Tuesday, September 16, 2014

Office Word 2010 နဲ့ သေသပ်လှပသော Ebook ပြုလုပ်လိုသူများအတွက်




Guide Line Only (not learning)

Microsoft Office Word 2010 အခြေခံလေးတော့ သိထားရင်အကောင်းဆုံးပါ။

1. Microsoft Office Word 2010 ကိုဖွင့်ပါ။ Run box မှလဲဖွင့်နိုင်ပါတယ်။ Windows key + R တွဲနှိပ်ပြီး winword ကိုရိုက်ပြီး Enter နှိပ်ပါ။ Blank Document ကို ရွေးပါ။

2. စာရွက်အနေအထားပြင်ပါ။
Page Layout >> Custom Margin >> Paper (A4), Margins (T - 1, B -1, L - 1.25, R - 0.75) စာအုပ်ပုံအနေအထားပါ။ (ရှင်းလင်းချက် T=Top, B=Bottom, L=Left, R=Right စာရွက်ပတ်ပတ်လည်

အနေအထား ပြင်ဆင်တာပါ၊)

3. စာမရိုက်ခင် format ချရန်
Font ကို Zawgyi one ရွေးပါ။ Font Size ကို 10 or 11 ရွေးပါ။

4. စာရိုက်ရန်။

5. ပုံထည့်နည်း။
Insert >> Pictures ကိုအဆင့်ဆင့် နှိပ်ပါ။ မိမိသိမ်းထားသော ပုံကို ရွေးပြီး insert ကိုနှိပ်ပါ။ ပုံအား ချို့လို ချဲ့လိုလျှင် ပုံ၏ညာထောင့်တွင် cusor(mouse) ကိုရွေ့ပါ။ မျှားပုံပေါ်လာလျှင် shift key ကိုနှိပ်ပြီး ချုံ့/ချဲ့ ပြုလုပ်ပါ။

6. ရိုက်ထားသော စာများအား format ချရန်။

Format ချနည်း
- ခေါင်းစဉ် ရိုက်ပြီး စာကိုယ်ထက် ခေါင်းစဉ်အား size ကို ကြီးပေးရန်၊ (ခေါင်းစဉ်ကို select လုပ်ပါ။ Font Size တွင် သင့်တော်သလိုရွေးပါ။ ဥပမာ (24)

- ခေါင်းစဉ်အား အရောင် ထည့်လိုလျှင် select လုပ်ပြီး A သင်္ကေတပုံ Font Color တွင် တြိဂံပုံ down arrow လေးအားနှိပ်ပြီး အရောင်ရွေးပါ။ ဒါမှမဟုတ် design ထည့်ချင်လျှင် select လုပ်ပြီး A ပုံ Text Effect & Typography ကို ဘေးရှိ down arrow ကိုနှိပ်ပြီး နှစ်သက်ရာရွေးပါ။

7. စာရွက် အပေါ် (သို့)အောက်ဘက်တွင် မိမိ ဘလော့နာမည်ထည့်ရန် နှင့် စာမျက်နှာ နံပါတ်တပ်ရန်

Insert >> Header (အပေါ်ခေါင်းစီးတပ်ရန်)
Insert >> Footer (အောက်တွင်စာရေးရန်)
Insert >> Page Number

8. PDF file ပြောင်းရန်
File >> Save (or) Ctrl + S တွဲနှိပ်ပြီး box ပေါ်လာလျှင် Save in နေရာရွေးပါ။ File name ကို pdf file ၏ အကြောင်းအရာကိုပေးပါ။ File type တွင် pdf ကို ရွေးပြီး Save ကို နှိပ်ပေးပါ။

မှတ်ချက် ။ ။ ebook ကောင်းတစ်အုပ်ဖြစ်ရန် တတ်နိုင်သမျှ အသုံးမ၀င်သော စကားပြောများကို ရှောင်ပါ။ စာလုံးပေါင်း သတ်ပုံ မှန်ကန်ပါစေ။

မိမိဥာဏ်ကို အသုံးချပြီး ဒီထက်လှပသော စာအုပ်လေးများကို ဖန်တီးနိုင်ကြပါစေ

အချို့ အသေးစိတ် မရေးထားသည်များကို microsoft office word 2010 စာအုပ်တွေ လေ့လာစေချင်ပါတယ်။ မမိုး guide line ပဲချပေးတာပါ။ စာအုပ်ကိုလဲ တင်ပေးပါ့မယ်။

အားလုံး အဆင်ပြေကြပါစေ
မိုး(နည်းပညာများ)

No comments:

Post a Comment