Friday, October 31, 2014

စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်


Friday, October 31, 2014

လိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ် ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့ ဒီကနေ့ သူတို့ကို

နိုင်ငံရေး ထိပ်သီးအစည်းအဝေး





၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

ယနေ့ (အောက်တိုဘာ ၃၁) နံနက် ၉ နာရီ ၃၀ ၌ နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ အပါအဝင် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီတို့မှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ယခုတွေ့ဆုံမှုတွင် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊

myKyat မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စတင်ရန်စီစဉ်


မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် myKyat Mobile Money ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Frontier Technology Partners မှ စီအီးအို Tim Scheffmann က ပြောသည်။

myKyat Mobile Money ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံမက ဈေးဝယ်ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေး ကိစ္စရပ်များအတွက် ငွေလွှဲခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုအတွက် ကိုယ်စားလှယ် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

“myKyat Mobile Money ကို ကျေးလက်ဒေသမှာရှိတဲ့ သူတွေအတွက် အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုတဲ့သူတွေအနေနဲ့ www.mykyat.com ဝက်ဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကြည့် ဖောင်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း ရုံးကို ဆယ်သွယ်နိုင်ပါတယ်” ဟု Tim Scheffmann ကပြောသည်။

myKyat Mobile Money ဝန်ဆောင်မှုအတွက် ပထမပုဂ္ဂလိကဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ဝန်ဆောင်မှု အသုံးပြုရန်အတွက် ဘဏ်အကာင့်ရှိရန် လိုမည်မဟုတ်ကြောင်းသိရသည်။

Thursday, September 18, 2014

ငါထောင်တန် အသစ် ထုတ်မည်တဲ့........။

ငါးထောင်တန် ငွေစက္ကူကို အောက်တိုဘာလ ၁ ရက်နေ့မှာ ဒီဇိုင်းအသစ်နဲ့ ပြောင်းလဲထုတ်ဝေမယ်လို့ MRTV က ကြေညာသွားပါတယ်။ ငွေစက္ကူဆိုက်နဲ့ ဒီဇိုင်းကတော့ အတူတူပဲ ဖြစ်ပြီး ရေစာနဲ့ လုံခြုံရေးကြိုးတွေကို ပုံစံပြောင်းထားတယ်လို့ သိရပါတယ်။ အဓိက ကတော့ ငွေစက္ကူသက်တမ်း တာရှည်ခံအောင်နဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်နိုင်အောင်လို့ ဆိုပါတယ်။ လက်ရှိသုံးနေတဲ့ ငါးထောင်တန်ကိုလည်း ဆက်လက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ



ရဟန္တာ=Arhat
တောရကျောင်း=Cloister
ဈာန်ပျံ=levitation
ဝက်ခြံ=pimple
ကြွက်နို့=wart
ဘောက်=dandruff
ငရုတ်ဆုံ=mortor
ငရုတ်ကျည်ပွေ့=pestle
ထန်းရည်=toddy (ဓနိရည်)
မန္ဒာလီ =muscovy duck

ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ (2)



ကွမ်းသီး =areca
လေးညှင်းပွင့် =clove
နွယ်ချို=liquorice
စမုံစပါး=dill seed
တောက်တဲ့=gecko
လူ့ ခွစာ=codger
သူငယ်ပြန်နေသူ=dotard
လင်ကွင်း=cymbal
နှဲ=oboe
နှဲဆရာ=oboist
နတ်ကတော်=medium

ကပ်သီးကပ်သတ်အင်္ဂလိပ်စကားများ (3)



အရူးလုပ်ခံရသူ=pasty
အလားအလာရှိသူ=goer
သမ္ဘာရှိန်=vive
ဆွေမျိုးကို ဦးစားပေးသောစနစ်=nepotism
ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်=logrolling
အရိုးပြာ=cremains
တရားဟောပလ္လင်=pulpit
ရောင်ခြည်စက်ဝိုင်း=nimbus
ဣနြေ္ဒကြီး=prudery

စဉ်းစားပါ


ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား

Thursday, September 18, 2014


စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ



ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာ (၁၈)ရက် နံနက်ပိုင်းက ဆင်နွှဲခဲ့ပြီး လူ(၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် ISတို့သည် ၎င်းတို့၏ လက်တံရှည်မှုကို ပြသရန်အတွက်

အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များကို စစ်ဆင်ရေးအတွက် အသုံးမပြုဟု အိုဘားမားပြောကြား


Thursday, September 18, 2014




အီရတ်သို့ ရောက်ရှိနေသည့် အမေရိကန် တပ်ဖွဲ့များသည် စစ်သွေးကြွများကို တိုက်ခိုက်သည့် ကဏ္ဍတွင် ပါဝင်မည် မဟုတ်ဟု အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့ကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ခြေလျင်တပ်များပါ ပို့ဆောင်သင့်ကြောင်း အဆိုပြုမှုများကို အိုဘားမားက အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အီရတ်ရှိ အမေရိကန် နိုင်ငံသားများ၏ လုံခြုံရေးကို ထောက်ပံ့ ကာကွယ်ရန် အမေရိကန် ခြေလျင်တပ်များ စေလွှတ်ထားသော်လည်း ၎င်းတို့သည် IS တို့ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွက် မဟုတ်ဟု အိုဘားမားက ဆိုသည်။

“အမေရိကန် တပ်ဖွဲ့တွေကို အီရတ်မှာ ဖြန့်ကျက်ထားတယ် ဆိုပေမယ့် တိုက်ခိုက်ရေးကဏ္ဍမှာ ပါဝင်မှာ

ရဲတိုက်ကို ထောင်ဒဏ် တစ်နှစ်ချ





Thursday, September 18, 2014

ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)



သရုပ်ဆောင်ရဲတိုက်ကို ဘာသာ၊ သာသနာကို ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်သည်။

လက်ရှိတွင် ထောင်ကျနေသော ရဲတိုက်ကို ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၉၅ (က)ဖြင့် တစ်နှစ်တို့ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
တစ်ပေါင်းတည်းကျခံရမည်ဖြစ်သောကြောင့် ထောင်ဒဏ်တစ်နှစ်ကျခံရမည် ဖြစ်သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ခရစ်ယာန်ကျောင်းသို့ သွားရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုပုဒ် ၂၉၅၊ ၂၉၅ (က)တို့ဖြင့် စစ်ဆေးခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် စစ်ဆေးခဲ့သည်။

ထိုပုဒ်မဖြင့်ပင် ရဲတိုက်ကို ၂၀၁၄ ဧပြီလ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ခဲ့မှုကို အယူခံဝင်ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ငါးနှစ်ချမှတ်ခဲ့သည်။

Wednesday, September 17, 2014

တောင်ကိုရီးယားက ပေးအပ်သည့် ငြိမ်းချမ်းရေးဆုတစ်ခုကို ဂျာမနီအဓိပတိ မာကယ်လ် ရရှိ




On
Wed, 2014-09-17





ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်လ်သည် တောင်ကိုရီးယားက ချီးမြှင့်သည့် ငြိမ်းချမ်းရေးဆိုင်ရာ ဂုဏ်ပြုဆု တစ်ခုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာစစ်နှစ်ခု ဖြတ်သန်းခဲ့သည့် ကာလများအတွင်း ဂျပန်စစ်သားများက ရက်စက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို ယနေ့ခေတ် ဂျပန်ခေါင်းဆောင်များက အသိအမှတ်ပြုရန် ရှောင်လွှဲနေလေ့ရှိကြောင်း တောင်ကိုရီးယားက စွပ်စွဲထားသည်။ မာကယ်လ်ကမူ ဒုတိယ ကမ္ဘာစစ် ကာလအတွင်း ဂျာမနီတပ်များ အနေဖြင့် ရက်စက်သော လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း အသိအမှတ်ပြု ထားခဲ့သည်။

တစ်ကမ္ဘာလုံး ရှေ့မှောက်တွင် အတိတ်က စစ်ရာဇဝတ်မှုများအတွက် ထုတ်ဖော်ဝန်ခံခြင်း၊ တာဝန်ယူတတ်ခြင်းတို့ကို ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ခဲ့ခြင်းအတွက် မာကယ်လ်ကို (၂၀၁၄)ခုနှစ်၊

နိုင်ငံတော်နှင့် ကုမ္ပဏီများက ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အကျိုးအမြတ်များကို ပွင့်လင်းမြင်သာမှုရှိစေရန် စိစစ်၊ စစ်ဆေးခံရန် လိုအပ်ဟု အမျိုးသားလွှတ်တော်၌ ဆွေးနွေး





နိုင်ငံတော်နှင့် ကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံမှုအရ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အကျိုးအမြတ်များကို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် စိစစ်၊ စစ်ဆေးခံရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က စက်တင်ဘာ ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောကြားသည်။

ဦးမျိုးမြင့်က နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ လုပ်ငန်းများကို နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုများဖြင့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၊ လုပ်ငန်းများ၊ ဆက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်းပိုင်း၊ ငွေကြေး၊ ကြာမြင့်ချိန်ကာလ၊ ထွက်ပေါ်လာမည့် အကျိုးအမြတ်များကို အထောက်အထားများဖြင့် နည်းလမ်းတကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတွက် ပွင့်လင်းမြင်သာမှုရှိစေရေး စစ်ဆေး၊ စိစစ်ခံကြရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

ပြီးစီးထားသည့် စီမံကိန်းများ ဆက်လက်ရှင်သန်နေစေရန်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ ဆောင်ရွက်ရသည့် သဘာဝရှိကြောင်း၊ အဆိုပါ ပြီးစီးထားသည့် လုပ်ငန်းများကို ၀န်ကြီးဌာန (သို့) လုပ်ငန်းဌာန၏ အစီအမံဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ

စက်စက်ယိုရွာက သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းလေးများ

By
မောင်တာ Wed, 2014

သျှောင်ပေစူးကလေးများကိုတွေ့ရစဉ် (ဓာတ်ပုံ - မောင်တာ)



ရွာဦးကျောင်းဆရာတော်နောက်တွင် နီစွေးစွေးယွန်းဗျပ်ကြီးများကို ထမ်းပိုးသူကထမ်းပိုး၊ သပိတ်လွယ်သူကလွယ် ဆွမ်းချိုင့်သယ်သူကသယ်နှင့် ဘုန်းကြီးကျောင်းသားလေးများ ကပ်လျက်လိုက်ပါလာကြသည်။

ဝါကျင့်ကျင့်သင်္ကန်းကို ဝတ်ရုံထားသည့် ဘုန်းတော်ကြီး၏နောက်မှ လိုက်ပါလာသည့် ကျောင်းသားလေးများ၏ ပုံသဏ္ဌာန်က မြင်ရသူများကို အလွန်အံ့အားသင့်စေပြီး မြင်တွေ့ခွင့်ရခဲသည့် ကျေးလက်မြင်ကွင်းဖြစ်သည်။

