Friday, September 12, 2014

ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကြိုအထောက်အကူပြုအချက်အလက်များ

Written by 

man-utd-qpr
မန်ယူ - ကျူပီအာ
မန်ယူအသင်းသည် ကျူပီအာအသင်းနှင့် ပရီးမီးယားလိဂ်တွင် ၁၂ ကြိမ် တွေ့ဆုံထားရာ၌တစ်ကြိမ်မှ မရှုံးနိမ့်ထားဘဲ ၁၀ ကြိမ်အထိ အနိုင်ရ ရှိထားသည်။
Man-Utd-vs-QPR-Live-online-stream-saturay
ကျူပီအာအသင်းသည် ၁၉၉၂ ခုနှစ်က မန်ယူအသင်းနှင့် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ရစဉ်ကတည်းက တစ်ပွဲမှဂိုး မပေးရအောင်
စွမ်းဆောင်ထားနိုင်ခြင်းမရှိပေ။
ကျူပီအာအသင်းသည် မန်ယူအသင်း၏ အိမ်ကွင်းတွင် လာရောက်ကစားဖူးသည့် အဝေးကွင်း၂၁ပွဲ၌ တစ်ပွဲသာ အနိုင်ရရှိထားပြီး ၁၉၉၂ ခု နှစ် ဇန်န၀ါရီလက ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ရာသီအစသုံးပွဲတွင် ရမှတ် ၂ မှတ်သာရရှိထားပြီး ၂၀၀၇-၀၈ရာသီပြီးနောက်
အဆိုးရွားဆုံးရာသီအစကို ပိုင်ဆိုင်ထား သည်။ သို့သော် ထိုရာသီကမန်ယူအသင်းသည် လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားရရှိခဲ့သည်။
မန်ယူအသင်းတိုက်စစ်မှူးသစ်ဖယ်လ်ကာအိုသည် ၂၀၀၉-၁၀ ရာသီမှစတင်ကာ ပေါ်တို၊အက်သလက်တီကိုနှင့် မိုနာကိုအသင်းတို့၌ လိဂ်ပွဲ ၁၃၉ ပွဲတွင် ၁၀၄ ဂိုးထိ
သွင်းယူနိုင်ခဲ့သည်။
လီဗာပူးလ် - ဗီလာ
ဗီလာအသင်းနှင့် ပရီးမီးယားလိဂ်တွင် ရင်ဆိုင်ရတိုင်း လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဂျရတ်သည် ဂိုးမြူးတတ်ပြီး စုစုပေါင်း ၁၂ ဂိုး အထိသွင်းယူ ထားနိုင်သည်။
ဗီလာအသင်းနည်းပြပေါလမ်းဘတ်သည် နည်းပြဘ၀ဖြင့် လီဗာပူးလ်အသင်း၏အိမ်ကွင်းအန်ဖီးလ်တွင် ရှုံးပွဲမရှိ ကိုင်တွယ်ထားနိုင်ပြီး နောရစ် ခ်ျအသင်းနှင့်တစ်ပွဲ သရေ၊ ဗီလာအသင်းနှင့် တစ်ပွဲသရေ၊ တစ်ပွဲနိုင်ရလဒ်ရရှိထားသည်။
လီဗာပူးလ်အသင်းတိုက်စစ်မှူးသစ်ဘာလော့တယ်လီသည် ပရီးမီးယားလိဂ်တွင်ဗီလာအသင်းဖက်သို့ လေးဂိုးအထိ သွင်းယူထားပြီး ၎င်း၏ ပရီးမီးယားလိဂ် ကစား သမားဘ၀တစ်ကြိမ်တည်းသောဟက်ထရစ်ဂိုးကို ၂၀၁၀ ခုနှစ်က ကစားခဲ့သော ဗီလာအသင်းနှင့်ပွဲတွင်ရရှိထားသည်။
