် ပတ္တိဒါနကုသိုလ်။
၇။ သူတပါလှူဒါန်းနေတာ၊ ကောင်းမွန်တဲ့အကျင့်မြတ်တွေကို စောင့်တည်နေတာ၊ တရားဘာဝနာစီးဖြန်းနေတာကို မြင်တဲ့အခါ ဘေးကနေ ဝမ်းသာစိတ်နဲ့ ကောင်းလိုက်တာ၊ မွန်မြတ်လိုက်တာဆိုပြီး အားပေးအားမြောက်ပြုလုပ်သည့် ပတ္တာနုမောဒနကုသိုလ်။
၈။ သူတော်ကောင်းတို့၏ မွန်မြတ်သောတရားကို နာကြားမှတ်ယူသည့် ဓမ္မဿဝနကုသိုလ်။
၉။ မိမိနာကြားခဲ့ရတဲ့ မွန်မြတ်တဲ့တရားဓမ္မတွေကို သူတပါးလဲ သိပါစေဆိုတဲ့စိတ်နဲ့ ပြန်ပြောပြတဲ့ ဓမ္မဒေသနာကုသိုလ်။
၁၀။ မှန်ကန်ဖြောင့်မတ်တဲ့ အယူဝါဒကို လက်ခံကျင့်သုံးသည့် ဒိဋ္ဌိဇုကမ္မကုသိုလ်။
ဝေဋ္ဌုဝန်ကျောင်းတိုက်တွင် မြတ်ဗုဒ္ဓမှ သုဗြဟ္မာနတ်သားနှင့်အခြွေအရံနတ်သမီးတို့အား ဟောကြားသောတရားမှ ကောက်နှုတ်ဖော်ပြသည်။
ချမ်းမြေ့ (ရိုးရာလေး)

No comments:

Post a Comment