သျှောင်ပေစူး၊ ဆံရစ်ဝိုင်းလေးများဖြင့် ကလေးငယ်တစ်သိုက်က ယွန်းဗျပ်ကြီးများလွယ်ကာ ရွာထဲဆွမ်းခံထွက်လာသည့် မြင်ကွင်းမှာ ရှေးမြန်မာမင်းများလက်ထက် ရာဇဝင်ထဲပြန်ရောက်သွားသလား အောက်မေ့ရလောက်အောင် မြန်မာသရုပ်ကို ပီပြင်စွာဖော်ကျူးနေသည်။

ထိုမြင်ကွင်းကို ရှေးဟောင်းမြို့တော်ပုဂံနှင့် မိုင်နှစ်ဆယ်ကျော်ကွာဝေးသည့် စက်စက်ယိုဟု အမည်တွင်သောရွာတွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းက မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ အိမ်ခြေနှစ်ရာခန့်သာရှိသော ကျေးရွာငယ်လေးမှ ကလေးငယ်အချို့သည် မြန်မာ့ရိုးရာဓလေ့တစ်ခုကို ထိန်းသိမ်းထားကြသည်။ စက်စက်ယိုကျေးရွာတွင် ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများဖြင့် ကလေးငယ်ဆယ့်ငါးဦးခန့် ရှိနေသေးသည်။

ညောင်ဦးမြို့နယ်အတွင်း တည်ရှိသော စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် ပုပ္ပားတောင်ကြားတွင် တည်ရှိသည်။ စက်စက်ယိုကျေးရွာသို့ ညောင်ဦးမြို့မှ ပုပ္ပားတောင်သို့သွားသည့် ဗျတ္တပန်းဆက်လမ်းအတိုင်း သွားနိုင်သည်။ ဗျတ္တပန်းဆက်လမ်းပေါ်ရှိ ဂျမ်းလှီးရွာသို့ရောက်လျှင် မြေသားလမ်းခွဲလေးအတိုင်း အတွင်းဘက်သို့ ချိုးဝင်ရမည်ဖြစ်ပြီး သုံးမိုင်ခန့်ဝင်ပြီးမှ စက်စက်ယိုကျေးရွာသို့ ရောက်နိုင်သည်။

မိရိုးဖလာတောင်သူလုပ်ငန်းနှင့် ထန်းတက်လုပ်ငန်းများ လုပ်ကိုင်ကြသော စက်စက်ယိုရွာသည် လမ်းပန်းဆက်သွယ်ရေးအရ ချောင်ကျသည်။ ရွာတွင် မူလတန်းကျောင်းသာရှိပြီး အလယ်တန်းနှင့် အထက်တန်းပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် ရွာမှ ကျောင်းသား၊ ကျောင်းသူလေးများသည် အနီးနားရှိ အခြားရွာစာသင်ကျောင်းများသို့ နေ့စဉ်ခြေလျင်သွားရောက် ကျောင်းတက်နေရသည်။

မြန်မာ့ရိုးရာ ဆင်ယင်ထုံးဖွဲ့မှုဓလေ့တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများကိုတော့ စက်စက်ယိုရွာဦးကျောင်းဆရာတော် ဦးနာရဒ၏ ထိန်းသိမ်းကြပ်မတ်မှုနှင့်အတူ ရွာမှကလေးငယ်အချို့

ဆီးရီးယားစစ်တပ် တိုက်လေယာဉ် တစ်စီးကို IS အဖွဲ့ ပစ်ချ

Wednesday, September 17, 2014


Photo - Crashonline



အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်ရေးသမားများက ဆီးရီးယားလေတပ်မှ တိုက်လေယာဉ် တစ်စီးကို ပစ်ချလိုက်ကြောင်း သတင်းရရှိသည်။

လေယာဉ်ပစ် စက်သေနတ်များကို အသုံးပြုကာ တိုက်လေယာဉ် တစ်စီးကို စက်တင်ဘာ (၁၆)ရက်က ပစ်ချလိုက်ခြင်းဟု IS က ကြေညာသည်။ ISIS ဆိုသော အမည်မှ ပြောင်းလဲပြီး အစ္စလာမ်မစ် နိုင်ငံတော် အနေဖြင့် သတ်မှတ် ထူထောင်ပြီးနောက်ပိုင်း IS က ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တစ်စီးကို ပစ်ချလိုက်ခြင်း ဖြစ်သည်။

IS အဖွဲ့သည် ဆီးရီးယား အစိုးရကို တော်လှန်ရင်း အင်အားကြီးထွားလာကာ ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ၎င်းတို့ကို ဆီးရီးယား အစိုးရကရော၊ အမေရိကန်ကပါ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ပစ်ချခံရသည့် ဆီးရီးယား တိုက်လေယာဉ်သည် ဒမက်စကက်စ်မြို့တော် အရှေ့မြောက်ဘက် ကီလိုမီတာ (၄၀၀)မျှအကွာ၊ ISတို့ အင်အားကြီးမားစွာ တပ်စွဲထားသည့် ရက်ကာမြို့ပြင်သို့ ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်ပျက်ကျမှုသည် မိမိတို့ ပစ်ချခဲ့၍ဖြစ်ကြောင်း IS တို့က အခိုင်အမာ ဆိုသည်။

မြောက်ပိုင်းဒေသ တူရကီနှင့် နယ်စပ်အနီးတွင်မူ IS တို့သည် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများနှင့်

အခွင့်အလမ်းများပေါ်နေချိန်တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း အမေရိကန်တွင် ရွှေ့ပြောင်းလုပ်သားဘဝမှ လုပ်ငန်းရှင်ကြီးဖြစ်လာသူ ဦးဖိလစ်မောင်နှင့်တွေ့ဆုံခြင်း


By
အောင်သူရ On
Wed, 2014အတွဲ (၁၃)၊ အမှတ်(၂၈)

အမေရိကန်သမ္မတအိုဘားမားနှင့်အတူ ဦးဖိလစ်မောင်ကိုတွေ့ရစဉ် (hisshosushi.com)


လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ရောက်ခဲ့သော မြန်မာလူငယ်တစ်ဦးမှာ ယခုအခါ အမေရိကန်နိုင်ငံတွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။ သူ့အမည်က ဦးဖိလစ်မောင်။ အမေရိကန်ရောက်စတွင် ဆူရှီဆိုင်တစ်ဆိုင်၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း အလုပ်ကြိုးစားကာ ပိုက်ဆံစုခဲ့သည်။ စုထားသည့်ပိုက်ဆံများဖြင့် ၁၉၉၈ တွင် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်လာနိုင်ခဲ့ပြီးနောက် သူ့ဆိုင်များ အောင်မြင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကျဆင်း၍ ကုမ္ပဏီအများအပြား ဝန်ထမ်းလျှော့ချနေချိန်တွင် သူ့ကုမ္ပဏီမှာ အောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန်သမ္မတအိုဘားမားကပင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ဦးဖိလစ်မောင်သည် အမေရိကန်နိုင်ငံတွင် Hissho Sushi နာမည်ဖြင့် ကုမ္ပဏီထူထောင်ပြီး နိုင်ငံအနှံ့အပြား ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ လက်ရှိတွင် ဝန်ထမ်းပေါင်း ၁,၆၀၀ ခန့်အား အလုပ်ပေးထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက

ချင်းတိုင်းရင်းသားစာပေ သင်ကြားပေးသော ဆရာ၊ ဆရာမများအား အစိုးရက လစာထောက်ပံ့သွားမည်

By

ချင်းတောင်တန်းတစ်နေရာတွင် ကျောင်းတက်ရန် သွားနေကြသော ကလေးငယ်များ(ဓာတ်ပုံ − ကိုစိုင်း)
ချင်းပြည်နယ်အတွင်း ယခုနှစ်မှစတင်ကာ  ချင်းတိုင်းရင်းသား စာပေသင်ကြားပေးသော ဆရာ၊ ဆရာမများအား ပြည်နယ်အစိုးရမှ လစာငွေများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမော်က ပြောသည်။
အစိုးရက ထောက်ပံ့ပေးသော ငွေကြေးအဖြစ် ဆရာတစ်ဦးလျှင် တစ်လ သုံးသောင်းကျပ် နှုန်းဖြင့် သတ်မှတ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ထောက်ပံ့မှုကို ယခုနှစ် အတွင်း စတင်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရက ထောက်ပံ့ပေးရန် သက်ဆိုင်ရာ ဘာသာစာပေသင်ကြားမှုအပိုင်းတွင် တည်ငြိမ်သော အခြေအနေတစ်ခုရရှိအောင် ဆောင်ရွက်ပြီးမှသာ စတင်ထောက်ပံ့သွားမည်ဟု ၀န်ကြီးက ပြောကြားသည်။
‘‘ချင်းပြည်နယ်မှာက ချင်းတိုင်းရင်းသား မျိုးနွယ်စုတင် ၅၀ ကျော်တယ်။ စာပေကလည်း တစ်မြို့နဲ့

ရထားလိုလူ ကားလိုလူ အရည်အသွေးပြည့်တဲ့သူ



Written by - နန္ဒ၀င်း (ဆေး-၁)

ကျွန်တော်တို့ ခရီးတွေထွက်ဖူးကြပါတယ်။ ရထား၊ ကား စသည်ဖြင့် ယာဉ်အမျိုးမျိုးကို စီးဖူးကြပါတယ်။ ခရီးကိုရောက်တာ ချင်းတူပေမယ့် အသုံးပြုတဲ့ယာဉ်အပေါ်မူ တည်ပြီး သွားရတဲ့လမ်းကြောင်း မတူကြ ပါဘူး။ အဲဒီလိုပဲ မောင်းနှင်တဲ့ပုံစံချင်းလည်း မတူကြပါဘူး။ ရထားမှာ နဂိုကတည်းက သတ်မှတ်ထားတဲ့လမ်းရှိတယ်။ မပြောင်းလဲတဲ့ပုံသေ လမ်းကြောင်းရှိတယ်။ သတ်မှတ် ထားတဲ့အရှိန်ရှိတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလ ရှိပါတယ်။ သတ်မှတ်ချက် အတွင်းက ချိန်ကိုက်လုပ်ဆောင်ရတဲ့အပြင် ပုံသေလမ်းကြောင်းအတိုင်း အရှိန်နဲ့သွား လာတတ်တဲ့အတွက် အကယ်၍ လမ်းကြောင်းပေါ်မှာ ရုတ်တရက်ကန့်လန့်ဖီလာ ရှိနေတဲ့ အတားအဆီးတွေ့ရင်လည်း တိုက်ဖြတ်သွားတတ်ကြပါတယ်။ ရထားတိုက်သွားလို့ အရေးယူခံရတဲ့ ရထားမောင်းတဲ့သူဆိုတာ မရှိခဲ့ပါဘူး။ ကားကျတော့ အဲဒီလိုမဟုတ် ပါဘူး။ သတ်မှတ်ထားတဲ့လမ်းပေါ်မှာ ကိုယ်လိုရာခရီးကို လမ်းဘေးမကျအောင် လမ်း ကြောင်းမှန်အတိုင်း ထိန်းကျောင်းမောင်းနှင်ရသလို တစ်ဖက်ကသော်လည်းကောင်း၊ ကိုယ်နဲ့ခရီးတူ သွားဖော်သွားဖက်ကသော် လည်းကောင်း

Tuesday, September 16, 2014

နေရာ............


