Saturday, September 13, 2014

အမေရိကန်ဆေးရုံတွေမှာ ပိုးသတ်ဆေး(antibiotic)တွေကို မလိုလားအပ်ပဲ အလွန်အကျွံ အသုံးပြုနေ


အမေရိကန်ဆေးရုံကြီးတွေက ဆရာဝန်တွေဟာ မလိုလားအပ်ပဲ  ပိုးသတ်ဆေး (Antibiotics) တွေကို လူနာများအား ဆေးကုသရာမှာ အသုံးပြုနေခဲ့ကြတယ်လို့ လေ့လာချက်အသစ်တစ်ခုမှ ဖော်ပြထားပါတယ်။
ပိုးသတ်ဆေး အလွန်ကျွံအသုံးပြုခြင်းမှာ ရောဂါကုသမှု အဟန့်အတားများစွာဖြစ်စေတဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားစေဖို့ အကူအညီဖြစ်စေတယ်လို့ ကျန်းမာရေးဆိုင်ရာအရာရှိတွေက
သတိပေးထားပါတယ်။ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပေါ်တဲ့ ဖျားနာမှုတွေ၊ ဘက်တီးရီးယားပိုးပစ်မှတ်ထား ပိုးသတ်ဆေးတွေကို လွဲမှားစွာ အသုံးပြုကုသနေကြောင်း ကျန်းမာရေးဆိုင်ရာအရာရှိဆရာဝန်များက အထူးစိုက်သတိပြုနေကြပါတယ်။
ဆရာဝန်တွေအနေနဲ့ ပိုးသတ်ဆေး တစ်မျိုးထက်ပို သုံးတဲ့အခါ ဖြစ်တတ်တဲ့ အကျိုးဆက်အသီးသီးကို အဲဒီလေ့လာချက်အသစ်က အာရုံစိုက်လေ့လာနေတာဖြစ်တယ်။
အဖျားတက်ပြီး အခြေအနေ မဟန်တော့လို့ ဆးရုံကို လာရောက်တဲ့ လူနာတွေကို စစ်ဆေးကုသပေးတဲ့ ဆရာဝန်တွေက အရင်ဦးဆုံး antibiotic နှစ်မျိုးရောတိုက်ပါလိမ့်မယ်။ ဘာအတွက်ပေးတယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာမသိပေမဲ့ ဒီလိုမျိုး ကုပေးလိုက်တယ်။ အနည်းဆုံးတော့ အဲဒီဆေးနှစ်မျိုးထဲက တစ်မျိုးမျိုးက အထောက်အပံ့ဖြစ်စေမယ်ဆိုတဲ့ အကြံနဲ့ပေါ့လို့ Dr. Barry Fox က ရှင်းပြခဲ့ပါတယ်။
စမ်းသပ်မှုပြုလုပ်ပြီး ရောဂါသိလိုက်ပြီဆိုတာနဲ့ ဆရာဝန်တွေက ဒုတိယအကြိမ် ပိုးသတ်ဆေး ထပ်ထိုးပေးရပြန်တယ်လို့ Fox news နဲ့ တခြားကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
ဒါပေမဲ့ ဆေးရုံ  ၅၀၀ ထဲက သုံးပုံတစ်ပုံမှာ နှစ်ရက်ကြာပြီးတဲ့အချိန်မှာ ပိုးသတ်ဆေး ထိုးဆေး တစ်ကြိမ်ထက်မက ထိုးပေးနေသေးတယ်လို့ လေ့လာချက်အရ သိရှိရပါတယ်။ သုတေသနပြုသူတွေက ၂၀၀၈ မှ ၂၀၁၁ ထိ တောက်လျောက် ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်တယ်။
မရှိမဖြစ် မဟုတ်တဲ့ ပိုးသတ်ဆေး အသုံးပြုတာဟာ ဆေးကုသမှုအတွက် ကုန်ကျစရိတ်မြင့်တက်စေနိုင်ပြီး ဝမ်းကိုက်၊ဝမ်းလျောရောဂါလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင့်တက်စေနိုင်တယ်လို့ဆိုပါတယ်။
Source: yahoo

No comments:

Post a Comment