Tuesday, September 16, 2014

Panasonic က ဈေးနှုန်းမြင့်မားသည့် Android အသုံးပြု စမက်ကင်မရာ CM1 ကို မိတ်ဆက်




Panasonic ကုမ္ပဏီအနေနဲ့ သူရဲ့ ပထမဆုံး Android OS အသုံပြုသည့် စမက်ကင်မရာဖြစ်သည့် Lumix Smart Camera CM1 ကို မိတ်ဆက်ခဲ့ပါတယ်။
တိုကျိုမှာ ကျင်ပခဲ့သည့် Photokina 2014 ပွဲတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စမက်ကင်မရာ ဘယ်လောက်ကောင်းတယ်ဆိုတာကတော့ သင့်အနေ နဲ့ စမက်ဖုန်းတစ်လုံးကို ကင်မရာကောင်းကောင်းနဲ့ လိုချင်လဲဆိုတဲ့ အပေါ်မူတည်ပါ လိမ့်မယ်။ ယခု စမက်ကင်မရာဟာ Samsung ရှဲု့ Galaxy K Zoom နဲ့ ပြိုင်ဘက်ဖြစ်လာ ဖွယ်ရှိနေပါတယ်။
အဆိုပါ ကင်မရာဟာ Android OS အပေါ်မှာ အလုပ်လုပ်ထားသလို သင့်တင့်တဲ့ hardware ပိုင်း ပစ္စည်းများကိုလည်း အသုံးပြုထားပါတယ်။ Panasonic ဟာ သူရဲ့ စမက်ကင်မရာကို မျက်နှာပြင် ၁ လက်မရှိတဲ့ Sensor ပေါ်မှာ တပ်ဆင်ထားပြီး အဆင့်မြင့်ဆုံး တစ်လက်ကိုင် ကင်မရာလေး တစ်လုံးဖြစ်

ပါတယ်။ Lumix Smart Camera CM1 လို့ အမည်ပေးထားတဲ့ ဒီကင်မရာလေး ဟာ 20 MP ကင်မရာပါရှိပြီး f/2.8 ရိုက်နိုင်တဲ့ Leica lens ကို အသုံးပြုထားပါ တယ်။ ထိုအပြင် 4K အဆင့်မြင့် ဗီဒီယိုတွေကို 15fps ဖြင့် ရိုက်ကူးနိုင်ပြီး 1080p ဗီဒီယိုတွေကိုတော့ 30fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။
Qualcomm Snapdragon 801 ချပ်စ်ကို အသုံးပြုထားပြီး မြန်နှုန်း 2.3 GHz quad-core CPU ကို တပ်ဆင်ထားပါတယ်။ အခြား စမက်ဖုန်းတစ်လုံးမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေအားလုံးနီးပါးကိုလည်း လုပ်ဆောင်နိုင်တဲ့ Features တွေ ထည့်သွင်းထားပါတယ်။ ထိုအပြင် $G LTE စနစ်ကိုပါ ထောက်ပံ့ပေးထားပါတယ်။
ဒါပေမယ့် ဒီစမက်ကင်မရာဟာ ဈေးကွက်ကြီးကြီးမားမား ထိုးဖောက်နိုင် မှာတော့ မဟုတ်ပါဘူး။ လာမည့် နိုဝင်ဘာလ မှာတော့ ပြင်သစ်နှင့် ဂျာမနီ တို့မှာ ယူရိုငွေ 899 (ဒေါ်လာ ၁၁၆၃ ဒေါ်လာခန့်) ဖြင့် ရောင်းချမှာဖြစ်ပါတယ်။ အခြားဈေးကွက်မှာ ဘယ်လိုရောင်းချမယ် ဆိုတာကိုတော့ ကြေညာထားခြင်း မရှိပါဘူး။

Ref : GSMARENA

No comments:

Post a Comment