Friday, September 12, 2014

ပယ်လီဂရီနီလက်အောက်မှ မန်စီးတီးလူငယ်ကစားသမားများအတွက် ရစ်ချတ်စိုးရိမ်

Written by  ဝေဘုန်းလူ

ဖီအိုရင်တီနားသို့အငှားသွားရောက်ကစားနေသော မီကာရစ်ချက်က မန်စီးတီးနည်းပြပယ်လီဂရီနီသည် ၎င်းအားအခွင့်အရေးလုံးဝမပေးခဲ့ ကြောင်းနှင့်ယင်းနည်းပြ လက်အောက်တွင် မန်စီးတီးလူငယ်ကစားသမားများအတွက်စိုးရိမ်မိကြောင်း ပြောသည်။
1410446649771 wps 2 epa04395681 New player of
မီကာရစ်ချတ်သည် အင်္ဂလန်နောက်တန်းတွင်ဂယ်ရီနဗီးလ်နေရာဆက်ခံမည့်သူဟုသတ်မှတ်ခံခဲ့ရသော်လည်းဒဏ်ရာပြဿနာများကြောင့် ထင်ထားသည်ကဲ့သို့ ဖြစ် လာခဲ့ခြင်းမရှိသူဖြစ်သည်။ မန်စီးတီးအသင်းတွင်လည်း ညာနောက်ခံနေရာတွင်ပါဘလိုဇာဘလက်တာရှိနေသော ကြောင့် နေရာပျောက်ဆုံးခဲ့ရသည်။
ပြီးခဲ့သည့်ရာသီကအသင်းသို့နည်းပြပယ်လီဂရီနီရောက်လာပြီးနောက်ရစ်ချတ်သည်ပွဲထွက်ကစားခွင့်လွန်စွာ
နည်းပါးခဲ့ရသဖြင့်ယခုနှစ်နွေရာသီအပြောင်းအ ရွှေ့ ကာလတွင်ဖီအိုရင် တီးနားသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ သည်။
၁၂ နှစ်ကြာကစားခဲ့သော မန်စီးတီးအသင်းနှင့်ပတ်သက်၍ ရစ်ချတ်ကပထမဆုံးအကြိမ်အဖြစ်ပြောကြားရာတွင် "ကလပ်အသင်းအပေါ်မှာအဆိုးမြင်တဲ့ခံစား ချက် နည်းနည်းမှမရှိပါဘူး။ ကျွန်တော့်အသက် ၁၇နှစ်အရွယ်ကတည်းကစတင်ပြီး အသင်းက အခွင့်အရေး ပေးခဲ့တာ ပါ။ဒါပေမဲ့ကျွန်တော်ကစားရတဲ့ပွဲ အရေအတွက် အပေါ်မှာတော့ ခံစားချက်သိပ်မကောင်းပါဘူး။ပွဲမကစားရတဲ့ ဘယ်ကစားသမားမျိုးမဆို ဒီလိုစိတ်ခံစားချက်မျိုးရှိကြပါတယ်။
မန်စီနီရှိတုန်း ကတော့ အစွန်နောက် ခံလူတွေကို အလှည့်ကျက စားစေပါတယ်။ ၂၀၁၂မှာကျွန်တော်တို့ ဖလားရတုန်း ကဇာဘလတ်တာ ထက်ပိုပြီးကျွန်တော် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်ပယ်လီဂရီနီလက်ထက်မှာတော့ကျွန်တော်ပွဲကစားခွင့်ပိုရတော့မယ်လို့ထင်ခဲ့ပါတယ်။
ကျွန်တော့်ခြေစွမ်းတိုးတက်လာပြီလို့ ခံစားခဲ့ရတာပါ။မင်းရဲ့ခြေစွမ်းကောင်းပါတယ်။ အခွင့်ရေးရလာမှာပါလို့သူအမြဲပြောပေမဲ့ဖြစ်မလာခဲ့ပါ ဘူး။ ဒါကြောင့် ပွဲထွက် ကစားခွင့်ရမဲ့အသင်းမျိုးထံပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ အသင်းမှာရှိတဲ့ လူငယ်တွေလည်းအခွင့်အရေးမ ရကြမှာကို စိုးရိမ်မိပါတယ်"ဟု ဆိုသည်။
အင်္ဂလန်လက်ရွေးစင်အသင်းတွင်နေရာပြန်ရရေးအတွက်လည်းခြေစွမ်းပြနိုင်အောင်ကြိုးစားကစားသွားမည်ဟုရစ်ချတ်က်ပြောကြားခဲ့သည်။
ရည်ညွှန်း  ဒေးလီးမေးလ်

No comments:

Post a Comment