လူငယ်တွေ အောင်မြင်ဖို့ (၅)



မိမိအမည် (Brand) ကို ဈေးကွက်ချဲ့ထွင်ပါ

ယခင်တစ်ပတ် လူငယ်တွေအောင်မြင်ဖို့ အပိုင်း (၄) တွင် မိမိအရည်အချင်းကို စတင်မိတ်ဆက်ရာတွင် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ အရည်အချင်းတွေ တနည်းပြောရင် ကိုယ့်ရဲ့အမည် (Brand) ကို ပတ်ဝန်းကျင်နဲ့၊ လောကကြီးနဲ့ စတင် မိတ်ဆက်ပေးပြီး တဲ့အခါ ရပ်တန့်မထားပဲ ကိုယ့်ရဲ့အမည်(Brand)ကို ပိုမိုနေရာ ရစေဖို့ ဈေးကွက်ချဲ့ထွင်ရပါမယ်။ ကုန်ပစ္စည်း တစ်ခုအနေနဲ့ ဥပမာ ပြောရရင် စက်ရုံက ထုတ်လုပ်လိုက်ပြီးတဲ့ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ကို တင်ပို့ပြီးတဲ့အခါ သုံးစွဲသူတွေနဲ့ ပိုမိုနီးကပ်စေဖို့ Marketing လုပ်ရသလိုပါပဲ လူတစ်ယောက် ကလည်း ကိုယ့်ကိုယ်ကို လိုအပ်တဲ့ အရည်အချင်း/ အရည်အသွေး တနည်းပြောရရင် ကိုယ့်အမည်(Brand)ကို

လူငယ်တွေ အောင်မြင်ဖို့ (၄)





မိမိအရည်အချင်းကို စတင်မိတ်ဆက်ပါ

ယခင်တစ်ပတ် လူငယ်တွေ အောင်မြင်ဖို့ အပိုင်း (၂) နှင့် (၃) တွင် မိမိအရည်အချင်းကို ဖြည့်ဆည်းထားဖို့ အတွက် ဖြည့်ဆည်းရမဲ့ အမျိုးအစား ၄ မျိုးနဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ အရည်အချင်းတွေ ပြည်စုံလာတဲ့အခါ ကိုယ့်ရဲ့ အရည်အချင်း တနည်းပြောရင် အရည်အသွေးတွေကို ပတ်ဝန်းကျင်နဲ့၊ လောကကြီးနဲ့ စတင် မိတ်ဆက်ပေးရပါမည်။ ကုန်ပစ္စည်းတစ်ခုအနေနဲ့ ဥပမာ ပြောရရင် ပထမဆုံး အဆင့်က အရည်အသွေးပြည့်ဝတဲ့ ကုန်ပစ္စည်းတစ်ခုကို စက်ရုံက ထုတ်လုပ်လိုက်ပြီးရင် ဈေးကွက်ကို တင်ပို့ရသလိုပါပဲ လူတစ်ယောက် ကလည်း ကိုယ့်ကို ကိုယ် လိုအပ်တဲ့

လူငယ်တွေ အောင်မြင်ဖို့ (၃)



လုပ်ငန်းအစီအစဉ် အသေးစိတ်သတ်မှတ်ပါ

ယခင်တစ်ပတ် လူငယ်တွေ အောင်မြင်ဖို့ အပိုင်း (၂) တွင် မိမိအရည်အချင်းကို ဖြည့်ဆည်းထားဖို့ အတွက် ဖြည့်ဆည်းရမဲ့ အမျိုးအစား ၄ မျိုးကို ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ လိုအပ်ချက်များကို ဆောင်ရွက်ရန် အတွက် လုပ်ငန်းအစီအစဉ်များကို မည်သို့ လုပ်ဆောင်သင့်သည်ကို ဆက်လက် ပြောပြလိုပါတယ်။
ပထမဆုံး နေ့စဉ်လုပ်ငန်းအစီအစဉ်ကို စတင်သတ်မှတ်ရပါမယ်၊ တနေ့ခြင်းအတွက် တစ်ခုစီကို နာရီဘယ်လောက် အချိန်ပေးလုပ်မယ်၊ ဘယ်အတိုင်းအတာအထိ ပြီးစီးအောင်လုပ်မယ်ဆိုတာတွေကို သတ်မှတ်ရပါမယ်၊ ထိုအတူပဲ တစ်လအတွက် ၊ တစ်နှစ်အတွက်၊ နောက်လာမဲ့ သုံးနှစ် … ငါးနှစ်အတွက် အထိပါ ကိုယ်လိုချင်တဲ့ အတိုင်းအတာနဲ့ လုပ်ရမဲ့ အစီအစဉ်ကို အသေးစိတ် ချမှတ်ဖို့လိုအပ်ပါတယ်။ ဘဝမှာ အောင်မြင်နေတဲ့သူတိုင်း အစီစဉ်တကျ လုပ်ချင်မှ လုပ်ခဲ့ကြလိမ့်မယ်၊ ဒါပေမဲ့ “အစီအစဉ်ချမှတ်ပြီး

လူငယ်တွေ အောင်မြင်ဖို့ (၂)



အရည်အချင်းဖြည့်ပါ

လူတစ်ယောက် အောင်မြင်ဖို့ ဆိုတာ သူ့အလိုအလို ဖြစ်လာတာ မဟုတ်ပါဘူး၊ ကိုယ့်မှာ ရှိတဲ့ အစွမ်းအစ ကို အကောင်းဆုံး အသုံးချနိုင်မှသာ အောင်မြင်မှုလမ်းကို လှမ်းတက်နိုင်မှာပါ။ အောင်မြင်ချင်တဲ့ လူတစ်ယောက် သာမာန် တော်ရုံ၊ တတ်နေရုံနဲ့ မရနိုင်ပါဘူး၊ သူများထက် တော်နေ၊ တတ်နေ၊ ထက်မြက်နေ မှသာ အောင်မြင်မှာပါ။ ဒါကြောင့်မို့ အောင်မြင်ချင်တဲ့ လူငယ်တိုင်း အချိန်ရှိခိုက်မှာ အရည်အချင်းတွေ ဖြည့်ဖို့လိုအပ်ပါတယ်။ ဘာတွေဖြည့်ရမှာလဲ ?

အချိန်တန် အရွယ်ရောက်လာတဲ့ အခါ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ၊ ပျော်မွေ့ရာ နယ်ပယ် အသီးသီးမှာ အသက်မွေးကြမှာပါ။ ဒါဆို ကိုယ့်ဘဝကို ဘယ်လို အသက်မွေးမလဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လေ့လာသင်ယူရမဲ့ အကြောင်းအရာတွေ ကွဲပြားသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ၂၁ရာစုမှာ အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တာကတော့ Professional Skill, Language Skill, ICT Skill နဲ့ Knowledge Skill တွေပါ။

Professional Skill အတွက် စတင်မပြင်ဆင်ခင်မှာ ကိုယ်က ဘယ်အတိုင်းအတာအထိ အောင်မြင် ချင်လဲ ? ဆိုတာကို အရင်သိအောင် လုပ်ပါ။ ဆိုလိုသည်မှာ လုပ်ငန်းခွင်မဝင်ခင် သူတစ်ယောက်ဆိုရင် နောက်ထပ် ဘယ်နှစ်နှစ်အတွင်းမှာ လုပ်ငန်းစဝင်ဖို့ ရည်ရွယ်ထားလဲ?၊ ဘယ်လောက်ရာထူးအထိ လိုချင်လဲ ? လစာဘယ်လောက် လိုချင်လဲ ? လုပ်ငန်းခွင်ထဲက သူများအဖို့လည်း အတူတူပါ၊ နောက်ဘယ်နှစ်နှစ် အတွင်းမှာ ဘယ်ရာထူးအထိ မှန်ထားလဲ ? ဝင်ငွေဘယ်လောက် ရချင်လဲ ဘယ်လောက် စုဖို့ ရည်ရွယ်

လူငယ်တွေ အောင်မြင်ဖို့ (၁)



တိကျသော ရည်မှန်းချက်ပန်းတိုင်

လူသားတိုင်းသည် အောင်မြင်မှုကို လိုချင်ကြမည်မှာ မလွဲပါ၊ အောင်မြင်မှုဟူသည် နေ့ချင်း ညချင်း ဥုံဖွ မန်းမှုတ်ယူ၍ မရသည့် အရာဖြစ်ပါသည်။ ထို့အတူ အောင်မြင်မှုကို တိုင်းတာသည့် နေရာတွင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် တူညီနိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဆိုစေ မိမိလိုချင်သော၊ လိုလားသော အောင်မြင်မှုကို ရရှိရန် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် စာပေ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အောင်မြင်နေသူ များသည် စနစ်တကျ ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်လာကြခြင်း ဖြစ်ပါသည်။ ထိုသို့ စနစ်တကျ ဆောင်ရွက်ရန်အတွက် လိုအပ်သော မဟာဗျူဟာ (Strategy)၊ နည်းဗျူဟာ (Tip tap)

Panasonic က ဈေးနှုန်းမြင့်မားသည့် Android အသုံးပြု စမက်ကင်မရာ CM1 ကို မိတ်ဆက်




Panasonic ကုမ္ပဏီအနေနဲ့ သူရဲ့ ပထမဆုံး Android OS အသုံပြုသည့် စမက်ကင်မရာဖြစ်သည့် Lumix Smart Camera CM1 ကို မိတ်ဆက်ခဲ့ပါတယ်။
တိုကျိုမှာ ကျင်ပခဲ့သည့် Photokina 2014 ပွဲတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စမက်ကင်မရာ ဘယ်လောက်ကောင်းတယ်ဆိုတာကတော့ သင့်အနေ နဲ့ စမက်ဖုန်းတစ်လုံးကို ကင်မရာကောင်းကောင်းနဲ့ လိုချင်လဲဆိုတဲ့ အပေါ်မူတည်ပါ လိမ့်မယ်။ ယခု စမက်ကင်မရာဟာ Samsung ရှဲု့ Galaxy K Zoom နဲ့ ပြိုင်ဘက်ဖြစ်လာ ဖွယ်ရှိနေပါတယ်။
အဆိုပါ ကင်မရာဟာ Android OS အပေါ်မှာ အလုပ်လုပ်ထားသလို သင့်တင့်တဲ့ hardware ပိုင်း ပစ္စည်းများကိုလည်း အသုံးပြုထားပါတယ်။ Panasonic ဟာ သူရဲ့ စမက်ကင်မရာကို မျက်နှာပြင် ၁ လက်မရှိတဲ့ Sensor ပေါ်မှာ တပ်ဆင်ထားပြီး အဆင့်မြင့်ဆုံး တစ်လက်ကိုင် ကင်မရာလေး တစ်လုံးဖြစ်