စပါးကို အနိုင်ရခဲ့သော ပွဲစဉ်တွင် လီဗာပူးလ်အသင်းပွဲထွက်လူစာရင်း၏ပျမ်းမျှအသက်မှာ ၂၄ နှစ် ၂၁၁ ရက်ရှိပြီး ယခုနှစ်ရာသီတွင် ပရီးမီး ယားလိဂ်၏အသက်အ ငယ်ဆုံးပွဲထွက်လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၁၄ ခုနှစ်အတွင်း ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များမှရမှတ်စုစုပေါင်း ၅၄ မှတ်ထိရရှိခဲ့ပြီး အခြား အသင်းများ ထက်သုံးမှတ်ပိုရ ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဘရွန်း - အဲဗာတန်
၂၀၀၅ ခုနှစ် နိုဝင်ဘာလက အဲဗာတန်ကို အိမ်ကွင်းတွင် ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့ခြင်းမှာ ၀က်စ်ဘရွန်းအသင်းအတွက် အကြီးကျယ်ဆုံးလိဂ်နိုင်ပွဲတစ်ပွဲဖြစ်သည်။
အဲဗာတန်အသင်းသည် ၀က်စ်ဘရွန်းအသင်း၏ အိမ်ကွင်းတွင် လာရောက်ကစားခဲ့သည့်နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲတွင် တစ်ပွဲသာ ဂိုးမပေးရအောင်
စွမ်းဆောင်နိုင်ခဲ့သည်။
အဲဗာတန်အသင်းသည် ရာသီအစသုံးပွဲတွင် ၁၀ ဂိုးထိ ခွင့်ပြုထားရပြီးပွဲစဉ်သုံးအပြီး၌ ဂိုးအများဆုံးခွင့်ပြုရသည့်အသင်းအဖြစ် ၂၀၁၁-၁၂ ရာ သီကအာဆင်နယ် အသင်း၏ ရလဒ်နှင့်တူညီသွားခဲ့သည်။
အဲဗာတန်တိုက်စစ်မှူးနေးစမစ်သည် ယခုနှစ်ရာသီတွင် ဂိုးပေါက်တည့်အောင်သုံးကြိမ်သာကန်သွင်းထားနိုင်သော်လည်း သုံးကြိမ်လုံးဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
ဝက်စ်ဘရွန်းအသင်းတိုက်စစ်မှူးသစ်ဆာမာရက်စ်သည် မန်စီးတီးအသင်းတွင်ကစားခဲ့စဉ်ကနောက်ဆုံးသွင်းယူခဲ့သော လိဂ်ဂိုးနှစ်ဂိုးမှာ အဲဗာ တန်အသင်းဖက်သို့
သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆောက်သမ်တန်-နယူးကာဆယ်
-ဆောက်သမ်တန်သည် နယူးကာဆယ်နှင့် အိမ်ကွင်းတွင်ကစားခဲ့သော ပရီးမီးယားလိဂ်၁၄ ပွဲတွင် ၁၀ ပွဲအနိုင်ရထားပြီး နယူးကာဆယ်က တစ်ပွဲသာအနိုင်ရကာ
သုံးပွဲသရေကျထားသည်။
-နယူးကာဆယ်သည်ဆောက်သမ်တန်နှင့်နောက်ဆုံးတွေ့ဆုံသည့် ပရီးမီးယားလိဂ် ၁၄ပွဲတွင် ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိသည်။
-ဆောက်သမ်တန်အသင်းသည် ၁၉၆၉ နောက်ပိုင်း နယူးကာဆယ်နှင့်ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ၂၄ ပွဲတွင် ပွဲတိုင်းဂိုးသွင်းထားနိုင်သည်။
-နယူးကာဆယ်သည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံးကိုးပွဲတွင်ဂိုးမသွင်းနိုင်သည့်ပွဲ ခုနစ်ပွဲအထိရှိသည်။
-နယူးကာဆယ်အသင်းသည် နောက်ဆုံး ၁၁ ပွဲတွင် ငါးမှတ်သာရအောင်ယူထားနိုင်သည်။
စတုခ်စီးတီး-လက်စတာ
