Friday, September 9, 2016

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူ

No automatic alt text available.
ဒီနေ့ခေါင်းစဉ်ကိုဖတ်ပြီး ကျွန်တော်များတွေးရလွန်းလို့ ရူးသွားပြီလားထင်တဲ့သူရှိမယ်ထင်ပါတယ်
စိတ်မပူပါနဲ့ ကျွန်တော်အကောင်းကြီးရှိပါသေးတယ်
ပြီးအောင်ဖတ်ပေးပါဗျ
.

ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့လူတစ်ယောက်ရှိရင်တော့

အဲ့ဒီလူကို ကျွန်တော်တို့က “အရူး” လို့ခေါ်ကျတယ်
.
ဒါဆိုရင် ….
ကိုယ်ကချမ်းသာမှုကိုလိုချင်တယ်
အလုပ်ကောင်းကောင်းကိုလိုချင်တယ်
တိုးတက်မှုကိုလိုချင်တယ်
ရည်မှန်းချက်အိပ်မက်ရှိတယ်
ပန်းတိုင်ကြီးကြီးမားမားရှိတယ်
.
ဒါပေမဲ့ ..ဒီနေ့ ကျွန်တော်တို့
ဇာတ်လမ်းတွဲတွေပဲထိုင်ကြည့်နေတယ်…ပြီးတော့ဗဟုသုတမရှိဘူးလို့ညည်းနေမယ်

သတင်းဆိုးတွေပဲထိုင်ကြည့်နေတယ်…ပြီးတော့စိတ်ညစ်တယ်လို့ညည်းနေမယ်
အလုပ်ရှင်ရဲ့အတင်းကိုပဲပြောနေတယ်...ပြီးတော့မတိုးတက်ဘူးလို့ညည်းနေမယ်
အရေးမပါတဲ့အရာတွေပဲလုပ်နေတယ်…ပြီးတော့အချိန်မရှိဘူးလို့ညည်းနေမယ်
အရင်တိုင်းလိုပဲကြိုးစားနေတယ်…ပြီးတော့အရင်ထက်ကောင်းတဲ့ရလာဒ်လိုချင်တယ်လို့ညည်းနေမယ်
.
ဒါဆို ကျွန်တော်မေးချင်တာက
အဲ့လိုလုပ်နေရင် ရမှာလားကိုယ်လိုချင်တဲ့အရာကို ?
.
ဒီအပင်စိုက်ရင် ဒီအသီးပဲစားရလိမ့်မယ် !!!
အောင်မြင်ခြင်းမျိုးစေ့ကိုစိုက်ရင် အောင်မြင်ခြင်းအသီးကိုစားရမယ်
.
ဒါပေမဲ့ မကောင်းတဲ့မျိုးစေ့တွေပဲစိုက်ပြီး ကောင်းတဲ့အသီး၊အောင်မြင်တဲ့အသီးစားချင်တယ်ဆိုရင်တော့
ခုဏက ကျွန်တော်ပြောတဲ့
ခွေးမွေးပြီး နွားပေါက်လေးလိုချင်တဲ့ လူနဲ့ဘာမှမခြားနားပါဘူး
ဟုတ်တယ်ဟုတ် … ?
ကျွန်တော်တည့်တည့်ပြောတာပါ
ဒီနေ့စာအကျိုးရှိရင်တော့ သူငယ်ချင်းတွေလဲဖတ်လို့ရအောင် Share ပေးပါလို့တောင်းဆိုပါတယ်
.
အားလုံးပဲ သာယာသောနေ့လေး ပိုင်ဆိုင်ကြပါစေ

No comments:

Post a Comment