ကွန်ပျူတာ သုံးစွဲသူတိုင်းတွင် ရှိထားသင့်သည့် အခမဲ့ ထိပ်တန်း ပရိုဂရမ် (၁၀) ခု



ကွန်ပျူတာပေါ်တွင် အသုံးပြုနိုင်သည့် အခမဲ့နှင့် open source ထုတ်ကုန် သန်းပေါင်းများစွာရှိသည်။ အဆိုပါ အခမဲ့ ပရိုဂရမ် အများစုသည် စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက် သာလွန်ကောင်းမွန်သည်။ ထို့ကြောင့် ကွန်ပျူတာ သုံးစွဲသူများတွင် ရှိထားသင့်သည့် အခမဲ့ ထိပ်တန်း ပရိုဂရမ် (၁၀) ခုကို ဖော်ပြလိုက်ပါသည်။

Antivirus နှင့် malware ကာကွယ်ခြင်း

ကွန်ပျူတာ သုံးစွဲသူ အများစုသည် ၎င်းတို့၏ ကွန်ပျူတာများကို antivirus program များထည့်သွင်းကာ ကာကွယ်မှုပြုလုပ်ကြသည်။ သို့ရာတွင် အချို့သော အခြေအနေများ၌ အခမဲ့ antivirus program များက စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက် ပိုမိုကောင်းမွန်သည်ကို သတိမပြုမိဘဲ ရှိတတ်ကြသည်။ အခမဲ့ ထိပ်တန်း antivirus program များအဖြစ် အောက်ဖော်ပြပါ program များကို အသုံးပြုနိုင်သည်။

Antivirus program: Avast! or AVG

Malware and Spyware protection: Malwarebytes or Microsoft Security Essentials

Backup ပြုလုပ်ခြင်း

ကွန်ပျူတာများတွင် အသုံးပြုနိုင်မည့် အခမဲ့နှင့် အခပေး backup program များစွာရှိသည်။ သို့ရာတွင် အချို့သော backup များသည် ကွန်ပျူတာပေါ်တွင်သာ သိမ်းဆည်းထားသောကြောင့် ကွန်ပျူတာ ခိုးယူခံရခြင်း၊

စံချိန်တင်များပြားသော ၀န်ကြီးဌာနများအတွက်လား


ကာတွန်းကမ္ဘာ


Office Word 2010 နဲ့ သေသပ်လှပသော Ebook ပြုလုပ်လိုသူများအတွက်




Guide Line Only (not learning)

Microsoft Office Word 2010 အခြေခံလေးတော့ သိထားရင်အကောင်းဆုံးပါ။

1. Microsoft Office Word 2010 ကိုဖွင့်ပါ။ Run box မှလဲဖွင့်နိုင်ပါတယ်။ Windows key + R တွဲနှိပ်ပြီး winword ကိုရိုက်ပြီး Enter နှိပ်ပါ။ Blank Document ကို ရွေးပါ။

2. စာရွက်အနေအထားပြင်ပါ။
Page Layout >> Custom Margin >> Paper (A4), Margins (T - 1, B -1, L - 1.25, R - 0.75) စာအုပ်ပုံအနေအထားပါ။ (ရှင်းလင်းချက် T=Top, B=Bottom, L=Left, R=Right စာရွက်ပတ်ပတ်လည်

အင်္ဂလိပ်စာတတ်လိုသော် နှင့် စာအုပ်စင်ကျေးဇူး

 ဦးခင်မောင်လတ် (MA) ၊ ဒေါ်ခင်မျိုးချစ်

https://www.dropbox.com/s/zrry1o6pwbv0zd2/If%20you%20want%20an%20Impressive%20Command%20of%20English.pdf

ဆီးရီးယားတွင် IS တို့ကို လေကြောင်းထိုးစစ် ဆင်နွှဲနေချိန်၌ လက်ရှောင်နေရန် အာဆက်ဒ်ကို အမေရိကန် သတိပေး

ဆီးရီးယားစစ်တပ်မှ စစ်သည်အချို့
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေကြောင်းမှ ထိုးစစ်ဆင်နေသည့် အမေရိကန် လေယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက ဆီးရီးယား၏ စစ်သုံးလက်နက်များကို တုံ့ပြန် ဖျက်ဆီးပစ်မည်ဟု ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို ရည်ရွယ်ပြီး အမေရိကန်က သတိပေးလိုက်သည်။
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက IS တို့ကို အီရတ်တွင်သာမက ဆီးရီးယား ပိုင်နက်အတွင်းတွင်ပါ ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။ အကယ်၍ IS

ကူပြီးတွန်းပေးကြပါ




(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)

ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ရွာလေးနှစ်ရွာရှိသတဲ့။ တစ်ရွာက စည်ပင်ဖွံ့ဖြိုးတိုးတက်ပြီး တစ်ရွာကတော့ ဒုံရင်းဒုံရင်းနဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့အပြင် ပို၍သာဆိုးနေတယ်။ အဲဒီတော့ မတိုးတက်တဲ့ရွာက ရွာသူကြီးက ဟိုဘက်က တိုးတက်နေတဲ့ ရွာကိုကြည့်ကာ အားကျစိတ်ဖြစ်ပြီး သူ့ရွာကိုလည်း တိုးတက်ချင်စိတ်ဖြစ်တယ်။ သူ့ရွာမှာ ဘာတွေအားနည်းချက်တွေ ရှိသလဲလို့ သူသိချင်တယ်။ ဘာ့ကြောင့်မတိုးတက်သလဲဆိုတဲ့ အကြောင်းကို ရှာချင်တယ်။ ဒါနဲ့ သူ့ရွာမှာရှိတဲ့ ယောက်ျားသားတွေခေါ်ပြီး ပြောတယ်။ မင်းတို့အားလုံးနဲ့ ဒီအိမ်မှာ ပျော်ပွဲစားဖို့ကိစ္စအတွက် ခေါ်တာပဲ။ လာမယ့် ၈ ရက်နေ့မှာ နံနက် ၁၀ နာရီအချိန် အကုန်လုံး ဒီအိမ်မှာ ပျော်ပွဲစားကြမယ်။ မင်းတို့က အိမ်ကနေ ထန်းရည်တစ်ယောက်တစ်မြူစီ ယူခဲ့ကြရမယ်။ ဒီမှာ စဥ့်အိုးကြီးတွေ ချထားမယ်။ မင်းတို့ အဲဒီနေ့ရောက်ရင် ထန်းရည်ကို ဒီအိုးကြီးတွေထဲထည့်ပြီး ပျော်ပျော်ပါးပါး ၀ိုင်းပြီးစားသောက်ကြမယ်။

ရွာသားတွေက ပျော်ပွဲစားရမယ်ဆိုတော့ အရမ်းပျော်သွားကြတာပေါ့။ အဲဒီနေ့ကို မြန်မြန်ပဲရောက်ချင်နေကြတယ်။ အဲဒီမှာ ပျင်းတဲ့ရွာသားတစ်ယောက်က အဲဒီနေ့လည်းရောက်တော့ အိပ်ရာထတာ နောက်ကျသွားတဲ့အတွက် ထန်းလှီးဖို့ အချိန်မမီတော့ဘူး ဖြစ်သွားတယ်။ အချိန်ကလည်းကပ်နေပြီ။ ပျာပျာသလဲထပြီး ဘယ်လိုလုပ်ရမလဲပေါ့ စဉ်းစားတယ်။ ခပ်တည်တည်နဲ့ ရေပဲထည့်သွားမယ်။ ငါ့ရေတစ်မြူလောက်နဲ့တော့ အရသာပျက်မသွားလောက်ဘူးပေါ့။ ကျန်တဲ့သူအားလုံးက ထန်းရည်ယူခဲ့မှာဆိုတော့ ပြဿနာမရှိနိုင်ဘူး။ ဘယ်သူမှလည်း ငါရေယူလာတာ သိမှာမဟုတ်ဘူး။ အဲဒီလို စဉ်းစားပြီး ထန်းရည်ထည့်တဲ့အိုးထဲကို ရေပဲထည့်ပြီးသွားတယ်။ ဟိုရောက်တော့ လူကအတော်စုံနေပါပြီ။ စဥ့်အိုးနှစ်လုံးကလည်း ပြည့်လုပြည့်ခင်ဖြစ်နေပြီ။ စဥ့်အိုးတစ်လုံးထဲကို ခပ်တည်တည်နဲ့ လောင်းထည့်လိုက်ပြီး သူများတွေနဲ့အတူ ရောပြီးထိုင်နေလိုက်တယ်။ အချိန်လည်းကျ လူလည်းစုံတော့ ရွာသူကြီးက “ကဲ.. စကြမယ်” ဆိုပြီး အသင့်စီစဉ်ထားတဲ့ ကြက်ကြော်စသည့် အမြည်းတွေနဲ့ ၀ိုင်းအသီးသီးဖွဲ့ပြီး သောက်ကြတော့ အကုန်လုံးက ဟင်..ဟာ..အိုဆိုပြီး အာမေဍိတ်သံတွေနဲ့ အံ့သြကုန်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သောက်တဲ့ထန်းရေက ဘာအရသာမှမရှိဘဲ ရေချည်းသက်သက် ဖြစ်နေတာကိုး။ လူတိုင်းလူတိုင်းက ရေသာခိုပြီး ငါ့ရေတစ်မြူလောက်နဲ့ ဘာမှမဖြစ်လောက်ပါဘူး။ အရသာမပျက်လောက်ပါဘူးဆိုပြီး အကုန်လုံးက ရေပဲခပ်ထည့်လာကြတာလေ။ အဲဒီတော့ ရွာသူကြီးက သူ့ရွာဘာ့ကြောင့် မတိုးတက်သလဲဆိုတာ သိသွားပြီး ဆုံးမသြ၀ါဒပေးကာ ပြန်လွှတ်လိုက်သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။

