Saturday, September 13, 2014

ရာသီအကုန်တွင် အနည်းဆုံး အဆင့် ၃ ရမှဖြစ်မည်ဟု လူးဝစ္စဗန်ဂါးလ်ပြော



ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ရှိအချိန်ထိ နိုင်ပွဲတစ်ပွဲမျှ မရသေးသော်လည်း ရာသီအကုန်တွင် အနည်းဆုံး အဆင့် ၃ အတွင်းဝင်ရောက်မှဖြစ်လိမ့်မည်ဟု မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဂါးလ်က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ရာသီက အဆင့် ၇ ဖြင့်သာ ရာသီသိမ်းခဲ့ရပြီးနောက် မန်ယူအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။

ပရီးမီးယားလိဂ်တွင် နိုင်ပွဲတစ်ပွဲရှာတွေ့ရန် ရုန်းကန်ခဲ့ရပြီးနောက် မန်ယူအသင်းသည်

အပြောင်းရွှေ့နောက်ဆုံးပိတ်ရက်တွင် မိုနာကိုမှ ဖယ်ကာအိုကလည်း ခေါ်နိုင်ခဲ့ပြီး ယခုနှစ်နွေတွင် ကစားသမားသစ် ခြောက်ဦးအထိ အသင်းသို့ရောက်လာခဲ့သည်။ ပရီးမီးယားလိဂ်အသင်းများထဲတွင် ပြောင်းရွှေ့ကြေးများအတွက် စံချိန်တင် ငွေသုံးစွဲခဲ့ပြီးနောက် လာမည့် ဇန်နဝါရီဈေးကွက်တွင် ငွေကြေးထပ်မံ သုံးစွဲတော့မည်မဟုတ်ကြောင်း အသင်းဒုဥက္ကဌ ဝုဒ်ဝက်က နည်းပြဗန်ဂါးလ်ကို သတိပေးထားသည်။

No comments:

Post a Comment