Sunday, September 14, 2014

နိုင်ငံရေးပါတီအားလုံးကိုယ်စားပြု မူဘောင်ချမှတ်ရေးဆွေးနွေးပွဲသို့ ဒီချုပ်နှင့် UNA မတက်ရောက်

မြန်မာနိုင်ငံရေးပါတီများ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး (Political Dialogue) ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ (ဓာတ်ပုံ - Nationalities Brotherhood Federation)
 နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြမည့် နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုသော မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး အတွက် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့
တက်ရောက်ခြင်းမရှိကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားပြုသည့် မူဘောင်တစ်ရပ် ချမှတ်နိုင်ရေးဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၁၀ ပါတီခန့်ဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA)နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီကျော်ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)တို့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တက်ရောက်ခဲ့ခြင်းမရှိသည်ကို အင်န်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အတည်ပြုပေးသော်လည်း မည်သည့်အတွက်ကြောင့် တက် ရောက်ခြင်းမပြုသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ နှစ်ရက်ကြာကျင်းပ မည့် နိုင်ငံရေးပါတီများဆွေးနွေး ပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် မဟာမိတ်ဖွဲ့ထား သည့်ညီညွတ်သော တိုင်းရင်း သား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)လည်း တက်ရောက်ခဲ့ ခြင်းမရှိပေ။
‘‘ကျွန်တော်တို့လည်း နိုင်ငံ ရေးပါတီတွေဘက်က တင်ပြနိုင် မယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တစ်ရပ်ကို ရေးနေတယ်’’ဟု UNA အဖွဲ့ဝင်ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောသည်။
စက်တင်ဘာ ၃ ရက်က နိုင်ငံရေးဆွေးနွေးပွဲအတွက် ပါတီ များကို ကိုယ်စားပြုသည့် မူဘောင်ချမှတ်နိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)တို့အပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်တို့ တွေ့ဆုံဆွေးနွေးရာတွင်လည်းညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တက်ရောက်ခဲ့ခြင်းမရှိပေ။
နိုင်ငံရေးပါတီများအားလုံး ကို ကိုယ်စားပြုနိုင်သည့် မူဘောင် ချမှတ်နိုင်ရေး ဆွေးနွေးတွေ့ဆုံပွဲ ကို ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ ၆၇ ပါတီ အနက် ၅၆ ပါတီတက်ရောက်ခဲ့ကြ သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း က ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးလုပ် ငန်းဗဟိုဌာန (MPC)တွင် နိုင်ငံ ရေးပါတီ ၆၆ ပါတီနှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီများ ဘက်ကထုတ်ပြန်သည့် ကြေညာ ချက်နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် UNA တို့က ကြေညာချက်ကို သဘောမကျ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ကြသည်။
အဆိုပါကြေညာချက်တွင် အပစ်ရပ်စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် တောင်းဆို ထားသည့်အချက်ပါဝင်နေခြင်း သည် အကျေအလည်သဘောတူ ညီမှုမရသေးဘဲ၊ မခိုင်မာသေးဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းသည့်သဘော သက်ရောက်နိုင်သည်ဟု ထင်မြင် ကြောင်း UNA အဖွဲ့က ပြော ကြားခဲ့သည်။

No comments:

Post a Comment