ကျွန်တော်တို့ဟာ နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်ခုမှာပဲဖြစ်ဖြစ် အသီးသီးလုပ်ဆောင်ရမယ့် တာဝန်ကိုယ်စီတွေ ရှိကြပြီးသားပါ။ နိုင်ငံမှာဆိုရင် ၀န်ကြီးဌာနအလိုက် ပေးထားတဲ့တာဝန်တွေ အသီးသီးရှိကြတယ်။ အဲဒီပေးထားတဲ့ တာဝန်တွေအားလုံးကို ရေသာမခိုဘဲ ဟန်ချက်ညီညီလုပ်ဆောင်မှ ရှေ့ကိုရောက်မှာဖြစ်ပါတယ်။ နေရာစုံထောင့်စုံက ဟာကွက်မရှိဘဲ တာဝန်ကိုယ်စီ ကျေပွန်နေဖို့ အရေးကြီးပါတယ်။ ၀န်ကြီးဌာနတစ်ခုက အလုပ်မလုပ်ဘဲ ရေသာခိုနေမယ်ဆိုရင် လူကြီးတစ်ယောက်က အလုပ်မလုပ်ဘဲ ရှိတာယူနေမယ်ဆိုရင် အဲဒီနိုင်ငံဟာ မတိုးတက်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ဌာနတစ်ခုမှာပဲ လက်မှတ်ကလေး တစ်ချက်ရဖို့ အဆင့်ဆင့်သွားရ၊ ရောက်ပြန်တော့လည်း လူမလာသေးလို့စောင့်ရ၊ ဟိုရက်ချိန်းလိုက် ဒီရက်ချိန်းလိုက်၊ ဟိုလူ့လွှဲလိုက်၊ ဒီလူ့လွှဲလိုက်နဲ့ တော်တော်နဲ့ ကိစ္စကမပြီးတော့ တစ်ခါတစ်ခါမှာ လူရှိလျက် ချက်ချင်းလုပ်ပေးလိုက်လည်း ရရဲ့သားနဲ့ သက်သက်အချိန်ဆွဲပြီး လုပ်မပေးတာတွေလည်း ကြုံဖူးပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ကိုယ်ယူထားတဲ့ တာဝန်အသီးသီးကို ကျေပွန်အောင် ထမ်းဆောင်ပါမှ အဲဒီအဖွဲ့အစည်း တိုးတက်အောင်မြင်မှာပါ။ အဲဒီအထဲက တစ်စုံတစ်ယောက်က ရေသာခိုနေမယ်ဆိုရင်

ရန်ကုန်နဲ့မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB

By

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 ဧပြီလအတွင်းက လာ ရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။
ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေ အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး မန္တ လေးမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ဒိုင်းမွန်းစင်တာအပေါ် ထပ်၌လည်းကောင်း၊ ရန်ကုန်မြို့ ၌ စက်တင်ဘာ ၂၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ လည်းကောင်းပြုလုပ်မည်ဖြစ် သည်။
‘‘ရန်ကုန်နဲ့ မန္တလေးနှစ်ပွဲ လုပ်ဖြစ်တာက ရန်ကုန်မှာတော့ ဧပြီလတုန်းက လုပ်ပြီးပြီ။ အဲဒါ ကြောင့် ဖျော်ဖြေတင်ဆက်မှု အသစ်တွေ လုပ်ပြချင်တယ်။ မန္တလေးမှာတော့ ကေပေါ့ပ်က

ဆီးရီးယားဘက်ခြမ်း ဂိုလန်ကုန်းမြင့်မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ရုပ်သိမ်း

ဆီးရီးယားနိုင်ငံ ပိုင်နက်ရှိ ဂိုလန်ကုန်းပြင်မြင့် အစိတ်အပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယင်းဒေသမှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။
ဂိုလန်ကုန်းမြင့်ကို ခွဲခြမ်းထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့် နယ်နိမိတ် စစ်မဲ့ဇုန်တွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များကို တပ်စွဲထားစေခဲ့သည်။ သို့သော်လည်း ဆီးရီးယား အစိုးရနှင့် သူပုန်တပ်များကြား တိုက်ပွဲများ အရှိန်အဟုန် မြင့်တက်လာသည့်နောက် လုံခြုံရေးအရ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
အပြာရောင် စစ်ခမောက်ဆောင်းသည့် တပ်ဖွဲ့များသည် အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့်

Monday, September 15, 2014

အမေရိကန်၏ စစ်ဆင်ရေးများကို ကူညီရန် ပြင်သစ်ကင်းထောက် လေယာဉ်များ အီရတ်တွင် စတင်ပျံသန်း

ပြင်သစ်စစ်ဘက် လေယာဉ်များသည် အမေရိကန်၏ လေကြောင်းထိုးစစ် ဆင်နွှဲနေခြင်းကို အထောက်အပံ့ပေးရန် စက်တင်ဘာ (၁၅)ရက်မှစ၍ အီရတ်မြောက်ပိုင်းတွင် ပျံသန်းနေကြောင်း သတင်းရရှိသည်။
ဗြိတိန်နှင့်အတူ ပြင်သစ်သည်လည်း ၎င်းတို့၏ စစ်ဘက်မဟာမိတ်ကို လက်တွေ့ ပူးပေါင်းကူညီမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် အီရတ်မြောက်ပိုင်းတွင် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။
စက်တင်ဘာ (၁၅)ရက် နံနက်ပိုင်းကစပြီး ကင်းလှည့်လေယာဉ်တွေ စတင်ပျံသန်းရပါမယ်။ ရည်ရွယ်ချက်က

ဘဲပုံပြင် …




စာရေးသူတို့ မြန်မာလူငယ်တွေကို တိုက်ရိုက်ပြောနေသလားလို့ ထင်ရတယ့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ် … စာရေးသူ ဟောပြောပွဲတိုင်းလိုလို ထည့်ပြောလေ့ရှိတဲ့ ပုံပြင်တစ်ပုဒ်ပါ … တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။ ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရင်

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့် တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့် တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )
ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီ လူဦးရေ လေးသောင်းခန့် တိုးပွားလာနေကြောင်း ရခိုင်အမျိုးသားအင်အားစုများက နိုင်ငံတော်သမ္မတထံသို့ တင်ပြစာတွင် ဖော်ပြထားသည်။
စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တို့က

တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်


ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြသည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့်သည့်နည်းအတိုင်း အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က

ရန်ကုန်မြို့ပတ် မိုးပျံရထားစနစ် စီမံကိန်း ၂၀၁၅ ခုနှစ် စတင်ရန်စီစဉ်




ရန်ကုန်မြို့ပတ် မိုးပျံရထားစနစ် စီမံကိန်းအား ၂ဝ၁၅ ခုနှစ်တွင်စတင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က Weekly Eleven ဂျာနယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့၌ ပြေးဆွဲရန်စီစဉ်နေသည့် မိုးပျံရထားစနစ်မှာ မြို့ပတ်စနစ်ဖြစ်ပြီး ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မိုးပျံရထားစနစ်တွင် အဆင့်မြင့်အဲကွန်းစနစ်များပါ ပါဝင်နိုင်မည်ဟု ဆိုသည်။

“မိုးပျံရထားစနစ် ၂ဝ၁၅ မှာစလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မြို့ပတ်စနစ်ပါ။ အဲဒီအတွက် ညှိနှိုင်းမှုတွေ

“ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ”



 KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး (ခ) စောအယ်လ်ကော်ထူး(ဓါတ်ပုံ – (KNU/KNLA-PC)

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ  မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် တင်သွင်းလာတဲ့ မော်တော်ဆိုင် ကယ် အပါအဝင် တခြား ကုန်ပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး အစီး သုံးဆယ်ကို မြဝတီအခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး တိုက်ဂါးဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က  ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဗိုလ်မှူးကြီး တိုက်ဂါး ကတော့ တရားဝင်လက်မှတ်တွေ ကိုင်ဆောင်ပြီး၊ ထိုင်းနိုင်ငံဘက်အခြမ်းမှာ သွား ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက နည်းမျိုးစုံနဲ့ ငွေညှစ်မှုတွေကို နောက်မလုပ်စေလိုတဲ့ အပြင်၊ ဒီကိစ္စတွေကို

Sunday, September 14, 2014

နိုင်ငံရေးပါတီအားလုံးကိုယ်စားပြု မူဘောင်ချမှတ်ရေးဆွေးနွေးပွဲသို့ ဒီချုပ်နှင့် UNA မတက်ရောက်

မြန်မာနိုင်ငံရေးပါတီများ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး (Political Dialogue) ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ (ဓာတ်ပုံ - Nationalities Brotherhood Federation)
 နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြမည့် နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုသော မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး အတွက် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့

မလေးရှားတွင် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးရာ မြန်မာတစ်ရာကျော် ဖမ်းဆီးခံရ

တရားမ၀င်နိုင်ငံခြားသားများအား ၀ိုင်းဝန်းဖမ်းဆီးထားသည်ကိုတွေ့ရစဉ်
မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့ရှိ တရားမ၀င် နိုင်ငံ ခြားသားများကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ တို့က လိုက်လံဖမ်းဆီးရာ မြန်မာ နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ ကြောင်း သတင်းရရှိသည်။
 စက်တင်ဘာ ၁၂ ရက် ည နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် ကွာလာလမ်ပူမြို့ရှိ  မြန်မာဆိုင် တန်းများ တည်ရှိရာနေရာများနှင့် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါဆိုင်များ ရှိရာ နေရာများတွင် ဖမ်းဆီးခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို မေး မြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း

မန္တလေးရွှေနန်းတော်ကျောင်း ထိန်းသိမ်းရန် စတင်လေ့လာတော့မည်

မန္တလေးရွှေနန်းတော်ကျောင်း(ဓာတ်ပုံ−ညီညီဇော်)
 မန္တလေးမြို့ရှိ ရွှေနန်း တော်ကျောင်းကြီးမှ ရှေးဟောင်းသစ်သားလက်ရာများအား ပြုပြင် ထိန်းသိမ်းနိုင်ရန် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ကွင်းဆင်းလေ့ လာသွားမည်ဖြစ်ကြောင်း    သ တင်းရရှိသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထောက်ခံချက်နှင့် ကမ္ဘာ့အထိမ်း အမှတ်အဆောက်အအုံများရန်ပုံ ငွေအဖွဲ့ (WMF)၏ အစီအစဉ် ဖြင့် မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းကို    ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်သည်။  ဗြိတိန်နိုင်ငံမှ သစ်သားထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသော  ပညာရှင် တစ်ဦးမှ ဦးဆောင်ကာ

Saturday, September 13, 2014

ကျွမ်းကျင်လုပ်သားရှားပါးမှုဖြေရှင်းရန် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုပိုလုပ်ရန် ADB မှ စီးပွားရေးပညာရှင်များ အကြံပြု

ပြည်တွင်း၌ အခြေခံလုပ်သားပေါများသော်လည်း ကျွမ်းကျင်လုပ်သားရှားပါးသည် (ဓာတ်ပုံ − နစ်ကီ)
 မြန်မာနိုင်ငံတွင် ကျွမ်း ကျင်လုပ်သားရှားပါးမှုကို ဖြေရှင်း ရန် အစိုးရက ပညာရေးတွင် ရင်း နှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ရေး လိုအပ် နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် မှ စီးပွားရေးပညာရှင်များက အ ကြံပြုပြောကြားသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများစွာ ၀င်ရောက်ရေး သည် ကျွမ်းကျင်လုပ်သားများရှိ  ရန် လိုအပ်နေပြီး