-စတုခ်စီးတီးအသင်းသည် လက်စတာနှင့်ကစားသောပြိုင်ပွဲစုံနောက်ဆုံးငါးပွဲဆက်ရှုံးပွဲမရှိဘဲ လေးပွဲနိုင် တစ်ပွဲသရေကျထားသည်။
-စတုခ်နှင့် လက်စတာတို့နောက်ဆုံးတွေ့သည့် ၁၀ ကြိမ်တွင်အဝေးကွင်းကစားရသောအသင်းက အနိုင်ရလေ့မရှိဘဲအိမ်ရှင်အသင်း ကခြောက်ကြိမ်နိုင်ပြီး လေး ကြိမ်သရေကျထားသည်။
-လက်စတာစီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် ၁၁ ပွဲဆက်ဂိုးပးထားရရာ ယင်းမှာအခြားအသင်းများထက် အရှည်ကြာဆုံးစံချိန်ဖြစ် သည်။
-ပြီးခဲ့သည့်ရာသီအစကတည်းက စတုခ်ကွင်းတွင် ချယ်လ်ဆီး (နှစ်ဂိုး)၊လီဗာပူးလ် (ငါးဂိုး)မှလွဲ၍ ကျန်အသင်းများ တစ်ဂိုးထက်ပိုသွင်းနိုင်ခြင်းမရှိသေးပေ။
-ချယ်လ်ဆီးကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခြင်းမှာ လက်စတာအတွက်ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း အဝေးကွင်းပထဆုံးရှုံးပွဲဖြစ်သည်။
ဆန်းဒါးလန်း-စပါး
-ဆန်းဒါးလန်းအသင်းသည် ပြီးခဲ့သည့်ရာသီက နှစ်ကျော့စလုံးစပါးကိုဦးဆောင်ဂိုးသွင်းနိုင်ခဲ့သော်လည်း နှစ်ပွဲလုံးရှုံးနိမ့်ခဲ့သည်။
-စပါးအသင်းသည် ဆန်းဒါးလန်းနှင့်နောက်ဆုံးတွေ့ဆုံသည့် ပရီးမီးယားလိဂ်ရှစ်ပွဲဆက်ရှုံးပွဲမရှိဘဲ ခြောက်ပွဲနိုင် နှစ်ပွဲသရေကျထားသည်။
-ဆန်းဒါးလန်းကို အဝေးကွင်းတွင်အနိုင်ရသည့် နောက်ဆုံးလေးကြိမ်စလုံးတွင်စပါးက ၁-၂ ဂိုးဖြင့်အနိုင်ရခြင်းဖြစ်သည်။
-ဆန်းဒါးလန်းအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး ၁၄ ပွဲတွင်တစ်ပွဲသာအနိုင်ရပြီး လေးပွဲသရေ၊ ခုနစ်ပွဲရှုံးထားသည်။
-လက်ရှိရာသီတွင် စပါးကစားသမား လာမယ်လာသည် ပြစ်ဒဏ် ၁၀ကြိမ်ကျူးလွန်ထားပြီး ယင်းမှာ အခြားကစားသမားများထက် ပိုများသောအရေအတွက်ဖြစ် သည်။
ပရီးမီးယားလိဂ် ပွဲစဉ် (၄)ကို လာမယ့် စက်တင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိကစားကြမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေမှာတော့အာဆင်နယ်နဲ့မန် စီးတီးတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှု၊ အမှတ်ပေးဇယားကိုဦးဆောင်နေကြတဲ့ ချယ်လ်ဆီးနဲ့ ဆွမ်ဆီးတို့ရဲ့တွေ့ဆုံမှုတွေပါဝင်နေလို့စိတ်ဝင်စားဖွယ် ရာကောင်းနေပါ တယ်။ ကမ္ဘာကျော်တွေကိုခေါ်ယူထားတဲ့မန်ယူအသင်းအနေနဲ့လည်း ပထမဆုံးနိုင်ပွဲရယူနိုင်မလားဆိုတာကို အားလုံးကစောင့်ကြည့်နေကြပါတယ်။ ပွဲစဉ် ၁၀ ပွဲစ လုံးကအသင်းတွေရဲ့အချက်အလက်အချို့ကို ပရိသတ်တွေအတွက် အထောက်အကူဖြစ်စေဖို့ဖော်ပြပေးလိုက်ပါတယ်။
