Sunday, September 14, 2014

မလေးရှားတွင် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးရာ မြန်မာတစ်ရာကျော် ဖမ်းဆီးခံရ

တရားမ၀င်နိုင်ငံခြားသားများအား ၀ိုင်းဝန်းဖမ်းဆီးထားသည်ကိုတွေ့ရစဉ်
မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့ရှိ တရားမ၀င် နိုင်ငံ ခြားသားများကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ တို့က လိုက်လံဖမ်းဆီးရာ မြန်မာ နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ ကြောင်း သတင်းရရှိသည်။
 စက်တင်ဘာ ၁၂ ရက် ည နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် ကွာလာလမ်ပူမြို့ရှိ  မြန်မာဆိုင် တန်းများ တည်ရှိရာနေရာများနှင့် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါဆိုင်များ ရှိရာ နေရာများတွင် ဖမ်းဆီးခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို မေး မြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း
မလေးရှား ရောက် မြန်မာများကဆိုသည်။

 ပတ်စ်ပို့၊ ပါမစ်အထောက် အထားရှိသူများကို ချက်ချင်းပြန် လွှတ်ပေးပြီး ယခင်က ဖမ်းဆီး ခြင်းမရှိသော  ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူများကိုပါ စစ် ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
  ‘‘ဒီနေ့ဖမ်းတာက တော် တော်ဆိုးတယ်။  တချို့ဆို ရိုက် နှက်ပြီးတော့  ဖမ်းဆီးတာတွေ ရှိ တယ်။  မြန်မာဆိုင်တွေဘက်ကို အဓိကထား ဖမ်းသွားတာ။ ထွက် ပြေးကြတော့ ပစ္စည်းတွေ၊ အိတ် တွေ ကျန်ခဲ့တာတွေ ရှိတယ်’’ ဟု ကွာလာလမ်ပူမြို့နေ ကိုနေမျိုးမင်းက ပြောသည်။
‘‘မြန်မာတွေဆိုပြီးတော့ ဖမ်း တာမဟုတ်ပါဘူး။ အကုန်ဖမ်းဆီး တာပါ။ ကျွန်တော်တို့သံရုံးက တ ရားဝင်နေထိုင်ပြီး အထောက်အ ထားရှိတဲ့သူတွေ ဖမ်းဆီးခံရရင် ချက်ချင်းလိုက်သွားပြီး ထုတ်ပေး ပါတယ်။ တရားမ၀င်တဲ့သူတွေ ဖမ်းမိလို့  မြန်မာပြောရင်လည်း သက်သေအထောက်အထား ခိုင်လုံ၊ မလုံ စစ်ဆေးပြီးမှ လုပ်ဆောင်လို့ ရမှာပါ’’ ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံအရာရှိဦးမင်းမင်းဝင်းက ပြောသည်။
 ၂၀၁၃ ခုနှစ်အတွင်းက လည်း 6P စီမံချက်ဖြင့် တရားမ ၀င်နေထိုင်သူများကို လိုက်လံဖမ်း ဆီးရာ မလေးရှားနိုင်ငံတွင် တ ရားမ၀င်နေထိုင်သော မြန်မာနိုင်ငံ သားများ ရာနှင့်ချီဖမ်းဆီးခံလိုက် ရသည်။ ထိုသို့ ဖမ်းဆီးမှုများ ကြောင့် မလေးရှားနိုင်ငံတွင် နေ ထိုင်သော မြန်မာသုံးထောင်နီးပါး မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

No comments:

Post a Comment