အခန်း (၁ဝ) ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်


ဖက်ဆစ် တိုက်ဖျက်ရေး အဖွဲ့ချုပ် ဖွဲ့စည်းခြင်း
ဂျပန် ဝင်လာသည့် ၁၉၄၂ ခုနှစ် မှသည် ၁၉၄၃ ခုနှစ် တစ်နှစ်လုံး အထိ လက်ဝဲ အင်အားစု နိုင်ငံရေး ခေါင်းဆောင် များသည် ဖက်ဆစ် ဆန့်ကျင်ရေး အတွက် တသီး တခြားစီ စည်းရုံး လှုပ်ရှား နေခဲ့ကြ သည်။ ပြည်သူ့ အရေးတော် ပုံ ပါတီ၊ ကွန်မြူနစ် ပါတီ၊ တပ်မတော်၊ သခင် ကျော်စိန် တို့ လူစု စသည် တို့မှာ အဆက် အစပ် မရှိ ခဲ့ကြပေ။ အဆက် အစပ် မရှိရုံ သာမက တစ်စု နှင့် တစ်စု ဂိုဏ်းဂဏ သဘော ထားများ လည်း ရှိနေ ခဲ့ကြ သည်။ ဖက်ဆစ် တော်လှန် ရေး ရည်ရွယ် ချက် တူညီ စေကာမူ နိုင်ငံရေး အယူ အဆ၊ လုပ်နည်း လုပ်ဟန် ကွဲပြားမှု များကြောင့် တစ်စု နှင့် တစ်စု စည်းရုံး ညီညွတ်မှု မရှိ ခဲ့ပေ။ * ( * ။ သခင် တင်မြ ၏ ဘုံဘဝ မှာဖြင့် (ပဉ္စမ ပိုင်း) စာမျက်နှာ ၂၆၁။)
၁၉၄၄ ခုနှစ်၊ သြဂုတ် လတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ အကြံပေး ချက် အရ ဖက်ဆစ် များကို အဖွဲ့ အစည်း

အခန်း (၉) ဖက်ဆစ် တော်လှန်ရေး အတွက် ပြင်ဆင်ခြင်း


မြေအောက် ကွန်မြူနစ် ပါတီ ၏ ပါတီ ကွန်ဂရက်
သခင်စိုး ဦးဆောင်၍ လှုပ်ရှား နေသော မြေအောက် ကွန်မြူနစ် ပါတီ ၏ ပါတီ ကွန်ဂရက် ကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီ လ တတိယ ပတ် အတွင်းတွင် ကျိုက်လတ် မြို့ နယ်၊ ညောင်ချောင်း ရွာ အနီးရှိ လယ်တဲ တစ်ခု၌ ကျင်းပ ကြသည်။ သခင်စိုး က ယင်း ပါတီ ကွန်ဂရက် ကို ပထမ အကြိမ် ပါတီ ကွန်ဂရက် အဖြစ် သတ်မှတ် သည်။ သို့သော် တက်ရောက် သူများ မှာ ပါတီ ကိုယ်စားလှယ် ခြောက်ယောက် နှင့် ဧည့်သည် တစ်ယောက် သာ ဖြစ် သည်။ ပါတီဝင် များက တက်ရောက်သူ နည်းပါး လှ သောကြောင့် ပါတီ ကွန်ဂရက် အဖြစ် သတ်မှတ် ၍ ရ မရ စောဒက တက်ကြရာ သခင်စိုး က ရုရှား ပြည်မှ လီနင် ခေါင်းဆောင် သော ဆိုရှယ် ဒီမိုကရက် တစ် လေဘာ ပါတီ ၏ ပထမ အကြိမ် ပါတီ ကွန်ဂရက် မှာ ကိုယ်စား လှယ် ကိုးယောက် သာ ပါဝင် သည်ဟု အကြောင်း ပြ ခဲ့သည်။ * ( * ။ သခင်တင်မြ ၏ ဘုံဘဝ မှာဖြင့် (စ) စာမျက်နှာ ၃ဝ၅၊ ၃ဝ၆။)

အခန်း (၈) သခင်စိုး ၏ ဖက်ဆစ် ဆန့်ကျင်ရေး မြေအောက် လုပ်ငန်းများ


မြေအောက် ပါတီဝင်များ တိုးပွား လာခြင်း
၁၉၄၂ ခုနှစ်၊ သြဂုတ် လ ၁ ရက်တွင် ဒေါက်တာ ဘမော် ၏ ရုပ်သေး အစိုးရ အဖွဲ့ ဖွဲ့စည်း သည်။ ယင်း အစိုးရ အဖွဲ့တွင် ဒေါက်တာ ဘမော် က ဝန်ကြီး ချုပ် အဖြစ် ဆောင်ရွက်ပြီး သခင်မြ မှာ ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ သခင် သန်းထွန်း သည် မြေ နှင့်လယ်ယာ စိုက်ပျိုးရေး ဌာန ဝန်ကြီး ဖြစ်သည်။ ထို အချိန် တွင် သခင်စိုး နှင့် သခင် တင်မြ သည် သခင် တင်ရွှေ နှင့် ကိုသိန်းဖေ (သိန်းဖေမြင့်) ကို ရခိုင်ပြည် မင်းပြား သို့ ပို့ဆောင် ခဲ့ပြီး ရန်ကုန် သို့ ပြန်ရောက် နေပြီ ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ သြဂုတ် လ ၂ ရက် တွင်ကား ရန်ကုန် မြို့ သို့ လျှို့ဝှက် ရောက်ရှိ နေသော သခင်စိုး သည် သခင် တင်မြ၊ ကိုချစ်လှိုင်၊ ကိုမြသွင် နှင့် ကို လှကြည် (ရဲနီ ကျော်ဝင်း)တို့အား ခေါ်ယူ၍ ဖက်ဆစ် တော်လှန် ရေး အတွက် ဆွေးနွေး သည်။ ယင်းတို့ ဆွေးနွေးရာ နေရာ မှာ ရွှေဂုံတိုင် လမ်းဆုံ အနီးမှ ဘုန်းကြီး ကျောင်း ဖြစ်သည်။
သခင်စိုး သည် လျှို့ဝှက် ဆွေးနွေးပွဲ တွင် 'ယခု အခါ ဖက်ဆစ် ဂျပန်များ ကို အထင်ကြီး အားကိုး နေသူများ နှင့်

အခန်း (၇) ကုလား - ရခိုင် အဓိကရုဏ်း နှင့် ရခိုင် တိုင်း၏ နိုင်ငံရေး အခြေ အနေ


ရခိုင် တို့၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ
ရခိုင် ဒေသ သည် ၁၈၂၆ ခုနှစ် တွင် ရန္တပို စာချုပ် အရ အင်္ဂလိပ် လက်အောက် သို့ ကျရောက် ခဲ့ရသည်။ ဗြိတိသျှ တို့သည် ရခိုင် မြို့တော် ကို မြောက်ဦး မြို့ (မြို့ဟောင်း) မှ ပိုမို၍ အချက် အချာ ကျသော စစ်တွေ မြို့ သို့ ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၁၂ ရက် တွင် ပြောင်းရွှေ့ ခဲ့သည်။ * ( * ။ ရခိုင် ပြည်နယ် ပြည်သူ့ ကောင်စီ ၏ ပြည်နယ် ဖြစ်စဉ် သမိုင်း (ဒုတိယ ပိုင်း) နိုင်ငံရေး ကဏ္ဍ။) ဗြိတိသျှ တို့သည် ရခိုင် လူမျိုး တို့ အပေါ် တွင် ဖိနှိပ် အုပ်ချုပ်ပြီး ငါးနှစ်သား မှစ၍ လူခွန် ကောက်ခံ ခဲ့သည့် အပြင် အိန္ဒိယ နိုင်ငံမှ ဇာမီဒါ မြေရှင် စနစ်ဆိုး ကိုလည်း သွတ်သွင်း ပေးခဲ့ သည်။ * (* ဇာမီဒါ မြေရှင် စနစ် တွင် ပြုစုခေါင်း ဟုခေါ်သော မြေရှင် က မြေဧက ထောင်ပေါင်း များစွာ အတွက် ဗြိတိသျှ အစိုးရ ထံမှ နှစ် ၉ဝ ဂရန် ခံယူ ရသည်။ ထို့နောက် လယ်

အခန်း (၆) မဟာမိတ် များနှင့် ဆက်သွယ် ရန် ကြိုးစားခြင်း


ဂျပန် ခေတ်ဦး အခြေအနေ
သခင်စိုး သည် သခင် သန်းထွန်း၊ ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် တိုင်ပင် ပြီး ကိုသိန်းဖေ နှင့် သခင် တင်ရွှေ တို့အား အိန္ဒိယ နိုင်ငံသို့ စေလွှတ် ရန် ဆုံးဖြတ် လိုက် သည်။ ထိုအချိန် တွင် ဂိုရှယ်၊ မစ္စတာနာ့တ်၊ မစ္စတာ ဒေး အစ ရှိသော ကုလား ရဲဘော် များသည် မန္တလေး ထောင်မှ ထွက်လာ ရပြီး နောက် သခင်စိုး တို့နှင့် လူစု ခွဲ ကာ ၁၉၄၂ ခုနှစ်၊ မေလ ၁ ရက်၌ အိန္ဒိယ ပြန်ရန် မုံရွာ ဘက်သို့ ထွက်ခွာ သွားကြပြီ ဖြစ်သည်။ မူကာဂျီ မှာ မူ ကုလား ရဲဘော် များနှင့် လိုက် မသွား ဘဲ ကျန်ခဲ့ သည်။ ကုလား ရဲဘော် များ၏ နိုင်ငံရေး အယူ အဆမှာ ဂျပန် ဖက်ဆစ် ကိုလည်း တိုက် မည်၊ အင်္ဂလိပ် နယ်ချဲ့ သမား များ ကိုလည်း တော်လှန် ပုန်ကန်မည် ဟူသော အယူ အဆ ပင် ဖြစ်သည်။ မြန်မာ နိုင်ငံ ကို ဂျပန် က သိမ်းပိုက် လိုက်သော အခါ ကုလား ရဲဘော်