အာဆင်နယ် - မန်စီးတီး
-အာဆင်နယ်အသင်းသည် မန်စီးတီးနှင့် တွေ့ဆုံခဲ့သည့် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲတွင် ၁၈ ပွဲအထိအနိုင်ရခဲ့ဖူး သော်လည်းနောက်ဆုံးတွေ့ဆုံခဲ့ သည့် ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၃ ပွဲသာနိုင်ခဲ့သည်။၎ ပွဲသရေကျပြီး ၅ ပွဲရှုံးခဲ့သည်။
-မန်စီးတီးအသင်းသည် အာဆင်နယ်ကွင်းတွင် သွားရောက်ကစားခဲ့သည့်ပရီးမီးယားလိဂ်အဝေးကွင်း ပွဲစဉ် ၁၇ ပွဲတွင် ၁ ပွဲသာ နိုင်ခဲ့သည်။ ၂၀၁၃ဇန်န၀ါရီ က ၂-၀ ဂိုးဖြင့် နိုင်ခဲ့ခြင်းဖြစ်သည်။
-စက်တင်ဘာလအတွင်းကစားသော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အာဆင်နယ်အသင်းသည်အခြားအသင်းများထက် နိုင်ပွဲပိုမိုရရှိထားသည်။၄၈ပွဲအထိနိုင်ထားပြီး
ပျမ်းမျှရမှတ် ၂.၀၂ မှတ်ရထားသည်။
-မန်စီးတီးတိုက်စစ်မှူးအဂွီရိုသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ရှစ်ဂိုးသွင်းထားသည်။
-မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အောက်တိုဘာလကတည်းကပရီးမီးယားလိဂ်တွင် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။
ချယ်လ်ဆီး - ဆွမ်ဆီး
-ချယ်လ်ဆီးအသင်းသည်စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းတွင်ဆွမ်ဆီးအသင်းကိုဧည့်ခံကစားခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကိုအနိုင်ရထားသည်။၎င်းတို့နှစ်သင်း   ခြောက်ကြိမ်တွေ့ဆုံခဲ့ရာတွင် ချယ်လ်ဆီးက လေးပွဲနိုင်ပြီးနှစ်ပွဲ သရေကျထားသည်။
-ဆွမ်ဆီးအသင်းသည် ၂၀၁၃ ဇန်န၀ါရီက ကက်ပီတယ်ဝမ်းပြိုင်ပွဲတွင်ချယ်လ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ဖူးသည်။
-လက်ရှိတွင် ၎င်းတို့နှစ်သင်းစလုံးသည်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးပွဲစလုံးကို အနိုင်ရထားကြသည်။
-ချယ်လ်ဆီးတိုက်စစ်မှူးသစ်ဒီယေဂိုကော်စတာသည် အဖွင့်ပွဲစဉ်သုံးပွဲတွင်လေးဂိုးသွင်းယူထားသည်။ တိုက်စစ်မှူးဟောင်းတောရက်စ်သည် ချယ်လ်ဆီးတွင် ၃၉
ပွဲကစားပြီးမှ လေးဂိုးသွင်းနိုင်ခဲ့သည်။
-အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်း နှစ်သင်းစောစီးစွာတွေ့ဆုံမှုသည်ပရီးမီးယားလိဂ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ၂၀၀၅ ခုနှစ်က သြဂုတ်လက
ချယ်လ်ဆီးအသင်းသည် ဒုတိယနေရာမှ စပါးအသင်းကို ၂-၀ ဂိုးဖြင့် နိုင်ခဲ့သည်။
ခရစ္စတယ်ပဲလေ့စ် - ဘန်လေ
-ပဲလေ့စ်အသင်းသည် အမှတ်ပေးပြိုင်ပွဲများ၌ ဘန်လေအသင်းကို၎င်းတို့၏အိမ်ကွင်းတွင် ကိုးကြိမ်လက်ခံကစားခဲ့ရာ တစ်ကြိမ်မှရှုံးနိမ့်ခဲ့ခြင်းမရှိပေ။ လေးပွဲနိုင်ပြီး ငါးပွဲသရေကျခဲ့သည်။
-ဘန်လေအသင်းသည်အဆင့်မြင့်ပြိုင်ပွဲများတွင်ပဲလေ့အသင်းနှင့်နောက်ဆုံးတွေ့ဆုံခဲ့သည့် ပွဲစဉ်လေးပွဲစလုံးကိုအနိုင်ရခဲ့သည်။သို့သော်၎င်းတို့နှစ်သင်းအဆင့်မြင့် ပြိုင်ပွဲများတွင် မတွေ့ဆုံသည်မှာ ၁၉၇၀-၇၁ခုနှစ်ကတည်းက ဖြစ်သည်။
-ပဲလေ့စ်အသင်းသည် နောက်ဆုံးအမှတ်ပေးပြိုင်ပွဲခြောက်ပွဲတွင် နှစ်ဂိုးသာပေးထားရသည်။
-ပဲလေ့စ်တောင်ပံတိုက်စစ်ကစားသမားဇာဟာသည်ဘန်လေနှင့်နောက်ဆုံးတွေ့ဆုံခဲ့သည့် သုံးပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ကြိမ် ထုတ်ပယ်ခံခဲ့ရသည်။
-ပဲလေ့စ်အသင်းသည် စက်တင်ဘာလအတွင်း ၎င်းတို့၏အိမ်ကွင်းတွင် ကစားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်များတွင် မည်သည့်အခါကမှ အနိုင်မရခဲ့ဖူးပေ။
သုံးပွဲသရေကျပြီး ငါးပွဲရှုံးထားသည်။
ဟားလ်စီးတီး - ၀က်စ်ဟမ်း
-ဟားလ်စီးတီးအသင်းသည်ဝက်စ်ဟမ်းအသင်းနှင့်တွေ့ဆုံခဲ့သည့်နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲတွင်သုံးပွဲမှာကစားသမားတစ်ယောက်ထုတ်ပယ်ခံခဲ့ရ သည်။
-၀က်စ်ဟမ်းအသင်းသည် ဟားလ်စီးတီးနှင့်တွေ့ဆုံခဲ့သည့်နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲတွင် လေးပွဲနိုင်ပြီးတစ်ပွဲသာရှုံးခဲ့သည်။
-ဟားလ်စီးတီးအသင်းသည် ကစားပြီးခဲ့သည့် ပွဲစဉ်သုံးပွဲတွင်ဂိုးကန်သွင်းချက် ၁၈ ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပြီး အခြားအသင်းများထက်ဂိုးကန်သွင်းချက်အနည်းဆုံး အသင်းအဖြစ်ရပ်တည်နေသည်။
-၀က်စ်ဟမ်းတိုက်စစ်မှူးကာတန်ကိုးလ်သည် ဟားလ်စီးတီးနှင့်နောက်ဆုံးတွေ့ဆုံခဲ့သည့် ငါးပွဲတွင် လေးဂိုးသွင်းယူထားသည်။
-၀က်စ်ဟမ်းအသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲတွင်တစ်ပွဲမှ သရေနှင့် ပြီးဆုံးခဲ့ခြင်းမရှိပေ။ ရှစ်ပွဲနိုင်ပြီးဆယ်ပွဲရှုံးခဲ့သည်။

No comments:

Post a Comment