အခန်း (၅) ကရင် - ဗမာ အဓိကရုဏ်း ပေါ်ပေါက် လာခြင်း


ကရင် လူမျိုးများ အပေါ် ဗြိတိသျှ တို့၏ သွေးခွဲ မှုများ
ကရင် အနွယ်ဝင် တိုင်းရင်းသား လူမျိုး များ၏ မူလ ဇာစ်မြစ်မှာ မွန်လွိုက် မျိုးနွယ် ပင်ဖြစ်သည်။ ကရင် လူမျိုး များကို အချို့ သမိုင်း ဆရာများက တိုင် တရုတ် စု မှ ဆင်းသက် လာသည် ဟု ယူဆ ကြပြီး အချို့ ကမူ တိဗက် တိုဘားမင်း (တိဗက် မြန်မာ) စုမှ ဆင်းသက် လာ သည်ဟု ယူဆ ကြသည်။ တိုင်တရုတ် အုပ်စု သည် မြန်မာ နိုင်ငံ သို့ နောက်ဆုံး ရောက်ရှိ လာကြ သူများ ဖြစ်ပြီး အရှေ့ ဘက် တောင်တန်း များ ပေါ်တွင် စတင် နေထိုင် ကြသည်။ နှစ်ပေါင်း များစွာ ကြာသော အခါက ကရင် လူမျိုး များ ပေါ်ပေါက် လာပြီး ဦးရေ တိုးပွား လာသဖြင့် တောင်ဘက် မြေပြန့် သို့ ရွှေ့ပြောင်း လာကြ သည်။ အများ မှာ ကယား တောင်တန်း ဒေသ မှ တနင်္သာရီ တောင်တန်း ဒေသ အထိ တောင်ပေါ် ဒေသ များနှင့် မြစ်ဝ ကျွန်း ပေါ် ဒေသ တို့တွင် အခြား မွန်၊ ဗမာ စသော လူမျိုး များ နှင့် ရောနှော နေထိုင် ကြသည်။ မြေပြန့် ဒေသ

အခန်း (၄) သခင်စိုး ၏ မြင်းခြံ စစ်တမ်း


ထောင်တွင်း နိုင်ငံရေး သင်တန်းများ
ဟစ်တလာ ၏ နာဇီ တပ်များ သည် ဥရောပ တိုက် တစ်တိုက် လုံး ကို တိုက်ခိုက် သိမ်းပိုက် ပြီးသည့် နောက် ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက် တွင် ဆိုဗီယက် ယူနီယံ အား စတင် တိုက်ခိုက် တော့သည်။ ဂျာမနီ နိုင်ငံ၏ ဝင်ရိုးတန်း မဟာမိတ် နိုင်ငံ ဖြစ်သော ဂျပန် နိုင်ငံ သည် လည်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ လ ၇ ရက် တွင် ပုလဲ ဆိပ်ကမ်း ရှိ အမေရိကန် ရေတပ် ကို ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး ထဲသို့ ပါဝင် လာသည်။ ထို အချိန် တွင် မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် များ သည် ဗြိတိသျှ နယ်ချဲ့အစိုးရ ၏ ဖိနှိပ် ချုပ်ချယ် မှုကြောင့် လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကို လျှို့ဝှက် လုပ်ဆောင် ရသော ကြောင့် လည်းကောင်း အားလုံး စုစု စည်းစည်း မရှိဘဲ တကွဲ တပြားစီ ဖြစ်နေ ကြ ရသည်။
သခင် အောင်ဆန်း သည် ပုဒ်မ ၁၂၄ (က) အရ ဝရမ်း အထုတ် ခံရ သောကြောင့် လျှို့ဝှက်စွာ

အခန်း (၃) လွတ်လပ်ရေး ရယူရန် အတွက် အယူ အဆ ကွဲပြား လာခြင်း

ပြည်တွင်း သောင်းကျန်းမှု သမိုင်း ( အပိုင်း - ၁ )
( လွတ်လပ် ရေး မရမီ ကာလများ )

ပထမ အကြိမ် သင်တန်း
လျှို့ဝှက် ကွန်မြူနစ် ပါတီ ဦးဆောင် ကလာပ်စည်း ကို ဖွဲ့စည်း ပြီး မကြာခင် မှာပင် ပါတီ ကေဒါ စည်းရုံးရေး အတွက် လျှို့ဝှက် ကွန်မြူနစ် သင်တန်း တစ်ခု ကို သခင် အောင်ဆန်း၊ သခင်စိုး နှင့် ရဲဘော် ဂိုရှယ် တို့ ဦးစီး ပြီး ရန်ကုန် အရှေ့ပိုင်း တစ်နေရာ ၌ စတင် ဖွင့်လှစ် ခဲ့သည်။ ထို သင်တန်း သို့ သခင် လှမြိုင် (ဗိုလ် ရန်အောင်)၊ သခင် တင်ထွန်း (ပျဉ်းမနား)၊ မောင်သွင် (ကျိုက်မရော ကိုသွင်) နှင့် ကိုခင် ဆိုသူ တို့ တက်ရောက် ကြသည်။ လျှို့ဝှက် ကွန်မြူနစ် ပါတီ ၏ အဓိက လုပ်ငန်း မှာ ပါတီဝင် ကေဒါသစ် များ ရှာဖွေ စုဆောင်း ခြင်း၊ နိုင်ငံရေး သဘော တရား များ သင်ကြား ပေးခြင်း၊ ကွန်မြူနစ် ဝါဒ ကို လေ့လာ စေခြင်း တို့ ဖြစ်သည်။ လျှို့ဝှက် အဖွဲ့အစည်း ဖြစ်သည့် အလျောက် ကွန်မြူနစ် ပါတီ သည် အလုပ် သမား၊ လယ်သမား

အခန်း (၂) မြန်မာ နိုင်ငံ ၌ ကွန်မြူနစ် ပါတီ ကလာပ်စည်း စတင် ဖွဲ့စည်း ခြင်း

ပြည်တွင်း သောင်းကျန်းမှု သမိုင်း ( အပိုင်း - ၁ )
( လွတ်လပ် ရေး မရမီ ကာလများ )


ပြည်ပ အဆက် အသွယ်
၁၃ဝဝ ပြည့် အရေး တော်ပုံ သည် ဗြိတိသျှ နယ်ချဲ့ အစိုးရ အား နိုင်ငံရေး ဆန့်ကျင်ရာ တွင် အကြီးမား ဆုံး သော အမျိုးသား ရေး လှုပ်ရှား မှုကြီး ဖြစ်ခဲ့ သည်။ ၁၃ဝဝ ပြည့် အရေးတော် ပုံ ကို တို့ ဗမာ အစည်း အရုံးဝင် သခင် များ က ဦးဆောင် ခဲ့ကြ ရာ သခင်များ အတွင်း တွင် မာ့ခ်စ် ဝါဒီ များ ပါဝင် ကြောင်း တင်ပြ ခဲ့ပြီး ပေပြီ။ အမျိုးသား ရေး စိတ်ဓာတ် ဖြင့် တက်ကြွ လျက် ရှိကြသော မြန်မာ မျိုးချစ် လူငယ် ခေါင်းဆောင် များသည် မြန်မာ နိုင်ငံ ၏ လွတ်လပ်ရေး အတွက် နည်းလမ်း အမျိုးမျိုး ရှာကြံ လျက် ရှိကြ သည်။ နိုင်ငံရေး ဝါဒ အမျိုးမျိုး ကို လည်း အပတ် တကုတ် ကြိုးပမ်း လေ့လာ လျက် ရှိကြ သည်။ တို့ ဗမာ အစည်း အရုံး သည် ပေါ်ပေါက် လာခါစ တွင် အမျိုးသား ရေး ဝါဒ ကိုသာ ကိုင်စွဲ ထားခဲ့သော် လည်း မာ့ခ်စ် ဝါဒီ ခေါင်းဆောင်များ များပြား လာသည့် အလျောက် ဆိုရှယ်လစ် ဝါဒ၊ ကွန်မြူနစ် ဝါဒ များကို လေ့လာ ရင်း

ပြည်တွင်း သောင်းကျန်းမှု သမိုင်း ( အပိုင်း - ၁ )


( လွတ်လပ် ရေး မရမီ ကာလများ )
အခန်း (၁) ကွန်မြူနစ် ဝါဒ မြန်မာ နိုင်ငံ သို့ ရောက်ရှိ လာခြင်း
အသင်း အဖွဲ့များ ဖွဲ့စည်း လှုပ်ရှားခြင်း
မြန်မာ နိုင်ငံ တစ်နိုင်ငံ လုံး ဗြိတိသျှ နယ်ချဲ့အစိုးရ ၏ လက်အောက် သို့ ကျရောက် ပြီးနောက် ပဒေသရာဇ် ခေါင်းဆောင် ငယ်များ က တော်လှန် ထကြွ ခဲ့ကြ သော် လည်း ကျယ်ပြန့်စွာ စည်းရုံး လှုပ်ရှား နိုင်မှု မရှိခြင်း၊ နိုင်ငံရေး အခြေခံ မရှိဘဲ မျိုးချစ် စိတ် သက်သက် ဖြင့်သာ တော်လှန်ရေး ဆင်နွှဲခြင်း၊ စစ် အင်အား ချို့တဲ့ ခြင်းများ ကြောင့် အရေးနိမ့် ခဲ့ကြ ရသည်။ ထို့နောက် တွင် ဗြိတိသျှ အစိုးရ သည် တော်လှန် ပုန်ကန်မှု များအား ရက်စက် စွာ နှိပ်ကွပ်ပစ် လိုက်ပြီး နောက် ကိုလိုနီ အုပ်ချုပ်ရေး စနစ် ကို တစ် နိုင်ငံလုံး တွင် ထူထောင် သွတ်သွင်း တော့သည်။ မြန်မာ အမျိုးသား တို့သည် ကိုလိုနီ ခေတ်ဦး တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့၌ နည်း မျိုးစုံ ဖြင့် ဖိနှိပ် ဖျက်ဆီး ခြင်း ခံခဲ့ ကြ ရသည်။ နိုင်ငံရေး ပါတီ များ၊ နိုင်ငံရေး အသင်း အဖွဲ့ များ ဖွဲ့စည်း ခွင့်၊ ထူထောင် ခွင့်၊ စည်းရုံး ဟောပြော ခွင့် စသည့် အခွင့် အရေး

မှတ်သားစရာ ဘီလ်ကိတ်စကား

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်

သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်


(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2
(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k
(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d
(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)

VIRGINITY (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)


ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူး သေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။
ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola နို့အရောင်ရင့်အဝိုင်း နဲ့

ရှားစောင်းလက်ပတ် အစွမ်း


ရှားစောင်းလက်ပတ်ဟာ မျက်နှာနဲ့ အရေပြား အတွက် သာမကပဲ လူခန္ဓာကိုယ်အတွက်ပါ အသုံး ၀င်တဲ့ သဘာဝ ဆေးဘက်ဝင် အပင်တမျိုးဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မောင်မောင်လှိုင်ရေးသား
ပြုစုတဲ့ စာအုပ်မှာ ဖတ်မိတော့ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

ရှားစောင်းလက်ပတ်ဟာ မျက်နှာနဲ့ အရေပြား အတွက် သာမကပဲ လူခန္ဓာကိုယ်အတွက်ပါ အသုံး ၀င်တဲ့ သဘာဝ ဆေးဘက်ဝင် အပင်တမျိုးဆိုလဲမမှား လောက်ပါဘူး။

ရှားစောင်းလက်ပတ်ကို အရည်အဖြစ်လည်း သောက်သုံးလိုရနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ


ကာတွန်းကမ္ဘာ


ရာသီအကုန်တွင် အနည်းဆုံး အဆင့် ၃ ရမှဖြစ်မည်ဟု လူးဝစ္စဗန်ဂါးလ်ပြော



ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ရှိအချိန်ထိ နိုင်ပွဲတစ်ပွဲမျှ မရသေးသော်လည်း ရာသီအကုန်တွင် အနည်းဆုံး အဆင့် ၃ အတွင်းဝင်ရောက်မှဖြစ်လိမ့်မည်ဟု မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဂါးလ်က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ရာသီက အဆင့် ၇ ဖြင့်သာ ရာသီသိမ်းခဲ့ရပြီးနောက် မန်ယူအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။

ပရီးမီးယားလိဂ်တွင် နိုင်ပွဲတစ်ပွဲရှာတွေ့ရန် ရုန်းကန်ခဲ့ရပြီးနောက် မန်ယူအသင်းသည်

စိတ်ဝင်စားဖွယ် အပြောင်းရွှေ့လေးပါဗျာ

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေတွင် ကစားသမားအ၀ယ်ကြမ်းခဲ့သည့်မန်ယူအသင်းသည် အရှိန်မသတ်သေးပဲ ရီးယဲအသင်းမှ ၎င်းတို့ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒို အား ဇန်န၀ါရီအပြောင်းအရွှေ့တွင် ပေါင်သန်း ၆၀ တပတ်လုပ်ခ ပေါင် ၃သိန်းဖြင့်ခေါ်ယူရန်ပြင်ဆင်နေသည်ဟု Metro ကဖော်ပြထားပါတယ်။ အဆိုပါကစားသမားအား ချဲလ်ဆီး အသင်းကလဲ အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်းသိရသည်။
Photo: ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေတွင် ကစားသမားအ၀ယ်ကြမ်းခဲ့သည့်မန်ယူအသင်းသည် အရှိန်မသတ်သေးပဲ ရီးယဲအသင်းမှ ၎င်းတို့ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒို အား ဇန်န၀ါရီအပြောင်းအရွှေ့တွင် ပေါင်သန်း ၆၀ တပတ်လုပ်ခ ပေါင် ၃သိန်းဖြင့်ခေါ်ယူရန်ပြင်ဆင်နေသည်ဟု Metro ကဖော်ပြထားပါတယ်။ အဆိုပါကစားသမားအား ချဲလ်ဆီး အသင်းကလဲ အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်းသိရသည်။

အမေရိကန်ဆေးရုံတွေမှာ ပိုးသတ်ဆေး(antibiotic)တွေကို မလိုလားအပ်ပဲ အလွန်အကျွံ အသုံးပြုနေ


အမေရိကန်ဆေးရုံကြီးတွေက ဆရာဝန်တွေဟာ မလိုလားအပ်ပဲ  ပိုးသတ်ဆေး (Antibiotics) တွေကို လူနာများအား ဆေးကုသရာမှာ အသုံးပြုနေခဲ့ကြတယ်လို့ လေ့လာချက်အသစ်တစ်ခုမှ ဖော်ပြထားပါတယ်။
ပိုးသတ်ဆေး အလွန်ကျွံအသုံးပြုခြင်းမှာ ရောဂါကုသမှု အဟန့်အတားများစွာဖြစ်စေတဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားစေဖို့ အကူအညီဖြစ်စေတယ်လို့ ကျန်းမာရေးဆိုင်ရာအရာရှိတွေက

Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ




(၁) ဆရာရှင့် သမီးမျက်နှာရဲ့ နှာခေါင်းဘေးနားမှာ ဝက်ခြံပုန်းလားတော့မသိဘူး အကျိတ်လို အဖုလေးထွက်လာပါတယ်။ ရဲနေပါတယ်။ အရမ်းလည်း နာပါတယ်။ ရုတ်တရက်ကြီးထွက်လာပါတယ်။ ဘာဆေးသောက်သင့်ပါလဲရှင့်။ မေးအောက်မှာရော နှာခေါင်းဘေး ပါးနေရာမှာပါ။ ကျေးဇူးပြု၍ ဖြေကြား ပေးပါရှင့်။
(၂) ဆရာ ကျနော်က overseas ရောက်နေတာပါ။ ဝက်ခြံတွေအရမ်းထွက်နေလို့ပါဆရာ။ ဘာဆေးစားရမလည်းဆရာ။ ဘာအစားစာရှောင်သင့်လည်းဆရာ။ ညွှန်ပြပေးပါဆရာ။ ဝမ်းလည်းအမြဲချုပ်နေတယ်ဆရာ။

Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက

အလန်းလေးတွေကို ရှာဖွေ တင်ပေးနေပါသည်



စိတ်အမောပြေစေဖို့




ရိုဟင်ဂျာကိစ္စ ဗိုလ်ချုပ် ဂွမ်မော် ဗြောင်လိမ်နေသည်



Saturday, September 13, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နယ်မြေမှာ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုဖို့ တောင်းဆို တဲ့ Vedio ရုပ်သံဖိုင် တက်လာမှုနဲ့ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တရားဝင် လာရောက် တောင်းဆိုတာ မရှိဘူးဆိုပြီး တုန့်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခွင့်ပြုဖို့ တရားဝင် တောင်းဆို စေချင်တာလား မပြောတတ်ပါ။ ဒါပေမယ့် သူဘယ်လိုပဲ ဖုံးဖိပြောနေပေမယ့် ရုပ်သံဖိုင်က တရားဝင်ဖြစ်ကြောင်း သက်သေပြနေပါတယ်။

RSO က ဦးမောင်ထွန်းနုနဲ့ ရိုဟင်ဂျာ ၃ ဦးကို လက်ခံတွေ့ဆုံခဲ့သူက KIO

RCSS/SSA နှင့် PNLO နယ်မြေအငြင်းပွားမှု ပြဿနာ မပြေလည်သေး



Saturday, September 13, 2014

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS /SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား နယ်မြေအငြင်းပွားမှု ပြဿနာကို ဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် အဖြေ မရသေးကြောင်း သိရသည်။

“နယ်မြေပိုင်ဆိုင်မှုကို နှစ်ဘက်စလုံးက သူပိုင်ကိုယ်ပိုင် ဖြစ်နေတော့ တိကျတဲ့ အဖြေ မရနိုင်သေးဘူးပေါ့၊

Acne Laser treatment ဝက်ခြံကို လေဆာနဲ့ကုသခြင်း




ဆရာ မျက်နှာလေဆာပြုလုပ်ခြင်းနဲ့ ပတ်သတ်ပြီး မက်စေ့ခ်ျဘောက်စ်က စာပို့ထားပါတယ်။ ဆရာအဆင်ပြေလျှင် ဖြေကြားပေးစေလိုပါတယ်ရှင်။

ဝက်ခြံဆိုတာ အမျိုးမျိုးရှိတယ်။ Acne ဒါမှမဟုတ် Pimples ဆိုတာ အမွှေးပေါက်ရာအိတ် တနည်း ပြောရရင် အပေါက်မှာ အဆီနဲ့ ပျက်စီးသွားတဲ့ အရေပြား (ဆဲလ်) တွေ ပိတ်တာကနေ ဖြစ်တယ်။ ဒီလိုဖြစ်တာကို ဗက်တီးရီးယားတွေက သိပ်ကြိုက်ကြတယ်။ ဒီအကောင်တွေ ဝင်လာရင် Red bumps ခေါင်းနီ နဲ့ Pus-filled red


Acne Scars ဝက်ခြံအမာရွတ်

1. ဆရာ ဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ် ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေပျောက်အောင်ရော ဘာလုပ်ရမလဲ။
2. ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်းအသားထဲစိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်း မဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ ဖြစ်တော့မှာစိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။

‘ဆိမ့်ဝင်’ နဲ့ ‘ဆိုးလို့ပါ’ ဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေခြင်တာကို အရင်ရေးပါရစေ။ ‘စ’ လုံးနဲ့သာရေးရပါတယ်။

Acne vulgaris ဆိုးတဲ့ ဝက်ခြံ




1. ဆရာရှင့် သမီးကအသက် ၂၄ နှစ်ပါရှင့်။ လွန်ခဲ့သောနှစ်နှစ်လောက်ကဝက်ခြံပေါက်ပြီး မျက်နှာမှာ အချိုင့်တွေကျန်ခဲ့ပါတယ်။ Hiruscar လိမ်းဆေးတွေလည်း လိမ်းပါတယ်။ ပျောက်မသွားပါဘူးဆရာ။
2. ကျွန်တော်နာမည့့် ပါခင်ဗျာ။ အသက်က ၂၈ ပါ။ နေတာကတော့ ရန်ကုန့့် ပါခင်ဗျာ။ ဖုန်းနံပါတ်က့။ ကျွန်တော်မျက်နှာ ပါစပ်နုတ်ခမ်းအောက်ဝန်းကျင်မှာ ဝက်ခြံဘုများမှာ အဆက်မပျက်ပေါက်နေပါတယ်ဆရာ။ အပူငြိမ်းဆေး ပန်းဝတ်မှုံ သောက်လဲ ပေါက်တာပါပဲဆရာ။ တစ်ချိုကတော့ ရေများများသောက်လို့လဲ ပြောပါတယ်ဆရာ။ ဘာကြောင့် ဝက်ခြံဘုကြီးများပေါက်နေရပါသလဲဆရာ။ နည်းကောင်း ဆေးကောင်းလေးများ ရှိရင် ပြောပြပေးပါဆရာ။
3. ကျမက မြန်မာပြည့့် တိုင့်း့ မြို့တွင်နေထိုင်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင် မရှိသူတစ်ဦး ဖြစ်ပါသည်။ ယခင် ၁ နှစ်ခန့်က ပါးပြင် အောက်တွင် ဝက်ခြံကဲ့သို့ အသီးများတက်ပြီး မျက်နှာတပြင် လုံးနီးပါးဖြစ်ပါသည်။ မညှစ်လျှင် မထွက်ဘဲ အဆီအခဲသဖွယ် အလုံးများရှိနေပြီး ညှစ်လိုက်မှ အဆံအခဲအမာ အလုံးလေးများ ထွက်သည်။ ဆေးခန်းများတွင် ပြကြည့်သော်လည်း မသက်သာပါ။ မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဆရာမှပြောပြ ပေးပါရှင့်။

Acne vulgaris ဆိုးတဲ့ ဝက်ခြံခေါ်တယ်။ အဖြစ်များတယ်။ ခေါင်းဖြူ-ခေါင်းမဲ ဝက်ခြံမှာဖြစ်တာတွေ အကုန်ဖြစ်တယ်။ ဒါ့အပြင် အဆီပြန်မယ်။ အဖုအသီးထမယ်။ အမာရွတ်ထင်မယ်။ အရောင်ရင့်နေမယ်။

ပိုးအိအိစက်